ချစ်သူကောင်မလေးက နိုင်စားလွန်းလို့ ကောင်လေး မိမိကိုယ်ကိုယ် အဆုံးစီရင်

ချစ်သူသမီးရည်းစား ပက်သက်ဆက်နွယ်မှုမှာ တစ်ယောက်ယောက်က လွှမ်းမိုးချုပ်ကိုင်လွန်းအားကြီးပါက အဆုံးသတ် မလှမပ ဖြစ်ရတတ်ပါတယ်။ အမေရိကန်နိုင်ငံမှာနေထိုင်ရင်း တက္ကသိုလ်ကျောင်းတက်နေတဲ့ ဖိလစ်ပိုင်ကျောင်းသားတစ်ဦးဟာ သူရဲ့ရည်းစား တောင်ကိုရီးယား မိန်းကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ထိလက်ရောက် ပြုမူစော်ကားခံရမှု၊ လွှမ်းမိုးမှုတွေကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့ပါတယ်။ အဲဒီအတွက် တောင်ကိုရီးယားနိုင်ငံကို ပြန်ထွက်သွားတဲ့ မိန်းကလေးကို လာရောက်အဖမ်းခံဖို့ အမေရိကန်တရားရုံးက ဆင့်ခေါ်နေပါတယ်။ ဖိလစ်ပိုင်လူမျိုး Alexander Urtula အသက် ၂၂ နှစ်ဟာ နယူးဂျာစီပြည်နယ်မှာ နေထိုင်ပြီး ဘော်စတွန်ကောလိပ်မှာ ဇီဝဗေဒဘာသာရပ်အထူးပြုနဲ့ ကျောင်းတက်နေခဲ့ပါတယ်။ တစ်ချိန်ထဲမှာပဲ တောင်ကိုရီးယားလူမျိုး Inyoung You ဟာလည်း ဘော်စတွန်ကောလိပ်မှာ စီးပွားရေးဘာသာရပ်နဲ့ ကျောင်းတက်နေစဉ် ဆုံတွေ့ပြီး ချစ်ကြိုက်ခဲ့ကြပါတယ်။ သူတို့နှစ်ဦးရဲ့ ချစ်သူသက်တမ်း ၁၈ လ အတွင်းမှာ ကိုရီးယားမလေး You က […]

ကျိုးတော့မဲ့ အံဆုံးသွားက တအားနာကျင်လွန်းလို့ မသည်းခံနိုင်တော့ပဲ ကိုယ့်ကိုအဆုံးစီရင်ခဲ့တဲ့ အမျိုးသား

အင်္ဂလန်နိုင်ငံ Southampton မြို့မှာနေထိုင်တဲ့ အသက်38နှစ်အရွယ် Anthony Hoskins အမည်ရှိတဲ့အမျိုးသားဟာ သူ၏အံဆုံးသွားရဲ့ နာကျင်လွန်းလှတဲ့ဝေဒနာကို ဆက်ပြီးမသည်းခံနိုင်တော့တဲ့အတွက် ကိုယ့်ကိုကြိုးဆွဲချပြီး အဆုံးစီရင်မှုဖြစ်ပွားခဲ့ပါတယ် ။ ဒီနှစ်ရဲ့ အစောပိုင်း January လမှာကတည်းက Anthony ဟာ သွားနာနေတဲ့ဝေဒနာကို ခံစားနေခဲ့ရပြီး သွားဆရာဝန်ကိုသွားပြခဲ့ပါတယ် ။ သို့ပေမဲ့လည်း အံဆုံးသွားကို မနှုတ်ရသေးဘဲ ၊ သွားနှုတ်ဖို့အတွက် National Health Service မှာ စာရင်းပေးသွင်းခဲ့ပါတယ် ။ February လမှာမှ မိခင်ဖြစ်သူ Shirley က Anthony ရဲ့သွားနှုတ်မဲ့ကုသမှုစရိတ်အတွက် ငွေကြေးစတင်စုဆောင်းနေခဲ့ပြီး သွားနှုတ်ဖို့ ငွေကြေး £1,500 လိုအပ်နေခဲ့ပါတယ် ။ Anthony ဟာ သွားကိုနှုတ်ပစ်မဲ့အချိန်ကိုစောင့်နေခဲ့ပြီး ညတိုင်းနာကျင်မှုသက်သာပြီးအိပ်ပျော်နိုင်ဖို့အတွက် Whisky တစ်ခွက်အမြဲသောက်နေရပါတယ် ။ March […]

ပုံမှန်ထက်ပိုပြီးဆော့ကစားခဲ့မိလို့ လမ်းဘေးမှာတင်အသက်သေဆုံးသွားခဲ့ရတဲ့ စက်ဘီးသမား

အားကစားတိုင်းကတော့ ဘေးအန္တရာယ်ရှိကြတာပါပဲ ။ ဥပမာ လမ်းလျှောက်တာတို့ ၊ ပြေးတာတို့ ၊ စက်ဘီးစီးတာတို့ဆိုတဲ့အရာတွေက ကျန်းမာရေးညီညွတ်တယ်ဆိုပေမဲ့လည်း တစ်ခါတစ်လေမှာတော့ ကိုယ်လုပ်နိုင်တဲ့အတိုင်းအတာခံနိုင်ရည်ထက် ပိုပြီးလုပ်မိ ၊ လေ့ကျင့်မိရင်တော့ အမောစို့ပြီးအသက်သေဆုံးသွားတဲ့အဖြစ်မျိုးထိ ရောက်ရှိတတ်ပါတယ် ။ အခုတစ်လောမှာတော့ စက်ဘီးသမားတစ်ယောက်ရဲ့အဖြစ်အပျက်ဟာ အတော်လေးကိုလူပြောများနေပါတယ် ။ မကြာသေးခင်က မလေးရှားနိုင်ငံ ၊ Kulim မြို့ရှိ စက်ရုံတစ်ရုံ၏အရှေ့ဖက်မှာ အမျိုးသားတစ်ယောက်ဟာ သူ၏စက်ဘီးဘေးမှာ အထိုင်လျက်ဖြင့် သေဆုံးနေခဲ့တာကို ဖြတ်သွားဖြတ်လာတစ်ဦးက တွေ့ရှိခဲ့၍ ရဲစခန်းတို့အကြောင်းကြားခဲ့ရာမှ ရဲအရာရှိများကအခင်းဖြစ်ပွားရာနေရာသို့ အလျင်အမြန်ရောက်ရှိလာခဲ့ပါတယ် ။ Penang Kini အမည်ရှိတဲ့ အမျိုးသားတစ်ဦးက သူ၏ Facebook စာမျက်နှာပေါ်မှာ အဆိုပါဓာတ်ပုံကိုဝေမျှခဲ့ပြီး ၊ သေဆုံးသွားတဲ့ စက်ဘီးသမား၏ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာဒဏ်ချက်များလုံးဝတွေ့ရှိခြင်းမရှိသည့်အပြင် ထူးဆန်းသည့်လက္ခဏာများကိုပါတွေ့ရှိခဲ့ခြင်းမျိုးလုံးဝမရှိကြောင်း ဖော်ပြခဲ့ပါတယ် ။ နောက်ပိုင်းမှာတော့ သေဆုံးသွားခဲ့တဲ့စက်ဘီးသမား၏အမည်မှာ […]

သားသမီးတွေရှေ့မှာတင် ကိုယ့်ကိုအဆုံစီရင်ခဲ့တဲ့မိခင်ရဲ့ နာရေးပွဲအတွက်တောင် ပိုက်ဆံမရှိခဲ့တဲ့အဖြစ်

ပြီးခဲ့တဲ့ အောက်တိုဘာလ 19ရက်နေ့က Heidy Quah အမည်ရှိတဲ့အမျိုးသမီးဟာ အသုဘပွဲတစ်ခုအတွက် အလှူခံကောက်ယူနေတဲ့အစီအစဉ်တစ်ခုကို ဝေမျှခဲ့ပါတယ် ။ ထို့အပြင် ယခုကဲ့သို့သောအစီအစဉ်မျိုးက သူမရဲ့ပုံမှန်လုပ်နေကျလုပ်ငန်းမျိုးမဟုတ်တဲ့အပြင် ၊ သမားရိုးကျသေဆုံးမှုမျိုးမဟုတ်ဘဲ ကိုယ့်ကိုအဆုံးစီရင်မှုကြောင့် ယခုကဲ့သို့ အကူအညီတောင်းခံနေရတာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ် ။ ဖြစ်စဉ်ကတော့ Heidy ဟာ အဆိုပါကိုယ့်ကိုအဆုံးစီရင်ခဲ့တဲ့အမျိုးသမီးကို ပြီးခဲ့တဲ့အပတ်ကမှ မလေးရှားနိုင်ငံ ၊ Gombak ရဲ့လမ်းမတစ်နေရာမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ် ။ ၎င်းအမျိုးသမီးရဲ့ ရုန်းကန်လှုပ်ရှားနေရတဲ့ ဘဝအခြေအနေ နှင့် သူမခင်ပွန်းအကြောင်းများကိုကြားသိရပြီးနောက် Gombak ဟာအဆိုပါအမျိုးသမီးကို အဆင်ပြေတဲ့အချိန်ထိ သူမရဲ့ရုံခန်းမှာလာရောက်နေထိုင်ဖို့ ဖိတ်ခေါ်ခဲ့ပါတော့တယ် ။ ၎င်းအမျိုးသမီးဟာ အိမ်ထောင်ကျတဲ့အချိန်မှာမှ သူမရဲ့နှိပ်စက်ညှင်းပန်းလွန်းတဲ့ ခင်ပွန်းကြောင့် အတော်လေးကို ရုန်းကန်လှုပ်ရှားခဲ့ရပါတယ် ။ ခင်ပွန်းဖြစ်သူမှာ သူမကိုအကြွေးမြောက်များစွာဖြင့် ထားရစ်ခဲ့ပြီး သူမကိုစိတ်ဒဏ်ရာများစွာလည်း ပေးခဲ့ပါတယ် ။ သူမကို […]

သေဆုံးသွားတဲ့ဖခင်ဖြစ်သူရဲ့ဖုန်းကို 4နှစ်ဆက်တိုက်စာတွေရေးပို့ခဲ့မိလို့ အံ့သြထိတ်လန့်ဖို့ကောင်းတဲ့အဖြစ်နဲ့ကြုံတွေ့ခဲ့ရသူ

Chastity Patterson အမည်ရှိတဲ့ အသက် 23နှစ်အရွယ် မိန်းကလေးဟာ သူမ၏သေဆုံသွားခဲ့ပြီဖြစ်တဲ့ ဖခင် Jason Ligons ကိုအမြဲအမှတ်ရစေလိုတဲ့ရည်ရွယ်ချက်နဲ့ ဖခင်ဖြစ်သူသေဆုံးသွားခဲ့တဲ့ 4နှစ်ပြည့်အမှတ်တရအနေနဲ့ ဖခင်ဖြစ်သူ၏ဖုန်းကို ” အဖေ..သမီးပါ. မနက်ဖြန်ဆိုရင် အတော်လေးကိုခက်ခဲဆိုးဝါးတဲ့ နေ့တစ်နေ့ပြန်ရောက်လာတော့မယ်…..” ဆိုပြီး အစချီကာ စာကြောင်းအရှည်ကြီးရေးသားပေးပို့ခဲ့ပါတယ် ။ သို့ပေမဲ့လည်း သူမရေးသားပေးပို့ခဲ့တဲ့စာကို Brad အမည်ရှိတဲ့ အမျိုးသားက စာပြန်ခဲ့လို့ သူမအတော်လေးကိုအံ့သြထိတ်လန့်သွားခဲ့ရသလို ရင်ထဲကိုလည်းစို့နင့်သွားသည်အထိ ထိရှစေခဲ့ပါတယ် ။ Brad ရေးသားပေးပို့ခဲ့တဲ့စာမှာတော့ ” Hi သမီးလေးရေ.. .ဦးလေးက သမီးရဲ့အဖေမဟုတ်ပါဘူး ၊ ဒါပေမဲ့ သမီးပို့ခဲ့တဲ့ message တွေကိုပြီးခဲ့တဲ့ 4နှစ်ကတည်းက အမြဲလက်ခံရရှိနေခဲ့သူပါ ။ သမီးပို့ခဲ့တဲ့ မနက်ခင်းပိုင်း message နဲ့ ညခင်းပိုင်း message တွေကိုအမြဲဖတ်မိနေခဲ့ပါတယ် […]


ဇင်ဘာဘွေနိုင်ငံက ခရစ်ယာန် သင်းအုပ်ဆရာတစ်ဦးက သူ့ဆီမှာ ဘုရားသခင်ကို ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ရှိတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ သင်းအုပ်ဆရာ Paul Sanyangore က ဘုရားခင်က သူကိုဆက်သွယ်ဖို့ ဖုန်းနံပါတ်ကို ပေးထားပြီး ရံဖန်ရံခါ ဘုရားသခင်က လူတွေကို ဘယ်လိုကူညီရမယ်ဆိုတာ သူ့ဆီဖုန်းခေါ်ပြီး အကြံဉာဏ်များ ပေးလေ့ရှိကြောင်း ပြောဆိုခဲ့ပါတယ်။ ဖေဖော်ဝါရီလတုန်းက သူ့ရဲ့ဘုရားကျောင်းက ဗီဒီယိုတစ်ခုမှာ သူဟာ လက်ကိုင်ဖုန်းတစ်လုံးနဲ့ ဘုရားသခင်ကို တိုက်ရိုက်ဆက်သွယ်ကာ လူတွေရဲ့ အခက်အခဲ၊ ခံစားချက်တွေကို ပြောပြဆွေးနွေးကူညီခဲ့တယ်လို့ ဒေသတွင်းသတင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ သင်းအုပ်ဆရာ Paul Sanyangore က ဘုရားသခင်နဲ့ ဘယ်လို ဖုန်းပြောဆက်သွယ်ခဲ့လဲဆိုတာ ဗီဒီယိုမှာသာ ကြည့်လိုက်ပါတော့..။ credit – popolay Unicode ဘုရားသခင်နဲ့ ဖုန်းအဆက်အသွယ်ရှိနေတဲ့ သင်းအုပ်ဆရာ ဇင်ဘာဘွေနိုင်ငံက ခရစ်ယာန် […]

သန့်ရှင်းရေးသမားဖြစ်တဲ့ဖခင်ကို ညစ်ပတ်တယ်ဆိုပြီလူကြားထဲပြောခဲ့တဲ့မိန်းမကြောင့် ငိုကြွေးခဲ့ရတဲ့ ကျောင်းသားလေး

အချို့သောသူတွေဟာ အမြဲလိုလိုအဆင့်အတန်းခွဲခြားဆက်ဆံလေ့ရှိကြပါတယ် ။ ချမ်းသာတဲ့သူတွေကျတော့ အထင်ကြီးစွာလေးလေးစားစားဆက်ဆံလေ့ရှိပြီး ဆင်းရဲနွမ်းပါးတဲ့သူတွေကျတော့ ဂရုမစိုက်သလိုအထင်သေးစွာဆက်ဆံလေ့ရှိပါတယ် ။ ဒီတစ်ခေါက်မှာတော့ အဖြစ်အပျက်တစ်ခုကြောင့် စင်ကာပူနိုင်ငံကကျောင်းသားလေးဟာ အတော်လေးကိုဝမ်းနည်းပြီးလူကြားထဲမျက်ရည်ကျခဲ့ရပါတယ် ။ ဖြစ်စဉ်ကတော့ ကျောင်းသားလေးဟာ သူတို့ရဲ့လုပ်ငန်းတာဝန်တွေကြောင့် 3ပတ်လောက်အထိ အိမ်ကိုမပြန်နိုင်လောက်အောင်ဖြစ်နေခဲ့လို့ သန့်ရှင်းရေးသမားဖြစ်တဲ့ဖခင်ဖြစ်သူက သူ၏အလုပ်ကိုခွင့်ယူပြီးသားဖြစ်သူကို သွားရောက်လည်ပတ်ဖို့ဆုံးဖြတ်ခဲ့ပါတယ် ။ အသက် 70 ဝန်းကျင်ခန့်ရှိနေပြီဖြစ်တဲ့ဖခင်မှာ ယခုအချိန်ထိပင်စင်မယူသေးဘဲ နေ့ခင်ဖက်တွေမှာဆိုရင် ကျေးလပ်အပန်းဖြေကလပ်နေရာတွေမှာ သန့်ရှင်းရေးလုပ်ပြီး ၊ ညဖက်မှာတော့ ရပ်ကွက်တွေထဲမှာ သန့်ရှင်းရေးလိုက်လုပ်လေ့ရှိပါတယ် ။ သို့ပေမဲ့လည်း သားဖြစ်သူကိုတွေ့ချင်လို့ နေ့တစ်ဝက်ခွင့်ယူပြီး သားဆီသို့အရောက်သွားလည်ခဲ့ပါတယ် ။ သားဖြစ်သူမှာလည်း ဖခင်နှင့်အတူထမင်းစားဖို့ခေါ်ပြီး ဖခင်ဖြစ်သူပိုက်ဆံမရှိမှန်းသိနေ၍ သူကကျွေးမွေးမည်ဟုပြောဆိုခဲ့ပါတယ် ။ သို့ပေမဲ့လည်း ဆိုင်သို့ရောက်သွားချိန်မှာတော့ ဖခင်ဖြစ်သူဟာ ဈေးအသက်သာဆုံးခေါက်ဆွဲကိုသာ မှာယူခဲ့ပါတယ် ။ ထို့အချိန်မှာ သူတို့ထိုင်မည့်ခုံမှ အမျိုးသမီးဟာထထွက်သွားခဲ့ပြီး သူမရဲ့ ငရုတ်သီးဘူးကိုမေ့ကျန်ခဲ့ပါတယ် […]

သေမင်းနောက်ကနေလိုက်နေသကဲ့သို့ အဖြစ်ဆိုးဆက်တိုက်ကြုံတွေ့ပြီး သေဆုံးခဲ့ရတဲ့ မိန်းကလေး

မလေးရှားနိုင်ငံ ၊ Kuching မြို့မှာနေထိုင်တဲ့ အသက် 17နှစ်အရွယ် Chai Yenn Ling အမည်ရှိတဲ့ မိန်းကလေးဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ 25 ရက်နေ့က သူမ၏အသက် 17နှစ်ပြည့်မွေးနေ့ပွဲကို အစ်မဖြစ်သူ နှင့် သူငယ်ချင်းတွေနဲ့အတူကျင်းပပြုလုပ်ပြီး ပျော်ပွဲရွှင်ပွဲဆင်နွှဲခဲ့ကြပါတယ် ။ သို့ပေမဲ့လည်း သူမရဲ့မွေးနေ့ပွဲဟာတော့ အတော်လေးကိုဆိုးဝါးလွန်းတဲ့အဖြစ်အပျက်တွေနဲ့သာ ဆက်တိုက်ကြုံတွေ့ခဲ့ရပြီး သူမအသက်သေဆုံးစေခဲ့တဲ့အထိ ဖြစ်ပျက်စေခဲ့ပါတယ် ။ ဖြစ်စဉ်မှာတော့ ပါတီပွဲအပြီးအိမ်အပြန်လမ်းမှာ သူမရဲ့သူင်ချင်းဖြစ်သူဟာ ဆိုင်ကယ်တိမ်းမှောက်သွားခဲ့တဲ့အဖြစ်မျိုးနဲ့ကြုံတွေ့ခဲ့ရပြီးနောက် လက်မောင်းကျိုးသွားတဲ့အဖြစ်မျိုးအထိ ဖြစ်ပျက်ခဲ့ရပါတယ် ။ ထို့နောက်သူမဟာ သူငယ်ချင်းဖြစ်သူကိုဆေးရုံသို့ပို့ဆောင်ပေးခဲ့ပါတယ် ။ Chai Yenn Ling ဟာ ဓာတ်ပုံထဲမှာ ရှပ်အင်္ကျီအဖြူ ရောင်ဝတ်ဆင်ထားတဲ့မိန်းကလေးဖြစ်ပြီး ၊ နာရီပိုင်ခန့်သာ ခွဲခွာခဲ့ကြတဲ့ သူငယ်ချင်းတွေကလည်း ဆေးရုံသို့ပြန်လည်ရောက်ရှိလာခဲ့ကြပြီး မနက် 3နာရီအချိန်လောက်မှာ လူနာသတင်းမေးရင်း လူပြန်စုမိခဲ့ကြပါတယ် […]

လမ်းကူးလာတဲ့စုံတွဲ ကားတိုက်ခံရမှာစိုးလို့ကားချင်းပြန်တိုက်ပေးတယ်ဆိုတဲ့ဗီဒီယိုဖိုင်

လောကကြီးမှာ ကိုယ့်အကျိုးကိုစွန့်ပြီး သူတစ်ပါးအကျိုးကိုဆောင်ခဲ့သူတွေအများကြီးပါပဲ။ အခုလည်း Buzz Feed မှာ ဗီဒီယိုတစ်ခုတက်နေခဲ့ပါတယ်။ အဲဒါကတော့ ကားချင်းကားချင်းတိုက်တဲ့ဗီဒီယိုပါ။ ကားချင်းတိုက်တာ ပုံမှန်ဆိုရင်တော့ သိပ်မထူးဆန်းပေမယ့်လို့ အခုဗီဒီယိုထဲမှာပါတဲ့ကားတစ်စီးကတော့ လူ့အသက်ကိုကယ်တင်ဖို့အတွက် တခြားကားကို တမင်ဝင်တိုက်ခဲ့တာပါတဲ့လေ။ ဒီအဖြစ်အပျက်ဟာ အောက်တိုဘာလ ၁၄ ရက်နေ့တုန်းက Arizona ရဲ့ Phoenix မြို့မှာဖြစ်သွားခဲ့တာပါ။ အချိန်ကတော့ ည ၁၀ နာရီလောက်ရှိနေခဲ့ပါပြီ။ ဗီဒီယိုထဲမှာ မီးပွိုင့်မိနေလို့ ရပ်ထားတဲ့ကားတွကို တွေ့ရမှာပါ။ ဘယ်ဖက်မှာတော့ ပွိုင့်လွတ်လို့လမ်းမကြီးပေါ်ကို ကားတွေကွေ့နေတာကို မြင်ရမှာဖြစ်ပါတယ်။ ရုတ်တရက်ကားတစ်စီးက အဲဒီဘယ်ဖက်လမ်းမကနေ ထွက်လာပြီး လမ်းမကြီးပေါ်ကို အကွေ့၊ အရှိန်မထိန်းနိုင်တာကြောင့် ကပ်ကွေ့ရမယ့်ဟာကို မကွေ့မိဘဲနဲ့ တော်တော်လှမ်းလှမ်းရောက်မှ ကွေ့ချလိုက်ပါတော့တယ်။ အဲဒီအချိန် စုံတွဲတစ်တွဲဟာ ကလေးတွန်းလှည်းလေးကိုက်ကာ လမ်းဖြတ်ကူးနေတဲ့အချိန်နဲ့ ကွက်တိကျသွားခဲ့တာပါ။ ဒါပေမဲ့လည်း လမ်းမကြီးဖက်က Chevy […]

လင်မယားရန်ဖြစ်ရာမှ မယားဖြစ်သူက ယောက်ျား`၏ ဝှေးစေ့အားညှစ်သတ်

လင်မယားနှစ်ယောက် ရန်ဖြစ်ကြရာမှ မိန်းမဖြစ်သူက ယောက်ျား၏ ဝှေးစေ့အား ၅ မိနစ်ခန့် ညှစ်ထားရာမှ သေဆုံးမှုတစ်ခု ပြီးခဲ့တဲ့ရက်က ဗီယက်နမ်နိုင်ငံ တီယန်ရန်းစီရင်စုမှာ ဖြစ်ပွားခဲ့ပါတယ်။အသက် ၅၃ နှစ်အရွယ် လုံခြုံရေးမှူး Le Kim Khai ဆိုသူ အမျိုးသားဟာ ဇနီးသည် Phan Thi Kim Choung ရဲ့ လက်တစ်ဖျစ်မှာပဲ အသက်ပေးလိုက်ရပါတယ်။ ဖြစ်စဉ်မှာ ယောက်ျားဖြစ်သူက အိမ်ပြန်လာစဉ် အိမ်ထဲမှာရှိနေသော ဇနီးနဲ့ သမီးငယ် နှစ်ယောက်က တံခါးမဖွင့်ပေးသဖြင့် ဒေါသထွက်ကာ အိမ်တံခါးကို လွှနဲ့တိုက်ဖျက်ကာ ဝင်လာခဲ့သည်။ အိမ်ထဲသို့ရောက်သည်နှင့်တစ်ပြိုင်နက် ဇနီးသည်ကို ဘယ်ပြန်ညာပြန် ဆက်တိုက်ပါးရိုက်ခဲ့သည်။ သမီးနှစ်ယောက်က ဝင်ဆွဲတဲ့အခါ သမီးတွေကို နံရံကို ပြန်ပစ်တွန်းခဲ့သည်။ မိမိကိုရိုက်တာ သည်းခံနိုင်ပေမယ့် သမီးတွေကို ထိတဲ့အခါ ဇနီးဖြစ်သူက […]