ရန်ကုန်မြို့လယ်ခေါင်ဖက်ရှင်ဆိုင်ကြီးတစ်ဆိုင်တွင် နောက်ထပ် အနုကြမ်းစီး ဓားပြတိုက်မှုတစ်ခု ဖြစ်ပွား

ပြီးခဲ့တဲ့ ၇ ရက်နေ့ နံနက်ပိုင်းက မြောက်ဒဂုံမြို့နယ် ၃၅ ရပ်ကွက်မှာရှိတဲ့ CB Bank ကို လူနှစ်ဦးက လက်နက်နဲ့ အနုကြမ်းစီးခဲ့ပြီး ဗုံးအတု ထောင်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။ဒီဖြစ်စဉ်မှာ ဘဏ်ဝန်ထမ်းတွေကိုသေနတ်ထောက်ပြီး ငွေ သိန်း ၆၀၀ ကို လုယက်သွားတာဖြစ်ပါတယ်။ ထို့အတူ ညပိုင်းမှာလည်း ဗဟန်းမြို့နယ် ရေခဲဆိုင်မှတ်တိုင်အနီးမှာရှိတဲ့ Fashion ဆိုင်တစ်ဆိုင်ကို မျက်နှာစည်းတပ်ထားတဲ့ အမျိုးသားတစ်ဦးက ဓားဖြင့် ဝင်ရောက်အနုကြမ်းစီးမှုတစ်ခု ထပ်မံဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ဒီအဖြစ်အပျက်က အမှန်တကယ်ဖြစ်ပွားခဲ့တာဖြစ်ကြောင်းကိုလည်း The Avenue မှ ဆိုင်ရှင်ဖြစ်သူကအတည်ပြုပြောဆိုပါတယ်။ ပါသွားတဲ့ ငွေကြေးပမာဏကိုတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။ ဒီအတွက် လိုအပ်တဲ့ အရေးယူဆောင်ရွက်ပြုလုပ်ရန် တိုင်ကြားခြင်းရှိမရှိကိုလည်း ထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရှိရပါတယ်။ Writer – SMT ( Shwe Yaung Lan […]

CB Bank ကို အနုကြမ်းစီးကာ ဗုံးထောင်ထားခဲ့သည့် CCTV ဗီဒီယိုဖိုင် ထွက်ပေါ်လာ

အောက်တွင် ဗွီဒီယို တင်ထားပေးပါသည်။ ယနေ့နက်နက် ၇ နာရီခန့်မှာ ဖြစ်ပွားခဲ့တဲ့ မြောက်ဒဂုံ ၃၅ ရပ်ကွက်က CB Bank ကို သေနတ်နဲ့ အနုကြမ်းဝင်စီးပြီးတော့ ပိုက်ဆံသိန်း ၆၀၀ ကို ယူပြီး မိုင်းထောင်ထားခဲ့တဲ့ CCTV ရုပ်သံထွက်ပေါ်လာပါပြီ။ ဒီရုပ်သံထဲမှာဆိုရင် ဘဏ်ဝန်ထမ်းအမျိုးသမီးဖြစ်သူ ထံက ပိုက်ဆံကို ခြောက်လှန့်တောင်းယူနေပြီးတော့ မိုင်းအတုကိုထားခဲ့တဲ့ တာကိုတွေ့ရမှာဖြစ်ပါတယ်။ အနုကြမ်းစီးသူတွေဟာ ပိုက်ဆံကိုယူပြီး တက္ကစီ နံပါတ် CC -9965 နဲ့ ၃၅ ရပ်ကွက်က လမ်းမကြီးအတိုင်း ထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။ အခုတော့ CCTV မှတ်တမ်းတွေ၊ ကားနံ့ပါတ်တွေလည်း ရထားပြီဆိုတော့ မကြာခင်မှာ ဖမ်းဆီးနိုင်တော့မှာဖြစ်တယ်လို့ ခန့်မှန်းသိရှိရပါတယ်။ ဗီဒီယိုဖိုင်ကြည့်ရန် နှိပ်ပါ Writer – SMT( Shwe Yaung […]

CB Bank ဘဏ်၌ ဖြစ်ပွားခဲ့သော ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သည့် မော်တော်ယာဉ်ကို သာကေတတွင်ဖမ်းမိထား

ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် ပင်လုံလမ်းပေါ်ရှိ CB Bank ကို ယနေ့ နံနက်အစောပိုင်းက အငှားယာဉ်နံပါတ် CC-9965 နံပါတ်ဖြင့် စီးလာသော ယာဉ်ပေါ်မှ လူ နှစ်ဦးက ဓားပြတိုက်မှုတစ်ခုဖြစ်ပွားခဲ့သည်။ CB ဘဏ်ခွဲမှ ကျပ်သိန်း ၆၀၀ ဓားပြတိုက်သွားပြီး ထားရှိခဲ့သောဗုံးမှာလည်း အတုဖြစ်ကြောင်း ဒဂုံမြို့သစ်(မြောက်ပိုင်း) မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးတင်ထွန်းနိုင်ကပြောသည်။ အဆိုပါ တရားခံ နှစ်ဦးဟာ ယခုအချိန်ထိလွတ်မြောက်နေပြီး ၎င်းတို့စီးနင်းလာတဲ့ မော်တော်ယာဉ် CC-9965 Probox အမျိုးအစား မော်တော်ယာဉ်ကို ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်မှာ ဖမ်းမိထားတယ်လို့ ကနဦးသတင်းရရှိထားပါတယ်။ ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ CB ဘဏ်ခွဲတွင် ယနေ့(ဖေဖော်ဝါရီလ ၇ ရက်)၊ နံနက်ပိုင်းက ကျပ်သိန်း ၆၀၀ ဓားပြတိုက်ခံရပြီး ဗုံးထောင်ထားခဲ့ခြင်းဖြစ်သည်။ Unicode […]

မြောက်​ဒဂုံ ပင်​လုံ CB ဘဏ်​ ဓားပြဝင်​တိုက်ခံရ​ပြီး ဗုံးများထားရှိခဲ့ကြောင်း သိရ (ရုပ်သံ)

မြောက်ဒဂုံ မြို့နယ် ပင်လုံလမ်းမကြီးပေါ်က CB ဘဏ် ဓားပြတိုက်ခံရ မြောက်ဒဂုံ (၃၅) ရပ်ကွက်တွင်းရှိတဲ့ CB Bank ဟာ ယနေ့ မနက်ပိုင်းမှာ ဓားပြတိုက်ခံခဲ့ရပါတယ်။ ၀၉၁၅ အချိန် ဒဂုံမြောက် မြို့နယ် (၃၅)ရပ်ကွက် ပင်လုံလမ်း အမှတ် ၁၂၁၇ ရှိ CB ဘဏ်တွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော ကိုသော်ဇင် အား အမည်စိစစ်ဆဲ အမျိုးသားနစ်ဦးမှ သေနတ်နှင့် ထောက်၍ ဘဏ်အတွင်းသို့ ဝင်ရောက်ပြီး ကောင်တာရှိ သက်မွန်အေး (ငယ်တန်းလက်ထောက်) အား သေနတ်ဖြင့်ချိန်၍ ပိုက်ဆံ သိန်းခြောက်ရာ (၁၀၀၀၀တန်) အားယူဆောင်ပြီး ဘဏ်အတွင်း ရှိ မိုင်းနှစ်လုံးထောင်ခဲ့ပြီး CC-9965 ပရိုဘောက် အဖြူရောင်ယာဉ်ဖြင့် ဘဏ်အရှေ့မှ (၃၅) ရပ်ကွက် အဏ္ဏဝါ လမ်းအတိုင်း […]

မြန်မာလူငယ် MOU လုပ်သားတစ်ဦး ထိုင်းထီပထမဆု ဘတ်(6)သန်းဆု ကံထူးသွားရာ AAC အဖွဲ့မှ ငွေထုတ်ယူပေးခဲ့

1-2-2020 ရက်နေ့ထွက်သော ထိုင်းထီ ထိုင်းနိုင်ငံမှာပထမဆု ထိုင်းဘတ် သိန်း(60)ကံထူးသွားတဲ့ ယွန်းနဒီဦးအေဂျင်စီမှ ထိုင်းနိင်ငံသို့ တရားဝင် ပို့ဆောင်ပေးတဲ့ ပဲခူးတိုင်း ဖြူးမြို့နယ်မှ MOU.လုပ်သားလူငယ်လေး တစ်ဦး နှစ်သစ်မှာကံထူးပြီး ထိုင်းထီပေါက်ေ နပေမယ့် ထီလက်မှတ်ပျောက်နေခဲ့သေး တာပါ၊ ထိုင်းထီထွက်ပြီးေ နာက် (2) ရက်အလွန် အလုပ်ပိတ်ရက် အခန်းမှာ အဝတ်လျှော် နေရင်းသူဝယ်ထားတဲ့ ထီလက်မှတ်လေးကိုပြန်တွေ့လို့လိုင်းပေါ်မှာ AAC အဖွဲ့ မှ ကိုရဲမင်း တင်ထားတဲ့ ထီပေါက်စဉ်မှာ ပထမဆု ဘတ်သိန်းခြောက်ဆယ်ထွက်သွားတဲ့ဂဏန်းထိပ်စီးခြောက်လုံးအား တိုက်ကြည့်ပြီး ထီပေါက်တာ သေချာတာနဲ့ AAC ဒါရိုက်တာဦးခိုင်ထံ သူမိတ်ဆွေ အသိကနေတဆင့် လာရောက်ငွေထုတ်ပေးရန် အကူအညီလာတောင်းခဲ့တာပါ၊ AAC အဖွဲ့ မှလည်း တစ်နေ့ထဲ ထိုင်းဘတ်ငွေသိန်း(60)ကို အဆင်ပြေချောမွေ့စွာ ထုတ်ယူပေးပြီြး မန်မာငွေလဲလှယ်၍ မြန်မာပြည်မိသားစုထံ အရောက်ပို့ပေးကာ […]

ဇနီးသည် မြစ်ထဲခုန်ချ အဆုံးစီရင်တာကို ဒီအတိုင်းကြည့်နေခဲ့တဲ့ ခင်ပွန်း

ဖေဖော်ဝါရီ ၃ ရက်နေ့က ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့မှာ မြန်မာလင်မယားနှစ်ဦး ကတောက်ကဆဖြစ်ကာ စကားများခဲ့ကြပြီးနောက် ဇနီးက ခင်ပွန်းရဲ့ မျက်စိရှေ့မှာတင် မြစ်ထဲခုန်ချပြီး အဆုံးစီရင်သွားခဲ့တာကို ခင်ပွန်းဖြစ်သူက သူနဲ့ဘာမှဆိုင်သလိုပဲ ဒီတိုင်းကြည့်နေပြီး လှည့်ထွက်သွားခဲ့ပါတယ်။ နံနက် ၁၁ နာရီ ၁၀ မိနစ်ခန့်က ချင်းမိုင်မြို့ ကာလွမ်ဈေးအနီး ပင်းမြစ်ထဲကို ခုန်ချပြီး အဆုံးစီရင်ခဲ့တာဖြစ်ပါတယ်။ မြစ်ထဲခုန်ချခဲ့သူ အမျိုးသမီးဟာ အသက် ၃၁ နှစ်အရွယ် ရှမ်းတိုင်းရင်းသူ မနန်းမိုး ဆိုသူဖြစ်ပါတယ်။ ဇနီးသည် မြစ်ထဲ ခုန်ချသွားတာကို ခင်ပွန်းက သူနဲ့ မဆိုင်သလို လှည့်ထွက်သွားခိုက် အနီးနားမှာရှိတဲ့ အိမ်ခြေယာခြေမဲ့ အရက်စွဲနေသူတစ်ဦးက မြင်ပြီး မြစ်ထဲကိုလိုက်ခုန်ချကာ မနန်းမိုး ကို လိုက်ဆယ်ခဲ့ပါတယ်။ မြစ်ထဲကို လူခုန်ချခဲ့မှုသတင်းအရ ချင်းမိုင်မြို့မှ ကယ်ဆယ်ရေးအဖွဲ့များ […]

ဝူဟန်ကပြန်ရောက်လာတဲ့ မြန်မာကျောင်းသူတစ်ဦးရဲ့ ရင်ဘက်နဲ့ ရေးတဲ့စာ

ရင်ဘက်နဲ့ရေးတဲ့စာ အခြေနေတွေကတော့ အားလုံးသိပြီးကြမှာပါ။ အစကနေ မပြောတော့ပါဘူး။ အခု ခံစားချက်ကိုပြောရရင် ဟိုကိုပြန်မသွားချင်တော့ဘူး။ တက္ကသိုလ်တွေတက်တုန်းက ကျောင်းပိတ်လို့ အိမ်ပြန်ရင် ကျောင်းမပြန်သွားချင်တာမျိုးပေါ့။ အစက ဖြစ်ခါစက ချောက်ချားခဲ့တယ်။ တုန်လှုပ်ခဲ့တယ်။ သေမှာကြောက်လို့မဟုတ်ဘူး။ အဲ သေမှာကြောက်လို့ဆိုဦးတော့…….မီဒီယာထက်က စကားလုံးတွေ၊ပို့စ်တွေ(မမှန်ပေမယ့်)က အဖော်မဲ့စေခဲ့တယ်။ နာကျင်စေခဲ့တယ်။ တကယ်တော့ ကိုယ်က ဖေးမမှုကိုမျှော်လင့်ခဲ့တာ။ စာနာမှုကို တောင့်တခဲ့တာ။အံကိုကြိတ် ဖြစ်သမျှအကြောင်းအ‌ကောင်းလို့တွေး၊ အားလုံးဟာကောင်းဖို့ဖြစ်လာတာလို့ခံယူ အားပြန်ထူခဲ့တယ်။နောက်တော့ နောက်ဆုံးတော့ ပြည်သူတွေ၊တာဝန်ရှိလူကြီးတွေက ကိုယ်တွေကို ဆုတောင်းပေးကြတယ်၊ မေတ္တာပို့ပေးကြတယ်၊ ပြန်ခေါ်ဖို့ကြိုးစားကြတယ်။ ပြန်ခေါ်မယ်၊ ပြန်ခေါ်ဖို့စီစဉ်နေတယ်။ အဲသတင်းကြားရုံနဲ့ အားတွေတက်၊ သတ္တိတွေပြန်ရှိ။ ဘယ်လောက်ထိ ကျမတို့တွေ သတ္တိတွေရှိခဲ့ကြလည်း၊ ခွန်းအားတွေရှိခဲ့ကြလည်း……။ နိုင်ငံတကာ အလယ်မှာ မြန်မာဆိုတာ ပြလိုက်တာပဲ။ အတူတူရွှေ့ရင် ရွေ့တယ်ဆိုတာပြလိုက်တာပဲ။ ပြည်သူတွေရဲ့ ‌ကြိုဆိုမှု၊အစိုးရရဲ့ နိုင်ငံသား‌တွေအပေါ် တာဝန်ကျေမှုတွေနဲ့ပေါင်းပြီး […]

ထပ်မံပူးကပ်ပြီး လက်စားမချေရသေးလို့ သာဓုမခေါ်နိုင်ဘူးဆိုပြီး ပြောလာတဲ့ မြမြ

ပရိသတ်ကြီးရေ ပြီးခဲ့တဲ့ (၂၀၁၉)ခုနှစ် မဟာသင်္ကြန်ကာလအပြီး နှစ်ဆန်း(၁)ရက်နေ့ တောင်ဒဂုံမှာ ဖြစ်ပွားခဲ့တဲ့ “မြမြ”လို့အမည်ရတဲ့ မိန်းကလေးတစ်ယောက် မတရားအကျင့်ခံရပြီး အသတ်ခံခဲ့ရကြောင်းဝင်ရောက်ပူးကပ်ပြောဆိုခဲ့တာကို ပရိသတ်တွေ မှတ်မိဦးမယိထင်ပါတယ်။တချို့ကလည်း အခုလို ဝင်ရောက်ပူးကပ်ပြောဆိုတာဟာ မဖြစ်နိုင်ဘူး လုပ်ကြံဇာတ်လမ်းဖြစ်တယ်လို့ ပြောဆိုနေတာတွေ့ရသလို တချို့ကလည်း ဝင်ရောက်ပူးကပ်တာကို မျက်မြင်တွေ့ရှိခဲ့ရတယ်လို့လည်း ပြောဆိုနေခဲ့ပြီး “မြမြ”ကိစ္စဟာ တကယ် ရှိမရှိကို သေချာရေရာတဲ့အဖြေကတော့ အခုချိန်ထိထွက်ရှိလားခြင်းမရှိသေးပါဘူး။ မြန်မာနိုင်ငံရဲ့ ထိပ်တန်း ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ ဒါရိုက်ကာညိုမင်းလွင်ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး “မြမြ”လို့ အမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ(၃၀)ရက်နေ့မှာတော့ “မြမြ”ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Red Carpet ပွဲကြီးကို ကျင်းပပြုလုပ်ခဲ့ပြီး လာမယ့် (၆)ရက်နေ့မှာတော့ မြန်မာတပြည်လုံးကို ရုံတင်ပြသသွားမှာဖြစ်ပါတယ်။ဒီနေ့မှာတော့ ကာယကံရှင်ဖြစ်သူ “မြမြ”အတွက် စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးက အလှူလေးပြုလုပ်ပေးခဲ့ပါတယ်။ ရေစက်ချအမျှပေးဝေချိန်မှာတော့ “မြမြ”ကထပ်မံဝင်ရောက်ပူးကပ်ခဲ့ပါတယ်။ အရင်ကဝင်ရောက်ပူးကပ်ခဲ့တဲ့ […]

တရုတ်ပြည် ဝူဟန်မြို့က မြန်မာကျောင်းသား (၆၃) ဦး လေဆိပ် ရောက်ပြီ

ဝူဟန်မှ မြန်မာကျောင်းသားကျောင်းသူ (၆၃) ဦးတို့သည် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရန်အတွက် ဝူဟန်မြို့ Tianhe လေဆိပ်သို့ရောက်ရှိနေကြပြီဖြစ်ပြီး ယခုအခါ လေယာဉ်ပေါ်တက်ခွင့်(Boarding Pass) များ ထုတ်ယူနေကြပြီဖြစ်သည်။ ဒေသစံတော်ချိန် ည ၁၁ နာရီ ၂၅ မိနစ်တွင် လေယာဉ်ထွက်ခွာမည်ဖြစ်ပြီး ခန့်မှန်းချိန် မြန်မာစံတော်ချိန် ဖေဖေါ်ဝါရီ ၂ ရက် နံနက် ၁ နာရီ ၃၀ မိနစ်တွင် မန္တလေးလေဆိပ်သို့ရောက်ရှိမည်ဖြစ်ကြောင်းသိရသည်။ “ဟုတ်ကဲ့ရှင့်။ အားလုံအဆင်ပြေပါတယ်ရှင့်” ဟု ဝူဟန်ရောက် မြန်မာကျောင်းသားများထဲမှ မခင်သီရိသန့်ဇင် ကပြောပါသည်။ ကျောင်းသားများအား မြန်မာအမျိုးသားလေကြောင်းလိုင်းမှ MNA B737-800 ကို လေယာဉ်မှူးကြီး Capt Khup Khan Maung ဦးဆောင်သည့် လေယာဉ်အဖွဲ့သားများက သွားရောက်ခေါ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။ ဝူဟန်မြို့ရှိ မြန်မာကျောင်းသူကျောင်းသားများအား […]

ဝူဟမ်ကကျောင်းသားလေးတွေကို ဒီနေ့ညနေ သွားခေါ်

ဝူဟမ်ကကျောင်းသားလေးတွေကိုမြန်မာအစိုးရကပြန်ခေါ်ဖို့အစီအစဉ်ဆွဲနေတာ ဒီနေ့ညနေတော့ MNA လေကြာင်းလိုင်းကဘိုးရင်းနဲ့သွားခေါ် အဆိုပါလေယာဉ်တွင် လေယာဉ်မှူးကြီး Capt Khup Khan Maung ဦးဆောင်သည့် လေယာဉ်မှူး သုံးဦး၊ လေယာဉ်မောင် လေးဦး၊အင်ဂျင်နီယာ နှစ်ဦး၊ လေ‌ကြောင်းလိုင်းအမှုထမ်း တစ်ဦးနှင့် ကျန်းမာရေးဘက်မှ ဆရာဝန် သုံးဦးပါဝင်သည့်အဖွဲ့က သွားရောက် ခေါ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ မြန်မာကျောင်းသား ၆၃ ဦးကို တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ၎င်းတို့နေထိုင်သည့် နေရာများမှ သွားရောက်ခေါ်ဆောင်၍ ဝူဟန်မြို့ရှိ လေဆိပ်သို့ ပို့ဆောင်ပေးထားမည်ဖြစ်ပြီး မြန်မာအမျိုးသားလေကြောင်းလိုင်း လေယာဉ်ဆိုက်ရောက်သည်နှင့်တစ်ပြိုင်နက် ကျောင်းသားများကို တင်ဆောင်ကာ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလာမည်ဖြစ်ကြောင်း လေယာဉ်မှူးကြီး Capt Khup Khan Maung က ပြောကြားသည်။ “ ဝူဟန်မြို့က မြန်မာကျောင်းသားတွေကို သွားရောက်ခေါ်ဆောင်ဖို့အတွက် မြန်မာအမျိုးသား လေကြောင်းလိုင်းက […]