လမ်းကူးလာတဲ့စုံတွဲ ကားတိုက်ခံရမှာစိုးလို့ကားချင်းပြန်တိုက်ပေးတယ်ဆိုတဲ့ဗီဒီယိုဖိုင်
လောကကြီးမှာ ကိုယ့်အကျိုးကိုစွန့်ပြီး သူတစ်ပါးအကျိုးကိုဆောင်ခဲ့သူတွေအများကြီးပါပဲ။ အခုလည်း Buzz Feed မှာ ဗီဒီယိုတစ်ခုတက်နေခဲ့ပါတယ်။ အဲဒါကတော့ ကားချင်းကားချင်းတိုက်တဲ့ဗီဒီယိုပါ။ ကားချင်းတိုက်တာ ပုံမှန်ဆိုရင်တော့ သိပ်မထူးဆန်းပေမယ့်လို့ အခုဗီဒီယိုထဲမှာပါတဲ့ကားတစ်စီးကတော့ လူ့အသက်ကိုကယ်တင်ဖို့အတွက် တခြားကားကို တမင်ဝင်တိုက်ခဲ့တာပါတဲ့လေ။ ဒီအဖြစ်အပျက်ဟာ အောက်တိုဘာလ ၁၄ ရက်နေ့တုန်းက Arizona ရဲ့ Phoenix မြို့မှာဖြစ်သွားခဲ့တာပါ။ အချိန်ကတော့ ည ၁၀ နာရီလောက်ရှိနေခဲ့ပါပြီ။ ဗီဒီယိုထဲမှာ မီးပွိုင့်မိနေလို့ ရပ်ထားတဲ့ကားတွကို တွေ့ရမှာပါ။ ဘယ်ဖက်မှာတော့ ပွိုင့်လွတ်လို့လမ်းမကြီးပေါ်ကို ကားတွေကွေ့နေတာကို မြင်ရမှာဖြစ်ပါတယ်။ ရုတ်တရက်ကားတစ်စီးက အဲဒီဘယ်ဖက်လမ်းမကနေ ထွက်လာပြီး လမ်းမကြီးပေါ်ကို အကွေ့၊ အရှိန်မထိန်းနိုင်တာကြောင့် ကပ်ကွေ့ရမယ့်ဟာကို မကွေ့မိဘဲနဲ့ တော်တော်လှမ်းလှမ်းရောက်မှ ကွေ့ချလိုက်ပါတော့တယ်။ အဲဒီအချိန် စုံတွဲတစ်တွဲဟာ ကလေးတွန်းလှည်းလေးကိုက်ကာ လမ်းဖြတ်ကူးနေတဲ့အချိန်နဲ့ ကွက်တိကျသွားခဲ့တာပါ။ ဒါပေမဲ့လည်း လမ်းမကြီးဖက်က Chevy […]
အထူးကု ဆရာဝန်နဲ့ ပြပြီး မပျောက်တဲ့ ချောင်းဆိုးရင်ကျပ် ရောဂါကို (၅) ရက်ထဲ နဲ့ ပျောက်ကင်းစေတဲ့ ဆေးနည်း
အထူးကု ဆရာဝန်နဲ့ ပြပြီး မပျောက်တဲ့ ချောင်းဆိုးရင်ကျပ် ရောဂါကို (၅) ရက်ထဲ နဲ့ ပျောက်ကင်းစေတဲ့ ဆေးနည်း”ကို စာဖတ်ပရိသတ်များ အသုံးပြုသောက်သုံးနိုင်စေရန် ရေးသားဖော်ပြလိုက်ပါတယ်။ငွေမကုန်ပဲ ရောဂါ သက်သာစေတဲ့ ဆေးနည်းမို့. ကျမနဲ့..ရောဂါတူသူများ..ရှိရင်.စမ်းသောက်ကြည့်စေချင်ပါတယ်။ နေ့စဉ်..ရက်ဆက်ချောင်းဆိုးရင်ကျပ်ဖြစ်နေတာ.ရက်၂၀ကျော်နေပီဖြစ်ခါစတပါတ်လောက်အထိ..နေ့တိုင်း.ဆေးခန်းသွားပြတယ်။မသက်သာဘူး..လေပြွန်ရောင်တာနဲ့.ချောင်းဆိုးရင်ကျပ်တွဲဖြစ်တော့..နေရဆိုး..ဆေးနည်းမိုးစုံ.ဝယ်သောက်။ဒါလဲ.မပြောက်ဘူး..ရက်၂၀ကျော်လာတော့.လူကြီးတွေက..စိုးရိမ်လာလို့.အထူးကုနဲ့.ပြတော့.ဒီတိုင်းမဖြစ်ဘူး.ဆိုပြီး.ဆေးရုံသွားဖို့..စီစဉ်နေတုန်း.. အိမ်ကို.ရွာကဦးလေးအလည်ရောက်တာနဲ့ကြုံရောဦးလေးက.နေဦး ဆေးရုံမသွားသေးနဲ့ဦး သဘောင်္ရွက်ရေနွေးစိမ်သောက်ကြည့်စမ်း ဆိုတာ နဲ့ အာ့နေ့ တနေ့လုးံဝင်သလောက် သဘောင်္ရွက် ကို ရေနွေးစိမ်သောက်တာညကျ အိပ်နိုင်တယ် ဒါနဲ့ရောဂါ သက်သာတာပဲ ဆိုပြီး နောက်ရက်တွေ ဆက်တိုက်သောက်ပေးတာ ၅ရက်လောက်နေတော့ ချောင်းဆိုး ရင်ကျပ် လေပြွန်ရောင်တာ အရှင်းပြောက်သွားတယ်။ သဘောင်္ရွက်ကို အသုးံပြုပုံက. အရွက်စိုကိုပဲဖြစ်ဖြစ်အရွက်ခြောက်ကိုပဲ ဖြစ်ဖြစ် ခွက်ထဲ ထည့် အပေါ်ကနေရေနွေးပူပူကို လောင်းထဲ့ပြီးမပူမအေးလေးမှာ သောက်လို့ရပီ သောက်ခါစမှာ.အရွက်စိမ်းစော် နံနေပေမဲ့ သုးံခွက်လောက် သောက်ပြီးသွားရင် အဆင်ပြေပြေသောက်နိုင်သွားပြီး… ဆေးနည်းဒါန […]
လူသိနည်းလှတဲ့ နန်းမတော်မယ်နု အုတ်ကျောင်းကြီး နှင့် ထူးခြားလှတဲ့ ရေကန်ကြီး
လူသိနည်းသေးသော နေရာတစ်ခုဖြစ်ပါတယ်။ ရွှေဘိုခရိုင်၊ရေဦးမြို့နယ် မြင်းပေါက်ကျေးရွာမှာ တည်ရှိပါတယ်။ရွှေဘိုကနေ ၁နာရီကျော်ကျော်လောက်ကားမောင်းရတယ်။ရေဦးရောက်ရင် ရေဦးမီးပွိုင့်ကနေ အနောက်ဘက် သံသယ်လမ်းထွက်ကနေ ၅မိုင်လောက်သွားရတယ်။ မူးအကြီးတစ်ခုကိုကျော်ပြီးရင် လမ်းဘေး၌ မြင်းပေါက်ရွာဆိုတဲ့ ဆိုင်းပုဒ်ရှိတယ်။မြင်းပေါက်ရွာထဲကိုဝင်၍ လမ်းဆုံရောက်ရင် အရှေ့ဘက်ကိုသွားရပါတယ်။ပထမဦးဆုံး ရေကန်ကိုတွေ့ရပါမယ်။ ရေကန်ရဲ့ထူးခြားချက်မှာ ဘေးပတ်ပတ်လည် သစ်ပင်ရှိသော်လဲ ရေကန်ထဲ အမှိုက်မရှိပဲ ကြည်လင်နေတာဖြစ်ပါတယ်။အဲ့ကနေဆက်သွားရင် မယ်နုအုတ်ကျောင်းကိုရောက်ပါပြီ။အင်းဝနဲ့မတူတာက အုတ်ကျောင်းအလယ်မှာ တိုင် ၄တိုင်ရှိသေးတယ်။ တစ်တိုင်ကတော့ ပျက်စီးနေတယ်။ပျက်စီးနေတဲ့ အုတ်ကျိုးအုတ်ပဲတွေ ဒီတိုင်းထားရှိထားတယ်။ဘေးမှာလဲ ရှေးဟောင်းစေတီများလဲရှိသေးတယ်။ဘေးပတ်ဝန်းကျင်က ကလေးတွေ ဆော့ကစားမှုကြောင့် နံရံတွေ တစ်ချို့လဲ ပျက်စီးနေတယ်။ရှေးဟောင်းသမိုင်းဝင်နယ်မြေအဖြစ် ထာဝန်ရှိသူများ ဆက်လက်ထိန်းသိမ်းစေချင်ပါတယ်။ ဒီလိုနေရာမျိုးကို ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပြီး နိုင်ငံဝင်ငွေ ရှာဖွေသင့်ပါတယ်. . .နောက်ပြီး ရှေးဟောင်းအမွေ အနှစ်တွေကို သေချာထိန်းသိမ်းသင့်ပါတယ် Source: ရွှေဘိုမြို့အလှပုံရိပ်များ Sony Kaunglay Photography […]
လင်မယားရန်ဖြစ်ရာမှ မယားဖြစ်သူက ယောက်ျား`၏ ဝှေးစေ့အားညှစ်သတ်
လင်မယားနှစ်ယောက် ရန်ဖြစ်ကြရာမှ မိန်းမဖြစ်သူက ယောက်ျား၏ ဝှေးစေ့အား ၅ မိနစ်ခန့် ညှစ်ထားရာမှ သေဆုံးမှုတစ်ခု ပြီးခဲ့တဲ့ရက်က ဗီယက်နမ်နိုင်ငံ တီယန်ရန်းစီရင်စုမှာ ဖြစ်ပွားခဲ့ပါတယ်။အသက် ၅၃ နှစ်အရွယ် လုံခြုံရေးမှူး Le Kim Khai ဆိုသူ အမျိုးသားဟာ ဇနီးသည် Phan Thi Kim Choung ရဲ့ လက်တစ်ဖျစ်မှာပဲ အသက်ပေးလိုက်ရပါတယ်။ ဖြစ်စဉ်မှာ ယောက်ျားဖြစ်သူက အိမ်ပြန်လာစဉ် အိမ်ထဲမှာရှိနေသော ဇနီးနဲ့ သမီးငယ် နှစ်ယောက်က တံခါးမဖွင့်ပေးသဖြင့် ဒေါသထွက်ကာ အိမ်တံခါးကို လွှနဲ့တိုက်ဖျက်ကာ ဝင်လာခဲ့သည်။ အိမ်ထဲသို့ရောက်သည်နှင့်တစ်ပြိုင်နက် ဇနီးသည်ကို ဘယ်ပြန်ညာပြန် ဆက်တိုက်ပါးရိုက်ခဲ့သည်။ သမီးနှစ်ယောက်က ဝင်ဆွဲတဲ့အခါ သမီးတွေကို နံရံကို ပြန်ပစ်တွန်းခဲ့သည်။ မိမိကိုရိုက်တာ သည်းခံနိုင်ပေမယ့် သမီးတွေကို ထိတဲ့အခါ ဇနီးဖြစ်သူက […]
လမ်းမအလယ်မှာ ကလေးမလေးကို ခေါင်းဖြတ်သတ်ခဲ့သူ သေဒဏ်မှလွတ်မြောက်
ထိုင်ဝမ်နိုင်ငံတွင် ပြီးခဲ့သည့်နှစ် မတ်လက နံနက်အချိန်ကြီးတွင် မြို့လည်လမ်းမကြီးပေါ်၌ အသက် ၄ နှစ်အရွယ် ကလေးမလေးကိုကို ဓါးဖြင့်ရက်ရက်စက်စက် ခေါင်းဖြတ်သတ်ခဲ့သည့် အမျိုးသားကို သေဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ကြောင်း သောကြာနေ့က တရားရုံးမှ စီစရင်ချက်ချမှတ်ခဲ့သည်။ အသက် ၃၄ နှစ်အရွယ် ထိုင်ဝမ်နိုင်ငံသား Wang Chin Yu တွင် စိတ်ကစဥ့်ကလျားရောဂါခံစားနေရသည်ကို တွေ့ရှိပြီးနောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးပြဋ္ဌါန်းချက်အရ သေဒဏ်စီရင်ခွင့်မရှိပဲ ထောင်ဒဏ်တစ်သက် အဖြစ်ပြောင်းလဲချမှတ်ခဲ့ခြင်းဖြစ်ကြောင်း အစိုးရရှေ့နေရုံးမှ ပြောဆိုခဲ့သည်။ မည်သို့ပင်ဆိုစေကာမှု တရားခံသည် အပြစ်ကျူးလွန်စဉ်က လူကောင်းပကတိအခြေအနေမျိုး ရှိနေတာကို စစ်ဆေးတွေ့ရှိရသည့်အတွက် သေဒဏ်စီရင်ချက် ချနိုင်ရန် လျှောက်လဲချက်ပေးနိုင်သေးကြောင်း သိရှိရသည်။ ပြီးခဲ့သည့်နှစ်က အမှုစစ်ဆေးခဲ့ရာတွင် Wang က သူဟာ စီချွမ်းရဲ့ဧကရာဇ်ဘုရင်တပါး ဖြစ်နိုင်ရန် ကလေးမလေးကို ယခုလို ခေါင်းဖြတ်ပြီး […]
သူမရဲ့ ကလေးတွေနဲ့ BOX 88 ရုပ်ရှင် ကားကြီး VIP Showကို တက်ရောက်ခဲ့တဲ့ ပရဟိတ မင်းသမီးလေး ခိုင်နှင်းဝေ
နိုင်ငံကျော်သရုပ်ဆောင် ခိုင်နှင်းဝေ ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပါ။ သူမက အနုပညာကို ကြိုးစားလုပ်ရင်း မိသားစုနဲ့ အတူ ဘဝကိုအေးချမ်းစွာဖြတ်သန်းနေသူလေးပဲဖြစ်ပါတယ်။ ခိုင်နှင်းဝေက သူမဦးဆောင် တဲ့ ပရဟိတအဖွဲ့ လေးနဲ့ ပြည်သူလူထု အကျိုး မရှိဆင်းရဲသားတွေ အတွက် ပရဟိတအလှူများစွာကို လုပ်ကိုင်းနိုင်တဲ့ စံပြမင်းသမီးတစ်ဦး ဆိုလည်း မမှားပါဘူး ။ ဒီတစ်ခါမှာတော့ မိုမိုလေးရဲ့ ချစ်ပရိသတ်တွေ အတွက် ခိုင်နှင်းဝေက သူ့ရဲ့ ချစ်စရာကောင်းတဲ့ ကလေးတွေနဲ့ BOX 88 ရုပ်ရှင် ကားကြီး VIP Showကို တက်ရောက်ခဲ့တဲ့ အကြောင်းပြောထားတာလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။ ခိုင်နှင်းဝေက ခုဆိုရင် မိဘမဲ့ ကလေးများကိုလည်း ပြုစုစောင့်ရှောက်တဲ့ မွန်မြတ်တဲ့ အလုပ်တွေကို လုပ်ကိုင်နေသူပဲဖြစ်ပါတယ်။ လက်ရှိမှာလည်း ခိုင်နှင်းဝေက သူ့ရဲ့ မွေးစားထားတဲ့ […]
ချစ်သူကောင်မလေးနောက် လိုက်ဖမ်းရင်းလဲကျသွားကာ သေဆုံးသွားခဲ့ရတဲ့အမျိုးသား
မလေးရှားနိုင်ငံမှ အသက် 35နှစ်အရွယ် ၊ Yung Fei Kong အမည်ရှိအမျိုးသားဟာ သူ၏အသက်27နှစ်အရွယ်ချစ်သူကောင်မလေးနှင့် ရန်ဖြစ်စကားများကြရင် ကောင်မလေးဟာထွက်ပြေးသွားခဲ့ပါတယ် ။အဆိုပါ အမျိုးသားဟာ Sibuမြို့ရဲ့မြို့လည်ဈေးကနေ အိမ်ဆိုင်အထိချစ်သူကောင်မလေးနောက်လိုက်ဖမ်းခဲ့ပါတယ် ။သတင်းအရင်းအမြစ်အရ အမျိုးသားဟာချစ်သူကောင်မလေးနောက် ခြေဗလာဖြင့်လိုက်ဖမ်းရင် လဲကျသွားခဲ့ပါတယ် ။ သူမတို့အိမ်ဆိုင်နားရောက်သွားခဲ့ချိန်မှာတော့ အတော်လေးကိုခြေကုန်လက်ပန်းကျကာ မောပန်နေကြပါပြီ ။ ချစ်သူကောင်မလေး၏ပြောပြချက်အရ သူမတို့အိမ်ဆိုင်ကိုရောက်သွားခဲ့ချိန်မှာတော့ ကောင်လေးဟာလှေကာအုံအနား လဲကျသွားခဲ့ပါတယ် ။ သို့ပေမဲ့လည်း ကောင်မလေးက အကွာအဝေးအရှည်ကြီးပြေးလာခဲ့တဲ့အတွက် ကောင်လေးဟာပင်ပန်း၍အနားယူရန်လိုအပ်နေတယ်လို့သာ ထင်မြင်ခဲ့ပါတယ် ။ ချစ်သူကောင်မလေးဟာ မြို့လယ်ဈေးသို့ပြန်သွားခဲ့ပြီး သူမချန်ထားခဲ့တဲ့ဖိနပ်ကိုပြန်သွားရှာခဲ့ပါတယ် ။ ဝမ်းနည်စွာနဲ့ပဲ သူမရဲ့ကောင်လေးကိုချန်ထားခဲ့တဲ့နေရာသို့ ပြန်ရောက်လာချိန်မှာတော့ အသက်မဲ့နေတဲ့ချစ်သူရဲ့ခန္ဓာကိုယ်ကို ပိတ်စဖြူဖြင့်ဖုံလွှမ်းထားတာကို တွေ့ရှိခဲ့ရပါတယ် ။အမျိုးသားလဲကျနေတာကိုမြင်ခဲ့တဲ့မျက်မြင်သက်သေတစ်ဦးဟာ ရဲများကိုအကြောင်းကြားပေခဲ့ပါတယ် ။ ရဲအရာရှိများရောက်ရှိလာချိမှာတော့ အဆိုပါအမျိုးသားဟာ အသက်မဲ့နေခဲ့ပါပြီ ။ အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်းများလည်း အခင်းဖြစ်ပွားရာနေရာသို့ရောက်ရှိခဲ့ပေမဲ့လည်း ၎င်းအမျိုးသားသေဆုံးသွားကြောင်းသာ […]
ချစ်သူနှစ်ယောက်နဲ့တစ်ပြိုင်တည်းလက်ထပ်ခဲ့တဲ့ အမျိုးသား (ရုပ်/သံ)
တစ်ချို့လူတွေများကတော့ ရည်းစားမရှိလို့ single ဘဝကနေမကျွတ်မလွတ်နိုင်ဖြစ်ပေမဲ့ ၊ ဒီအမျိုးသားကတော့ ပုံမှန်လူတွေထက် ပိုလွန်သွားခဲ့ပါတယ် ။ အင်ဒိုနီးရှားနိုင်ငံ West Kalimantanပြည်နယ်မှာနေထိုင်လျက်ရှိတဲ့ အမျိုးသားတစ်ဦးဟာ သူ၏ချစ်သူကောင်မလေးနှစ်ယောက်လုံး နာကျင်ခံစားသွားရမှာဆိုး၍ ချစ်သူကောင်မလေးနှစ်ယောက်လုံးနှင့် မကြာခင်ကမှလက်ထပ်မင်္ဂလာပွဲကိုတစ်ပြိုင်တည်းကျင်းပသွားခဲ့ပါတယ် ။ မင်္ဂလာပွဲကိုတော့ West Kalimantan ပြည်နယ်က Dusan Pangkalan Padan တွင်ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး သတို့သမီးနှစ်ယောက်လုံးကို Rp 10,000 (မြန်မာငွေ 1000 ကျပ်ဝန်းကျင်)ဖြင့်သာတင်တောင်းခဲ့ကြောင်း သိရှိရပါတယ် ။အဆိုပါလက်ထပ်မင်္ဂလာပွဲသို့ မိသားစုဝင်အကုန်လုံးတက်ရောက်ခဲ့ကြပြီး သတို့သား ၊ သတို့သမီးများပျော်ရွှင်စေရန်အတွက် ဆုတောင်းကောင်းချီးပေးခဲ့ကြကြောင်း သိရှိရပါတယ် ။ သတို့သားကတော့ ‘ သူတို့တွေ နာကျင်ခံစားရမှာကို မမြင်ရက်လို့ နှစ်ယောက်လုံးနဲ့တစ်ပြိုင်တည်း လက်ထပ်ဖို့ဆုံးဖြတ်လိုက်တာပါ ‘ဟူ၍ ပြောပြသွားခဲ့ပါတယ် ။၎င်းတို့၏မင်္ဂလာပွဲ video ဟာအခုချိန်မှာတော့အတော်လေးကိုရေပန်းစားနေခဲ့ပြီး လူအများ၏တုံ့ပြန်ချက်အမျိုးမျိုးကိုလည်း ရရှိခဲ့ပါတယ် […]
ရှုံးနိမ့်ခဲ့တဲ့ပွဲကို ပြန်ကြည့်ရင်း သူ့အမှားကို ပြန်ရှာနေကာ အောင်လရဲ့တိုက်ကွက်တွေကို ချီးကျူးသွားတဲ့ ဗီရာ
အောင်လအန်ဆန်ကိုရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ကို ပြန်ကြည့်ရင်း သူ့ရဲ့အားနည်းချက်တွေကို ပြန်ရှာနေခဲ့တဲ့ ဗီရာရဲ့စိတ်ဓာတ်ကတော့ ချီးကျူးစရာပဲလို့ ဆိုရမှာပါ။ မြန်မာနိုင်ငံသား MMA အားကစားသမား အောင်လအန်ဆန်နဲ့ ဖီလစ်နိုင်နိုင်ငံသားဗီရာတို့ဟာ One Championship ရဲ့ 100 Century ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ရာမှာတော့ အောင်လအန်ဆန်က အနိုင်ရရှိပြီး လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဘွဲ့ကို ထိုက်ထိုက်တန်တန် ကာကွယ်သွားနိုင်ခဲ့တာပါ။ အဲဒီပွဲစဉ်မှာ အောင်လအန်ဆန်ဟာ ဗီရာကို (၂) ချီအတွင်းမှာပဲ ပြတ်ပြတ်သားသား အလဲထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဗီရာဟာ အောင်လအန်ဆန်ကို အကောင်းဆုံးတုံ့ပြန်နိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် မယှဉ်နိုင်ခဲ့ဘဲ ရှုံးချက်နာခဲ့ရတာ ဖြစ်ပါတယ်။ အခုအခါမှာတော့ ဗီရာဟာ အဲဒီပွဲစဉ်ကို သေချာပြန်လည်ကြည့်ပြီး သူ့ဘာတွေမှားခဲ့သလဲဆိုတာကို သင်ခန်းစာယူနေခဲ့တာ ဖြစ်ပါတယ်။ ဗီရာဟာ သူ့ရဲ့အားနည်းချက်တွေကို ပြန်လည်ရှာဖွေခဲ့ရုံပြီး ဘယ်နေရာမှာ လိုအပ်ချက်တွေ ရှိခဲ့သလဲဆိုတာ မချင့်မရဲပြောသွားခဲ့တာပါ။ ဒ့ါအပြင် […]