သက်ထားသူဇာ အိမ်ရှင် အီဂျစ်နိုင်ငံမှ ကစားမယ်အား ၂ ပွဲပြတ်ဖြင့် အနိုင်ရရှိ

Egypt International Series 2019 တွင် မြန်မာကြက်တောင်ကစားမယ် သက်ထားသူဇာက ဒီနေ့ မနက် (အီဂျစ်အချိန်) 9:40AM (မြန်မာအချိန်) 02:10 PM မှာ အိမ်ရှင် အီဂျစ် နိုင်ငံမှ ကစားမယ် Jana HESHAM MOHAMED ABDELKADER အား ၂၁-၄ ၊ ၂၁-၇ နှစ်ပွဲပြတ်ဖြင့် ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြောင်း သိရှိရသည်။ ​နောက်တစ်ဆင့်ပြိုင်ပွဲ(Quater Final) ကို ညနေပိုင်း (အီဂျစ် အချိန်) 5:40 PM (မြန်မာအချိန်) 10:10PMမှာဆက်လက်ယှဉ်ပြိုင်မှာ ဖြစ်ပါသည်။ မနှစ်က ပြိုင်ပွဲမှာတုန်းကလည်း ရွှေရခဲ့ပြီး နိုင်ငံတကာ ပြိုင်ပွဲတွေမှာ ပထမဆုံး ရွှေရခဲ့တဲ့ ပြိုင်ပွဲလဲ ဖြစ်ပြီး ဒီနှစ်ပြိုင်ပွဲကိုလည်း ရွှေရအောင် သက်ထားသူဇာက အကောင်းဆုံးကြိုးစားယှဉ်ပြိုင်သွားမှာမို့ အားပေးကြပါဦး။ […]

အောင်လအန်ဆန်း ချန်ပီယံကာကွယ်အပြီး လက်ရှိချန်ပီယံဆုကို ကာကွယ်ရန် သက်ထားသူဇာ အီဂျစ်သို့ထွက်ခွာသွားပြီ

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၃ ရက်နေ့က ကျင်းပခဲ့တဲ့ One Championship ပြိုင်ပွဲကြီးမှာ ကမ္ဘာ့ချန်ပီယံခါးပတ် ၂ ခု ရရှိထားတဲ့ အောင်လအန်ဆန်းက ဟဲဗီးဝိတ်တန်းချန်ပီယံ ဖိလစ်ပိုင်နိုင်ငံသား ဘရန်ဒါဗီရာကို အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲဟာ တစ်ကမ္ဘာလုံး စိတ်ဝင်စားတဲ့ ပွဲကြီးပွဲကောင်းပဲဖြစ်ပါတယ်။ အောင်လအန်ဆန်းဟာ စိန်ခေါ်သူကို အနိုင်ယူပြီး သူရဲ့ ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့ပါတယ်။ အောင်လအန်ဆန်းရဲ့ အောင်သတင်းကိုတော့ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ နာမည်ကြီး မီဒီယာတွေကပါ ဖော်ပြခြင်းခံခဲ့ရပါတယ်။ ထို့အတူ နိုင်ငံအနေနဲ့လည်း ချီးကျူးဂုဏ်ပြုမှတ်တမ်းတင်ခြင်းတွေ ပြုလုပ်ပေးခဲ့ပါတယ်။ မြန်မာလူမျိုးတို့အတွက် နိုင်ငံ့ဂုဏ်ဆောင်ခဲ့တဲ့ ပွဲကြီးပွဲကောင်းဆိုလည်း မမှားပါဘူး။ အဆိုပါ ချန်ပီယံကာကွယ်ပွဲကြီးအပြီးမှာတော့ အောင်လအန်ဆန်းလိုပဲ ကမ္ဘာ့ချန်ပီယံဆုကို ရရှိထားတဲ့သူရဲ့ ချန်ပီယံကာကွယ်ပွဲကြီးရှိပါသေးတယ်။ ဒါကတော့ ၂၀၁၈ ခုနှစ် Egypt International Series 2018 […]

အောင်လအန်ဆန်ကို အားကစားဝန်ကြီး ဂုဏ်ပြု

ကမ္ဘာ့ ဟဲဗီးဝိတ်ချန်ပီယံကို အနိုင်ထိုးသတ်နိုင်ခဲ့တဲ့ အောင်လအန်ဆန်အတွက် လှိုက်လှဲစွာ ဂုဏ်ပြု မှတ်တမ်းတင်တဲ့ အကြောင်း ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်လိုက်ပါတယ်။ အောက်တိုဘာ ၁၃ ရက်က ဂျပန်နိုငငံ၊ တိုကျိုမြို့မှာကျင်းပခဲ့တဲ့ ONE Championship Century MMA ပြိုင်ပွဲမှာ အောင်လအန်ဆန်က ကမ္ဘာ့ ဟဲဗီးဝိတ်ချန်ပီယံ ဘရမ်ဒမ်ဗီရာကို ဒုတိယ အချီမှာ အလဲထိုး အနိုင်ရပြီး လိုက်ဟဲဗီးဝိတ်တန်းချံပီယံဆုကို ကာကွယ်နိုင်ခဲ့တာပါ။ ခုလို အနိုင်ရခဲ့တာနဲ့ ပတ်သက်ပြီး ဂုဏ်ပြုတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အောက်တိုဘာ ၁၄ ရက်နေ့စွဲနဲ့ မှတ်တမ်းလွှာ ထုတ်ပြန်ပေးအပ်လိုက် တာပါ။ Source – Daily MM Unicode […]

အောင်လအန်ဆန် UFC မှာ သွားပြိုင်ဖို့ မဖြစ်နိုင်သေး

အောင်လအန်ဆန်ကို UFC မှာ မြင်ချင်တယ်တို့၊ ခါဘစ်နဲ့ ထိုးစေချင်တယ်တို့ ပြောနေကြတာတွေ တွေ့လို့ ဒီပြိုင်ပွဲတွေရဲ့ သဘော သဘာဝနဲ့ ဝိတ်တန်းတွေ အကြောင်း နည်းနည်းလောက် ရှင်းပြချင်တယ်။ အရင်ဆုံး ပြောပြ ချင်တာက UFC ဆိုတာ ဘာလဲ ဆိုတာပါ။ အောင်လတို့ အခု ပြိုင်နေတဲ့ အားကစားကို MMA (Mixed Martial Art) လို့ ခေါ်ပါတယ်။ မြန်မာလို ဆိုရင် ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားပေါ့။ အဲဒီ အားကစားကို ကမ္ဘာ့ နိုင်ငံပေါင်းစုံက အဖွဲ့အစည်း မျိုးစုံ ကနေ စီစဉ်ကျင်းပ နေပါတယ်။ အဲဒီထဲမှာ အမေရိကန် အခြေစိုက် UFC က ပြိုင်ဘက်မရှိ နံပါတ်တစ်ပါ။ ONE Championship […]

ဗီရာကို အလဲထိုးပြီးနောက် UFC ပြိုင်ပွဲရဲ့ အကြမ်းဆုံး

အောင်လ Vs ခါဘစ် ပွဲ တကယ် ဖြစ်လာ နိုင်လား ? မနေ့ညက One Championship ပြိုင်ပွဲမှာ အောင်လကတော့ စိန်ခေါ်သူ လည်းဖြစ်၊ သူ့ထက် ဝိတ်တန်း နှစ်ခုလည်း မြင့်တဲ့ ဗီရာကို ဒိုင်ပွဲရပ်နဲ့ ပြတ်ပြတ်သားသား အနိုင်ထိုးသတ် ခဲ့ပါတယ်။ဒီပွဲပြီးနောက် အောင်လ လည်း ONE မှာ အမြင့်ဆုံးနဲ့ အအောင်မြင်ဆုံး ဖိုက်တာ တစ်ယာက် ဖြစ်လာပြီး ONE မှာတော့ ပြိုင်ဘက် ကင်းသွားပြီလို့ ဆိုနိုင်တယ်။ ONE Championship ပြိုင်ပွဲဟာ စတင် ကျင်းပခဲ့တာ မကြာသေး တဲ့အပြင် အာရှဘက်မှာပဲ လူကြိုက်များပြီး အနောက်တိုင်း နာမည်ကြီး MMA ပြိုင်ပွဲဖြစ်တဲ့ UFC ပြိုင်ပွဲနဲ့တော့ အဆင့်အတန်းချင်း ကွာနေပါသေးတယ်။ […]

မြန်မာ့ ဂုဏ်ဆောင် အချစ်တော် အောင်လအန်ဆန်း ရဲ့ နောက်ထပ် ၀မ်းသာ စရာ သတင်းကောင်း….

ဒုတိယမြောက် ရင်သွေးလေးကို ပိုင်ဆိုင်တော့မယ့် ဆိုတဲ့ အောင်လအန်ဆန်း မြန်မာတွေ အမြဲဂုဏ်ယူနေရတဲ့ မြန်မာနိုင်ငံဖွား ကမ္ဘာ့ချန်ပီယံကြီးတစ်ဦးဖြစ်တဲ့ အောင်လအန်ဆန်ကတော့ မိသားစုနဲ့အတူ နယ်ခြားမြေခြားမှာ နေထိုင်ပေမယ့်လည်း အမိမြေမြန်မာနိုင်ငံကြီးကို မြတ်နိုးတွယ်တာလွန်းသူတစ်ဦးပါ။ အောင်လအန်ဆန်ရဲ့ဇနီးနဲ့ သားလေးကလည်း သာယာလှပတဲ့ မြန်မာပြည်ကြီးကို ချစ်ခင်မြတ်နိုးတာကြောင့် အမြဲလိုလို လာရောက်လည်ပတ်လေ့ရှိကြပါတယ်။ Burmese Python၊ MMA ရဲ့အကောင်းဆုံးဖိုက်တာတစ်ယောက်။ သံလှောင်အိမ်ထဲမှာတော့ အဲဒီလိုမျိုးဂုဏ်ပုဒ်တွေနဲ့ ကိုက်ညီနေအောင်လို့ အောင်လအန်ဆန်မှာ ခက်ထန်မှုတွေ၊ ကြမ်းတမ်းမှုတွေ အပြည့်ရှိနေရပါတယ်။ သံလှောင်အိမ်ထဲက Burmese Python ရဲ့မျက်လုံးတွေဟာ တောက်ပမှုအပြည့်၊ ပြိုင်ဘက်ကို ဘယ်လိုအသာစီးရယူမလဲ၊ ဘယ်လိုနှိမ်နင်းရမလဲဆိုတာပဲ အောင်လအန်ဆန်ရဲ့ ခေါင်းထဲမှာ တွေးထားပါလိမ့်မယ်။ ကြိုးဝိုင်းထဲက သူရဲ့ မျက်လုံးတွေကတော့ တောက်ပမှုအပြည့်၊ပြိုင်ဘက်ကို ဘယ်လို အသာစီးရယူမလဲ ၊ဘယ်လိုနှိမ်နင်းမလဲ ဆိုတာတွေနဲ့ ပြည့်နက်နေပြီး ကြိုးဝိုင်းထဲက ထွက်လိုက်တာနဲ့ […]

အောင်လအန်ဆန်ကို ရှုံးနိမ့်ပြီးနောက် ၀ှီးချဲနဲ့ တင်ခေါ်ခဲ့ရတဲ့ ဗီရာ ရဲ့ အဖြစ် (ရုပ်သံ)

ဒီနေ့ပွဲမှာတော့ အောင်လအန်ဆန်က ဗီရာကို ဒုတိယ အချီမှာပဲ အလဲထိုး အနိုင်ယူခဲ့တာဖြစ်ပါတယ်. . .အောင်လအန်ဆန်၏ တိုက်စစ်ကြောင့် စိန်ခေါ်သူ ဗီရာ ဒဏ်ရာ ရရှိပြီး ပွဲအပြီး၌ ဝီးချဲဖြင့် ပို့ဆောင်သည့် ရုပ်သံ ရုပ်သံကြည့်ရန် (၁) ဗီရာက သူရဲ့ အကောင့်မှာ ခုလို တင်ခဲ့ပါသေးတယ် “Thank you guys for coming…. Short video for all my supporters and haters. Thank you/Maraming Salamat လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…. ငါ့ရဲ့ အားပေးသူတွေနဲ့ အမုန်းတရားတွေအတွက် ဗီဒီယိုတိုတိုတိုလေး ။ ကျေးဇူးတင်ပါတယ် / မာရမ် ဆာလမ်” ဆျိုပီး တင္ခဲ့တျာဖစ္ပါတယ် ရုပ်သံကြည့်ရန် […]

ဘရန်ဒါဗီရာကို အနိုင်ယူပြီး ချန်ပီယံခါးပတ်ကို ကာကွယ်လိုက်နိုင်ပြန်တဲ့ မြန်မာ့ဂုဏ်ဆောင် အောင်လ

One Championship ရဲ့ မစ်ဒယ်ဝိတ်တန်းနဲ့လိုက်ဟဲဗီးဝိတ် တန်း မှာ ကမ္ဘာ့ချန်ပီယံခါးပတ် ၂ ခု ရရှိထားတဲ့ အောင်လအန်ဆန်ဟာ ယနေ့ညမှာ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲအတွက် စိန်ခေါ်သူ ဟဲဗီးဝိတ်တန်းချန်ပီယံ ဖိလစ်ပိုင်နိုင်ငံသား ဘရန်ဒါဗီရာနဲ့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ထိုးသတ်ခဲ့ပါတယ်… အောင်လအန်ဆန်နဲ့ ဘရန်ဒါဗီရာ တို့ပွဲဟာ တကမ္ဘာလုံးကစိတ်ဝင်တစား စောင့်ကြည့်အားပေးခဲ့ကြပြီး မြန်မာပြည်က အားပေးကြည့်ရှုနေကြတဲ့ ပရိသတ်တွေအတွက်လည်း တကယ့်ကို ရင်ခုန်စိတ်လှုပ်ရှားစရာ အကြိတ်အနယ်ထိုးသတ်ခဲ့တဲ့ ပွဲကောင်း တစ်ပွဲ ဖြစ်ခဲ့ပါတယ်….. နာက်ဆုံးမှာတော့ အောင်လအန်ဆန်က ဘရန်ဒါဗီရာကို အနိုင်ယူပြီး သူ့ရဲ့ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့ပြီး မြန်မာ့ဂုဏ်ကိုဆောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်… အောင်လအန်ဆန်ရဲ့ အောင်ပွဲဟာ အားပေးကြည့်ရှုခဲ့တဲ့ ပရိသတ်တွေအတွက်လည်း ပျော်စရာညတစ်ညဖြစ်ခဲ့ရသလို မြန်မာဆိုတဲ့ ဇွဲ သတ္တိကို နိုင်ငံတကာကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ […]

ဗီရာကို အလဲထိုးအနိုင်ယူခဲ့ ပီး လိုက်ဟဲဗီးဝိတ် ချန်ပီယံရွှေခါးပတ်ကို ရရှိသွားတဲ့ အောင်လအန်ဆိုင်း

ဗီရာ နဲ့ အောင်လ အန်ဆန်း တို့ နှစ်ယောက်စလုံးဟာ 2014 ခုနှစ်မှာ One Championship နဲ့ စတင်လက်တွဲခဲ့သူတွေ ဖြစ်ပြီး ၊ အောင်လ အန်ဆန်းက လက်ရှိ အချိန်ထိ စုစုပေါင်း 11 ပွဲအထိ ထိုးသတ်ထားကာ ၊ 10 ပွဲ နိုင် ၊ 1 ပွဲ ရှုံး ရလာဒ် ထွက်ပေါ်ထားခဲ့ပါတယ်။ ဗီရာကတော့ 4 ပွဲသာ ထိုးသတ်ရသေးပြီး ၊ 4 ပွဲ စလုံးကို အနိုင်ရရှိထားခဲ့တာပါ။ပွဲမတိုင်မီ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ဗီရာဟာ ဒီပွဲဟာ 4 ချီအထိတောင် မရောက်ပဲ အဖြေပေါ်လိမ့်မယ်လို့ ဟောကိန်း ထုတ်သွားခဲ့ပြီး ၊ သူ့ရဲ့ လျှင်မြန်တဲ့ လက်သီးထိုးချက် […]

အောင်လအန်ဆန်နဲ့ ဘရန်ဒန်ဗဲရာ ပွဲစပါပြီ

အောင်လအန်ဆန်နဲ့ ဘရန်ဒန်ဗဲရာ ကွင်းထဲမှာ ထိပ်တိုက် တွေ့ကြပြီ ONE ချန်ပီယံရှစ်ရဲ့ ပွဲ ရာပြည့် အထိမ်းအမှတ် Century အထူးပွဲကို တိုကျို မြို့တော် မှာ စီစဉ်ထားတဲ့ အတိုင်း အောက်တိုဘာ ၁၃ မှာ ကျင်းပနေပါတယ်။ ဒီ နောက်ဆုံးပွဲ မှာတော့ ONE ရဲ့ လိုက်ဟဲဗီးဝိတ်နဲ့ မစ်ဒယ်ဝိတ် နှစ်ထပ်ကွမ်း ကမ္ဘာ့ ချန်ပီယံ မြန်မာ့စပါးအုံး အောင်လအန်ဆန်ဟာ သူ့ရဲ့ လိုက်ဟဲဗီးဝိတ် ရွှေခါးပတ် ကာကွယ်ပွဲ အဖြစ် ONE ရဲ့ ဟဲဗီးဝိတ်တန်း ကမ္ဘာ့ ချန်ပီယံ ဘရန်ဒန်ဗဲရားကို ယှဉ်ပြိုင် ထိုးသတ်ရတော့မှာပါ။ အောင်လနဲ့ ဘရန်ဒန်ပွဲ ပြိုင်ပွဲကြီး တစ်ခုလုံးရဲ့ အဓိက ခေါင်ပွဲ ဖြစ်ပါတယ်။ Unicode ONE […]