ပထမကားတစ်စိးတိုက်မိလို့လဲကျနေတဲ့ အမျိုးသမိးတစ်ဦး နောက်ကားမှ ထပ်မံ ကြိတ်မိခဲ့တဲ့ CCTV ရုပ်သံဖိုင်
သက်ထားသူဇာ အိမ်ရှင် အီဂျစ်နိုင်ငံမှ ကစားမယ်အား ၂ ပွဲပြတ်ဖြင့် အနိုင်ရရှိ
Egypt International Series 2019 တွင် မြန်မာကြက်တောင်ကစားမယ် သက်ထားသူဇာက ဒီနေ့ မနက် (အီဂျစ်အချိန်) 9:40AM (မြန်မာအချိန်) 02:10 PM မှာ အိမ်ရှင် အီဂျစ် နိုင်ငံမှ ကစားမယ် Jana HESHAM MOHAMED ABDELKADER အား ၂၁-၄ ၊ ၂၁-၇ နှစ်ပွဲပြတ်ဖြင့် ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြောင်း သိရှိရသည်။ ​နောက်တစ်ဆင့်ပြိုင်ပွဲ(Quater Final) ကို ညနေပိုင်း (အီဂျစ် အချိန်) 5:40 PM (မြန်မာအချိန်) 10:10PMမှာဆက်လက်ယှဉ်ပြိုင်မှာ ဖြစ်ပါသည်။ မနှစ်က ပြိုင်ပွဲမှာတုန်းကလည်း ရွှေရခဲ့ပြီး နိုင်ငံတကာ ပြိုင်ပွဲတွေမှာ ပထမဆုံး ရွှေရခဲ့တဲ့ ပြိုင်ပွဲလဲ ဖြစ်ပြီး ဒီနှစ်ပြိုင်ပွဲကိုလည်း ရွှေရအောင် သက်ထားသူဇာက အကောင်းဆုံးကြိုးစားယှဉ်ပြိုင်သွားမှာမို့ အားပေးကြပါဦး။ […]
ကြာဆေးသုံးပြီးဆက်ဆံတာကို လက်မခံတဲ့ အပျော်မယ် အသတ်ခံခဲ့ရ
အင်ဒိုနီးရှားနိုင်ငံ၊ အရှေ့ဂျာဗားမှာနေထိုင်တဲ့ အသက်(၂၈)နှစ်အရွယ် လူသတ်တရားခံ ရစ်ဒ်ဝန် (Ridwan Solihin )အမည်ရ အမျိုးသားကို သက်ဆိုင်ရာရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေတယ်လို့ WorldOfBuzz က ဖော်ပြထားပါတယ်။ သူဟာ ကာရာဝန်က ဟိုတယ်တစ်လုံးမှာ ပြည့်တန်ဆာမလေးကို သတ်ခဲ့တာပါ။ ပြည့်တန်ဆာမလေးရဲ့အမည်ကိုတော့ OS လို့သာ ဖော်ပြထားပါတယ်။ ဒီသတင်းကို ApannPyay ကနေ ဘာသာပြန်တင်ဆက်လိုက်တာပါ။ ရစ်ဒ်ဝန်ဟာ အပျော်မယ်လေးကို ကြာဆေးသုံးပြီး လိင်ဆက်ဆံခဲ့ပါတယ်။ ကောင်မလေးက သူနဲ့မတိုင်ခင် အမျိုးသားနှစ်ဦးနဲ့ ချစ်တင်းနှောထားရလို့- အလွန်ပင်ပန်းနေတာကြောင့်၊ ရစ်ဒ်ဝန်ကို ကြာလှချည်လားဆိုပြီး ပြစ်တင်ဝေဖန်ကာ၊ နောက်ဆုံး နှစ်ယောက်သား အချင်းများခဲ့ကြပါတယ်။ ရစ်ဒ်ဝန်ကလည်း သူဟာ Obat Kuat အမည်ရ ဆေးကို အသုံးပြုခဲ့ကြောင်း ဝန်ခံခဲ့ပြီး၊ အပျော်မယ်လေးကို သူ့ဆန္ဒကို ဖျက်ဆီးသည်ဟုဆိုကာ သတ်ပစ်ခဲ့ပါတယ်။ သူဟာ […]
ပရော်ဖက်ရှင်နယ် ဓါတ်ပုံဆရာတစ်ယောက် ရိုက်ကူးခဲ့တဲ့ အာရှတစ်ခွင်က အလှပဆုံးဘုရားကျောင်းများ
ဒီဓါတ်ပုံတွေကို ရိုက်ကူးခဲ့သူကတော့ Ell Costi ဆိုတဲ့ ပရော်ဖက်ရှင်နယ် ဓါတ်ပုံဆရာ၊ content creator တစ်ယောက်ဖြစ်ပါတယ်။ သူဟာ ကမ္ဘာကြီးကို ချစ်မြတ်နိုးသူဖြစ်ပြီး တတ်နိုင်သလောက် နေရာအတော်များများကို ရှာဖွေချင်သူဖြစ်ပါတယ်။ ဒစ်ဂျစ်တယ်ကင်မရာတစ်လုံးနဲ့ အမြဲတမ်းခရီးသွားနေသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာ အာရှကို ခရီးထွက်စဉ်မှာ အလှဆုံးနဲ့ ခရေဇီအဖြစ်ဆုံး ဘုရားကျောင်းတွေကို တွေ့ရှိခဲ့ပါတယ်။ ထိုင်း၊ ထိုင်ဝမ်၊ တရုတ်နှင့် ဂျပန်နိုင်ငံက ဘုရားကျောင်းတွေပဲ ဖြစ်ပါတယ်။ ၁။ နဂါးဘုရားကျောင်း၊ ထိုင်းနိုင်ငံ ၂။ တရုတ် ၃။ နဂါးနှင့် ကျားဘုရား၊ ထိုင်ဝမ် ၄။ ငါးဘုရားကျောင်း၊ ထိုင်းနိုင်ငံ ၅။ နွေဦးနှင့် ဆောင်းဦးရာသီ ဇရပ်များ၊ ထိုင်ဝမ် ၆။ ကွန်ဖြူးရှပ် ဘုရားကျောင်း၊ ထိုင်ဝမ် ၇။ Batu […]
ဓာတ်ပုံနောက်ကွယ်က တကယ့်အဖြစ်မှန်
ဒီဓာတ်ပုံကိုတော့ တော်တော်များများ မြင်ဖူးကြမှာပါ။ ကမ္ဘာကျော် အဖြူအမည်းဓာတ်ပုံတွေထဲမှာ မကြာခဏဖော်ပြခံထားရတဲ့ ဓာတ်ပုံဖြစ်ပြီး ဓာတ်ပုံရိုက်ကူးသူဟာလည်း ဒီဓာတ်ပုံကြောင့် နာမည်ကြီးခဲ့ပါတယ်။ ဒီဓာတ်ပုံဟာ ဗီယက်နမ်စစ်ပွဲကာလအတွင်း ၁၉၆၈ ခုနှစ်က ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံဖြစ်ပါတယ်။ ဒီဓာတ်ပုံအကြောင်းသိပြီးဖြစ်တဲ့ မိတ်ဆွေများရှိနိုင်သလို မသိသေးတဲ့မိတ်ဆွေများလည်း ရှိနိုင်ပါတယ်။ မသိသေးတဲ့ မိတ်ဆွေများအတွက် ဗဟုသုတ အနေနဲ့ဝေမျှလိုက်ပါတယ်။ ဒီဓာတ်ပုံရဲ့ အကြောင်းကို ဘာမှ မသိပဲ ပုံမှန်အတိုင်းကြည့်မယ် ဆိုရင်တော့ အရာရှိတစ်ယောက်ဟာ အရပ်သားတစ်ဦးကို သေနတ်နဲ့ ပစ်သတ်နေတာကို မြင်ရမှာပါ။ အရမ်းရက်စက်လွန်းတဲ့မြင်ကွင်းဖြစ်ပြီး ဒီဓာတ်ပုံကိုမြင်တဲ့သူတိုင်း ပစ်သတ်တဲ့အရာရှိအပေါ်ကို စက်ဆုပ်ကောင်း စက်ဆုပ်ပြီး အသတ်ခံရတဲ့သူအပေါ်မှာ ကရုဏာသက်မိပါလိမ့်မယ်။ ဒါပေမယ့် ဒီဓာတ်ပုံရဲ့နောက်ခံအကြောင်းကိုသိရင်တော့ အမြင်တစ်မျိုးပြောင်းသွားနိုင်ပါတယ်။ ဒီဓာတ်ပုံထဲမှာပါတဲ့ သေနတ်ကိုင်ထားတဲ့ အရာရှိဟာ တောင်ဗီယက်နမ်ဗိုလ်ချုပ်တစ်ဦးဖြစ်တဲ့ Nguyen Ngoc Loan ဖြစ်ပါတယ်။ အပစ်သတ်ခံရသူကလည်း သာမန် […]
HIV ဖြစ်နေလို့ မွေးစားမယ့်သူမရှိတဲ့ သမီးလေးကို သတ္တိရှိရှိမွေးစားခဲ့တဲ့ Gay စုံတွဲ
အာဂျင်တီးနားနိုင်ငံက လိင်တူစုံတွဲတစ်တွဲဟာ HIV ဖြစ်နေတဲ့ သမီးလေးကို သတ္တိရှိရှိ မွေးစားခဲ့တာကြောင့် သတင်းမီဒီယာတွေမှာ ချီးကျူးမှုတွေ ခံနေရပါတယ်။ သူတို့စုံတွဲရဲ့အမည်မှာ Damian Pighin (၄၂)နှစ်နဲ့ Ariel Vijarra (၃၉)နှစ်တို့ ဖြစ်ပါတယ်။ သူတို့ဟာ အာဂျင်တီးနားနိုင်ငံ အရှေ့မြောက်ပိုင်း၊ Santa Fe စီရင်စုမှာတော့ ပထမဆုံး လိင်တူလက်ထပ်ခွင့်ရတဲ့ စုံတွဲဖြစ်ပါတယ်။ လောလောဆယ် ရိုဆာရီယိုမှာ နေထိုင်ကြပါတယ်။ သူတို့ဟာ ကိုယ်ပိုင်ကလေး မရနိုင်တဲ့အတွက် ကလေးမွေးစားဖို့ (၂၀၁၄)ခုနှစ် မတိုင်ခင်အထိ စိတ်ဆန္ဒ မပြည့်ဝခဲ့ကြပါဘူး။ အဲဒီနောက်မှာတော့ သက်ဆိုင်ရာက ကလေးတစ်ယောက် မွေးစားမယ်ဆိုရင် အဆင်သင့်ရှိတယ်ဆိုပြီး ဖုန်းဆက်အကြောင်းကြား လာခဲ့ပါတယ်။ သူတို့ဟာ ကလေးကို သွားရောက်ကြည့်ရှုချိန်မှာ ရုပ်ကလေးက ချစ်စရာကောင်းသလောက် မွေးစားမယ့်လူမရှိ ဖြစ်နေပါတယ်။ အကြောင်းကတော့ ကလေးမှာ မိခင်ကတစ်ဆင့် […]
ဓာတ်လိုက်ပြီး သေဆုံးသွားတဲ့ သားလေးကို၊ ယူကြုံးမရ ဖက်ပြီးငိုနေရှာတဲ့ မိခင်
ပြီးခဲ့တဲ့ အောက်တိုဘာလ(၁၀)ရက်က အင်ဒိုနီးရှား သတင်းစာမျက်နှာတွေထက်မှာ ကလေးမိခင်တစ်ဦးဟာ မတော်တဆ ဓာတ်လိုက်ပြီး သေဆုံးသွားတဲ့ သားလေးကို ယူကြုံးမရဖက်ပြီး ဝမ်းနည်းစွာ ငိုကြွေးနေတဲ့ ဓာတ်ပုံတွေဟာ လူမှုကွန်ရက်မှ ပျံ့နှံ့လာခဲ့ပါတယ်။ အဆိုပါကလေးမိခင်ဟာ သေဆုံးသွားတဲ့ သားလေးကို အမေ့ဆီပြန်လာခဲ့ပါဆိုပြီး အော်ငိုနေခဲ့တာပါ၊ သူမဟာ အင်ဒိုအမျိုးသမီးတစ်ယောက် ဖြစ်လင့်ကစား၊ ဗွီဒီယိုဖိုင်ကတော့ မလေးရှား လူမှုကွန်ရက်တစ်ခုကနေ စတင်ပျံ့နှံ့လာခဲ့တာလို့ ဆိုပါတယ်။ ကလေးရဲ့အမည်မှာ Arfan လို့ သိရပါတယ်။ ကလေးဟာ သူ့ဘာသာသူ ဘာသာဘာဝ ကြမ်းပြင်ပေါ်မှာ လျှောက်ကစားနေရင်း၊ ဖုန်းအားသွင်းတဲ့ ကြိုးကိုတွေ့ပြီး ဆော့ကစားခဲ့တာပါ။ အဲဒီအားသွင်းကြိုးဟာ ပလပ်မှာ တပ်လျှက်တန်းလန်းဖြစ်နေပါတယ်။ ဒီကြားထဲ ပလပ်ရဲ့မိန်းခလုတ်ကိုလည်း မိဘတွေက ပိတ်မထားခဲ့ပါဘူး။ ဒီလိုနဲ့ Arfan တစ်ယောက် ဆိုးဆိုးရွားရွား ဓာတ်လိုက်ခံလိုက်ရပါတယ်။ မိခင်က ညှော်နံ့တွေထွက်လာမှ သားဖြစ်သူ […]
သူငယ်ချင်းဖြစ်သူ Sulli ရဲ့ ဈာပနမှာ မိသားစုဝင်တစ်ဦးပမာ (၃) ရက်လုံးအချိန်ပြည့်ရှိနေပေးခဲ့တဲ့ IU
နာမည်ကြီး အဆိုတော်နဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်သူ IU ဟာ စိတ်ကျရောဂါကြောင့် အောက်တိုဘာ ၁၄ ရက်နေ့တုန်းက နေအိမ်မှာ မိမိကိုယ်ကိုအဆုံးစီရင်သွားခဲ့တဲ့ သူငယ်ချင်းဖြစ်သူ Sulli ရဲ့ ဈာပနမှာ (၃) ရက်လုံးလုံး မိသားစုဝင်တစ်ယောက်ပမာရှိနေပေးခဲ့တယ် အတွင်းသိတွေက ပြောပြခဲ့ပါတယ်။ Star News သတင်းဌာနကနေ ထုတ်ဖော်ချက်အရတော့ IU ဟာ သူမရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်သူ Sulli ရဲ့ သတင်းဆိုးကို ကြားကြားချင်းမှာပဲ နာရေးကိုအရောက်သွားခဲ့ပြီး ၃ ရက်လုံး အဲဒီနာရေးမှာပဲရှိနေခဲ့တယ်လို့ သိရပါတယ်။ Sulli ရဲ့ နာရေးကို ကျန်ရစ်သူမိသားစုဝင်တွေရဲ့စိတ်ဆန္ဒအရ အများပြည်သူကိုထုတ်မပြပဲ တိတ်တဆိတ်သာပြုလုပ်ခဲ့ပြီး ရင်းနှီးသူမိတ်ဆွေသူငယ်ချင်းတွေနဲ့ မိသားစုတွေကလွဲလို့ အပြင်လူတွေကို ၀င်ရောက်ခြင်းခွင့်မပြုခဲ့ပါဘူး။ အကျဉ်းချုံးပြီး တိတ်တဆိတ်ပြုလုပ်ခဲ့တဲ့ ဈာပနအခမ်းအနားဖြစ်တာကြောင့် သတင်းတွေကလည်း အများအပြားထွက်ပေါ်လာခဲ့ခြင်းမရှိပဲ f(x) ရဲ့ အဖွဲ့ဝင်တွေဖြစ်ကြတဲ့ […]
မိခင်၏ အသက်အတွက် သူမရဲ့ အပျိုစင်ဘဝကို ရောင်းချပြီးကယ်တင်ခဲ့တဲ့ ကောင်မလေး
အသက်၄၅နှစ်အရွယ်ရှိပြီဖြစ်တဲ့ Caoရဲ့အမေဟာ အရေပြားကင်ဆာရောဂါကို ခံစားနေရတာပါ။ နောက်ဆုံး နည်းလမ်းရှာမရတော့တဲ့ အသက်၁၉နှစ်အရွယ် Caoဟာ သူအရမ်းချစ်ရတဲ့မိခင်ကို ကယ်တင်ဖို့အတွက် နောက်ဆုံးနည်းလမ်းကို အသုံးပြုခဲ့ပါတယ်။ Caoဟာ သူမကိုယ်သူမရောင်းမယ်ဆိုပြီး Wechatမှာ ကြေညာတင်ခဲ့ပါတယ်။ ဝယ်တဲ့သူခိုင်းသမျှလုပ်ပေးပါ့မယ်ဆိုပြီး ကတိပေးထားတဲ့ Caoဟာ လယ်သမားမိသားစုကဖြစ်ပြီး Operation လုပ်ရမယ့် မိခင်ရဲ့ ဆေးကုသမှုစရိတ်ကို မတတ်နိုင်တာကြောင့်ပဲဖြစ်ပါတယ်။ Caoရဲ့ ကြေညာဟာ နေ့ချင်းညချင်း နာမည်ကြီးခဲ့ပြီး ပါဝင်လှူဒါန်းလိုသူတွေ ပေါ်လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အမည်မဖော်လိုသူ လူတစ်ဦးကနေ Cao ရဲ့ မိခင်ရဲ့ Operationကို အစအဆုံး တာဝန်ယူမယ်လို့ပြောကြားခဲ့ပြီးနောက် Caoဟာ သူမရဲ့ ကြေညာချက်ကို ရုပ်သိမ်းခဲ့တယ်လို့ သိရပါတယ်။ ကောင်မလေးအတွက် မိဘအပေါ်ထားတဲ့ မေတ္တာကို ဂုတ်ယူတယ် အလှုရှင်ပေါ်လာတာကို ဝမ်းသာတယ်ဆို ရှယ်လုပ်ပြီး အသိအမှတ်ပြု ပေးကြပါဦးနော်… Unicode […]
ကာမအားနည်း ရောဂါနှင့် တိုင်းရင်းဆေးစွမ်း အံ့မခမ်း
တိုင်းရင်းဆေးနှင့် အမျိုးသားရောဂါ အချို့ အိမ်ထောင်သည် အမျိုးသားများတွင် လျှို့ဝှက်သော ရောဂါတို့ဖြင့် ရင်ဆိုင်နေရတတ်ပါ၏။ များသောအားဖြင့် ထိုရောဂါမှာ လိင်ပိုင်းဆိုင်ရာရောဂါဖြစ်ပါသည်။ ထိုသို့ဆိုပါလျှင် မြန်မာလူမျိုးများအနေဖြင့် အမျိုးသားများနှင့် အမျိုးသမီးများပါ တွန့်ဆုတ်သွားတတ်ပြန်သည်။ အကြောင်းကား အရှက်အကြောက်ကြီးခြင်းပင် ဖြစ်သည်။ မိသားစုဘ၀ အိမ်ထောင်သုခ ပြည့်စုံစေရေးသည် ဘဝတစ်ခု၏ မီးရှူးတန်ဆောင်နှင့်လည်း တူလှသည်။ အမျိုးသားများသည် မိမိလိင်ပိုင်းဆိုင်ရာ အားနည်းချက်အား ပွင့်ပွင့်လင်းလင်းမပြောလိုကြပေ။ အချို့မှာ အချိန်မတိုင်မီ သုက်လွတ်စောခြင်း၊ ပန်းသေခြင်း၊ ပန်းညှိုးမြန်ခြင်းအပြင် အခြားသော လိင်ပိုင်းဆိုင်ရာ အားနည်းမှုများ ရှိနေတတ်ပါသည်။အဆိုပါ လက္ခဏာရပ်များကို စုပေါင်း၍ပြောရပါမူ ကာမအားနည်းရောဂါဟု ဆိုရပါလိမ့်မည်။ အဆိုပါရောဂါတို့ ဖြစ်ပေါ်နေပါက လွယ်ကူစွာဖြေရှင်းနိုင်သော ဆေးဖက်ဝင် အပင်အချို့ကို တင်ပြရပါမူ ကသစ် ကသစ်ပွင့်နှင့် အမြစ်ကို အိမ်တွင်းကုသဆေးအဖြစ် အသုံးပြုနိုင်ပါသည်။ ကသစ်အပွင့်နှင့်အမြစ်ကို ဆတူယူ၍ […]