မသေခင်တစ်ရက်အလိုမှာ ချစ်သူနဲ့လက်ထပ်ခွင့်ရခဲ့တဲ့ ဦးနှောက်အကျိတ်ကင်ဆာဝေဒနာရှင်ကောင်လေး
လူ့ဘဝဆိုတာ ဘယ်တော့မှအဆိုးမရပါဘူး။ ယေဘုံယျအားဖြင့်တော့ သတ္တဝါတွေဟာ သက်တမ်းကြာလေ အသက်ဆုံးရှုံးနိုင်ခြေပိုများလေပါပဲ။ ဒါပေမဲ့လည်း မထင်မှတ်ထားတဲ့ မတော်တဆမှုတွေ၊ ရောဂါတွေကြောင့် သက်တမ်းမကုန်ခင်မှာပဲ အသက်သေဆုံးရတဲ့အဖြစ်အပျက်တွေလည်း ရှိနေပါတယ်။ Daily Mail မှာ ဖတ်ခဲ့ရတဲ့သတင်းတစ်ပုဒ်အရ အမျိုးသားတစ်ယောက်ဟာ အသက် ၂၂ နှစ်အရွယ်မှာတင် ဦးနှောက်အကျိန်ကင်ဆာကြောင့် အောက်တိုဘာလ ၁၅ ရက်နေ့တုန်းက အသက်သေဆုံးသွားခဲ့ရပါတယ်တဲ့။ မသေဆုံးခင်မှာတော့ ချစ်သူနဲ့ လက်ထပ်ပွဲလေးကို ကျင်းပဖြစ်ခဲ့တယ်ဆိုတဲ့ သတင်းလေးပါ စိတ်မကောင်းစွာနဲ့ တစ်ခါတည်းဖတ်ခဲ့ရပါတယ်။ Navar Herbert ဟာ အသက် ၂၂ နှစ်အရွယ် Gold Coast ဒေသရဲ့ rugby ကစားသမားပါ။ Rugby ဆိုတာဟာ ဘောလုံးကန်သလိုပါပဲ။ ဒါပေမဲ့ ခြေထောက်နဲ့ကန်ရတာမျိုးမဟုတ်ဘဲ လက်နဲ့ပိုက်ပြေးပစ်ရတဲ့ အင်္ဂလန်ကကစားနည်းတစ်မျိုးပါ။ လူ့လောကကို အခုမှစမယ်လို့ ကြံစည်တုန်းအချိန်မှာပဲ brain […]
ဇနီးသည် မသေခင်က ပေးသွားတဲ့ ပေဗူးလေး ပြုတ်ကျသွားလို့ တံတားအောက် ခုန်ချပြီး ဆင်းဆယ်တဲ့ အမျိုးသား
တစ်ခါတစ်လေမှာ တချို့သော အရာတွေက ကျွန်တော်တို့အတွက် ငွေကြေးနဲ့ တန်ဖိုးဖြတ်လို့ မရပါဘူး။ တန်းဖိုးအားဖြင့် သေးသေးကြီးကြီး ကိုယ်တန်းဖိုးထားတဲ့ ပေါ်မှာပဲ မူတည်ပါတယ်။ အခုလည်း အသက် ၄၁နှစ်အရွယ်ရှိတဲ့ ပန်းပဲဆရာတစ်ယောက်ဟာ သူ့ဇနီး မသေခင်က ပေးသွားတဲ့ပစ္စည်းတစ်ခုကို ဆုံးရှုံးရမှာဆိုးလို့ အသက်အန္တရာယ်ရင်းပြီး ရအောင်ပြန်ယူခဲ့ပါတယ်။ သူဟာ ဇနီးသည် မသေခင်က ပေးသွားတဲ့ ပေဗူးလေး ရေထဲပြုတ်ကျသွားလို့ တံတားပေါ်ကနေ ခုန်ချပြီး ရွံ့နွှံတွေထဲကနေ ရအောင် ပြန်ဆယ်ယူခဲ့နိုင်ပါတယ်။ facebook မှာ ဖော်ပြထားတဲ့ သူတစ်ယောက်ရဲ့ ပြောပြချက်အရ သူဟာ တံတားကို ဖြတ်ပြီး လမ်းလျှောက်လာစဉ်မှာပဲမတော်တဆ သူ့ရဲ့ ပေဗူးလေး တံတားအောက်ကို ပြုတ်ကျသွားခဲ့ပါတယ်။ ပေဗူးတစ်ဗူးရဲ့ တန်ဖိုးဟာ ဘယ်လောက်မှ မရှိပေမဲ့ သူအတွက်တော့ အကြီးမားဆုံး ဆုံးရှုံးမှုကြီးတစ်ခုလို့ ထင်ဟန်တူပါတယ်။ အဲ့ဒါကြောင့် […]
တခြားသူနဲ့လက်မထပ်ဖို့ ချစ်သူကို မင်္ဂလာကားထဲကနေ အတင်းဆွဲချပြီး တောင်းပန်ခဲ့သူ
ကိုလံဘီယာအနောက်မြောက်ပိုင်း၊ Medellin, Antioquia မှာ မင်္ဂလာဆောင်တစ်ခုကို လူတစ်ယောက်က ကြားဝင်နှောင့်ယှက်ခဲ့ရာ၊ အဲဒီအခင်းဖြစ်စဉ်နဲ့ ပတ်သက်တဲ့ ဗွီဒီယိုဖိုင်ဟာ လူမှုကွန်ရက်ပေါ်မှာ အတော်လေးကို ရေပန်းစားခဲ့ပါတယ်။ နှောင့်ယှက်သူကတော့ သတို့သမီးရဲ့ ရည်းစားဟောင်း ဖြစ်ပါတယ်။ သူဟာ မင်္ဂလာယာဉ်တန်းဘေးကနေ ဆိုင်ကယ်နဲ့ ကပ်လိုက်လာပြီး၊ မင်္ဂလာပန်းတွေစီခြယ်ထားတဲ့ မင်္ဂလာကားထဲကနေ သတို့သမီးကို အတင်းဆွဲထုတ်ပြီး၊ တစ်ခြားသူနဲ့ လက်ထပ်ခြင်းမပြုဖို့ သတို့သမီးကို တောင်းပန်ခဲ့တာပါ။ လမ်းဘေးကနေ ဒီအဖြစ်အပျက်ကို ဝိုင်းဝန်ကြည့်သူတွေဟာ ရာနဲ့ချီရှိခဲ့ပါတယ်။ သူဟာ သတို့သမီးကို အမျိုးမျိုး တောင်းပန်ခဲ့သလို၊ ဒူးထောက်ပြီးတော့တောင် ခခယယ တောင်းပန်ခဲ့ပါတယ်။ သတို့သမီးကလည်း အခြေအနေတွေက အကုန် လက်လွန်ခြေလွန်တွေ ဖြစ်ကုန်ပြီမို့ ဘယ်လိုမှ အသစ်က ပြန်စလို့မရတော့ကြောင်း အမျိုးမျိုး ဖြောင်းဖြ နားချခဲ့ပါတယ်။ ဘေးက ကြည့်နေတဲ့လူတွေကလည်း “ လက်မထပ်ပါနဲ့ […]
လွန်ခဲ့တဲ့ ၂နှစ်က အဖေလိုချင်နေတဲ့ ဖိနပ်ကို ဝယ်ပြီး suprises လုပ်ပေးလို့ မျက်ရည်ကျခဲ့တဲ့ ဖခင်
တွမ်တာ အသုံးပြုသူ @_MadreNana ဟာ လွန်ခဲ့တဲ့ ၂နှစ်လောက်က ဖခင် အရမ်းလိုချင်နေတဲ့ ဖိနပ်လေးကို မောင်နှမတွေအပါအဝင် မိခင်နဲ့ ပေါင်းပြီး အဖေဖြစ်သူကို Suprises လုပ်ခဲ့ပါတယ်။ ပြီးတဲ့အခါမှာတော့ ဒီ ဗီဒီယိုဖိုင်ကို သူမရဲ့ အကောင့်မှာ မကြာသေးမီကတင်ခဲ့ပါတယ်။ တွမ်တာပေါ်မှာတော့ မိခင်အပါအဝင် ကျွန်မတို့ မောင်နှမတွေအားလုံး အဖေ ၂နှစ်နီးပါ လိုချင်နေတဲ့ ဖိနပ်လေးကို ဝယ်ပြီး မွေးနေ့မှာ အခုလို Suprises လုပ်ပေးဖို့ ဆုံးဖြတ်လိုက်တာပါ လို့ ရေးသားထားပါတယ်။ ဗီဒီယိုဖိုင်ထဲမှာတော့ အဖေဟာ ဖိနပ်ဆိုင်တစ်ဆိုင်ကို ဝင်ပြီး စင်ပေါ်က ဖိနပ်တွေကို လိုက်ကြည့်နေတာပါ။ အဲ့ဒီအချိန်မှာပဲ ကျွန်မတို့ မောင်နှမတွေနဲ့ အမေက အဖေအနားကိုလာပြီး လက်ဆွဲစက္ကူအိတ်လေးတစ်လုံးကို ပေးခဲ့ပါတယ်။ အဖေက ဒီအိတ်လေးကို ဖွင့်ကြည့်ပြီး အခါမှာတော့ […]
မိခင်အတွက် တောင်းပန်စာရေးထားခဲ့ပြီ လူ့လောကကြီးက အပြီးအပိုင်ထွက်သွားခဲ့တဲ့ ၅နှစ်အရွယ်ကလေးငယ်
ချာလီဆိုတဲ့ ၅နှစ်အရွယ်ကောင်လေးဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ည ၁၁နာရီ ၁၄မိနစ်မှာ လူ့လောကကြီးကနေ အပြီးအပိုင်ထွက်ခွာသွားခဲ့ရပါတယ်။ ချာလီဟာ ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ်က ရှားပါကင်ဆာရောဂါမျိုးခံစားခဲ့ရပြီး အသည်းအစားထိုးကုသဖို့လိုအပ်ခဲ့ပါတယ်။ ဒါ့ကြောင့် အမေရိကန်မှာ ခွဲစိတ်ကုသဖို့အတွက် ပေါင် ၈၅၅၅၈၀ အကုန်ကျခံပြီး ကုသခဲ့ပေမဲ့ စိတ်မကောင်းစွာနဲ့ပဲ ဇာတ်သိမ်းခဲ့ရပါတယ်။ မိခင်ဖြစ်သူ Amber Schofield ဟာ သူ့သား သေဆုံးသွားတဲ့အခါ ဆိုရှယ်မီဒီယာပေါ် ပို့စ် တစ်ပို့တင်ခဲ့ပါတယ်။ ဒါကတော့ ချာလီမသေခင်ရေးသွားတဲ့ စာလေးတစ်စောင်ပဲဖြစ်ပါတယ်။ ချာလီ မသေဆုံးခင်မှာ ” စောစောစီးစီးထွက်ခွာသွားရလို့ တောင်းပန်ပါတယ် အမေ” ဆိုပြီး သူ့အမေအတွက် တောင်းပန်စာလေးတစ်စောင် ရေးပေးထားခဲ့တာပဲဖြစ်ပါတယ်။ ချာလီဟာ မိဘနှစ်ပါးရဲ့ လက်ပေါ်တင် ဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။ Amber ကတော့ ကလေးဟာ သူ့အဖေရဲ့ လက်ပေါ်မှာ ဆိုးရွားတဲ့ရောဂါဝေဒနာကို […]
အင်ဒိုအမျိုးသားကို မြင်မြင်ချင်းချစ်မိသွားလို့ မိုင်(၈၀၀၀)ခရီးနှင်ပြီး လက်ထပ်ခဲ့တဲ့ သြစတြီးယား သူလေး
ဥရောအလယ်ပိုင်းမှာတည်ရှိတဲ့ သြစတတြီးယားနဲ့ အင်ဒိုနိုင်ငံတို့ဟာ တိုက်ရိုက်လေကြောင်းခရီးစဉ်နဲ့ဆိုရင်ကို မိုင်ပေါင်း (၆၆၉၁) ကွာဝေးပါတယ်။ ဒီ သြစတြီးယားသူလေးကတော့ သူမ ချစ်ခင်သဘောကျတဲ့ အင်ဒိုနိုင်ငံသားနဲ့ လက်ထပ်နိုင်ဖို့ မိုင်ပေါင်း (၈၀၇၇)အထိ ခရီးနှင်ခဲ့ပါသတဲ့။သူမဟာ အင်ဒိုအမျိုးသားနဲ့ သီချင်းဆိုတဲ့ App တစ်ခုကနေ စတင်ဆုံတွေ့ခဲ့တာပါ။ သူမရဲ့နာမည်ကတော့ Arzum Balli ဖြစ်ပြီး၊ အသက်(၂၆)နှစ်ပါ။ အခု သူမရဲ့ခင်ပွန်းဖြစ်နေတဲ့ အင်ဒိုအမျိုးသားရဲ့နာမည်ကတော့ Bambang Irawan alias Awan ဖြစ်ပြီး အသက်(၂၈) ဖြစ်ပါတယ်။ Awan ဟာ ဂျာကာတာတောင်ပိုင်းမှာ နေထိုင်သူဖြစ်ပြီး၊ (၂၀၁၇)မှာ Arzum က သူ့ကိုမြင်မြင်ချင်းမှာပဲ ဖူးစာဖက်လို့ စိတ်ကယုံကြည်ကာ ချစ်ခင်နှစ်သက်ခဲ့ပါသတဲ့။ နောက်ဆုံး သူမကိုယ်တိုင် Awan ကို ဖွင့်ပြောပြီး၊ အင်ဒိုကို လာပြီးတွေ့မယ်လို့ ပြောခဲ့ပါတယ်။ […]
ရည်းစားအယောက် ၂၂၀ ထားပြီးနောက်ဆုံးမှာတော့ကိုယ်ပိုင်ခွေးနဲ့ပဲ လက်ထက်ခဲ့တဲ့နိုင်ငံခြားမော်ဒယ်
မိုင်(၁၅၀၀) ခရီးနှင်ပြီး၊ အဝေးကချစ်သူကို SURPRISE လုပ်ဖို့ ကြိုးစားခဲ့သော်လည်း …
တစ်ယောက်နဲ့တစ်ယောက် မိုင်းပေါင်း ဘယ်လောက်ပဲ ဝေးနေပါစေ Long-distance relationship ကို ပိုင်ဆိုင်ထားသူတွေအဖို့ တစ်ယောက်နဲ့တစ်ယောက် သစ္စာရှိတယ်လို့ ယုံကြည်နေရရင်၊ ဘယ်လောက်ဝေးဝေး နီးနီးလေးလို့ ခံစားရမှာပါ။ ဒီလိုပဲ တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ပဲ နီးနေပါစေ၊ သစ္စာမရှိဖောက်ပြန်နေရင်၊ ကမ္ဘာခြားတဲ့အထိ ဝေးစေတတ်ပါတယ်။ အခုလည် LDRS ကို ပိုင်ဆိုင်ထားတဲ့ အမျိုးသားတစ်ယောက်ဟာ မိုင်(၁၅၀၀)အဝေးမှာနေတဲ့ ချစ်သူကို Surprise လုပ်ဖို့ ပြင်ဆင်ခဲ့ပါတယ်။ ဒါပေမယ့် သူဟာ ကံမကောင်းခြင်းများစွာနဲ့သာ အဆုံးသတ်ခဲ့ရတာပါ။ ဒီအဖြစ်အပျက်ကို တရုတ်အခြေစိုက် တွစ်တာအသုံးပြုသူတစ်ဦးက တင်ထားတာဖြစ်ပြီး၊ တစ်ရုတ်လူမှုကွန်ရက် ပလက်ဖောင်းတွေပေါ်မှာ အများစိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။ ပို့စ်တင်ထားတဲ့ Date ကတော့ ဇူလိုင်(၁၈)ရက်၊ မနက် ညပိုင်း (၉.၃၃) ဖြစ်ပါတယ်။ ပါဝင်ပတ်သက်သူတွေရဲ့ အမည်နာမတွေကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။ ဖြစ်စဉ်မှာ […]
အိမ်ထောင်သက် (၃၈) နှစ်ရှိတဲ့တိုင် နေ့တိုင်း အင်္ကျီဆင်တူပဲ ဝတ်ကြတဲ့ ဂျပန်နိုင်ငံက စုံတွဲ
ဂျပန်နိုင်ငံက Tsuyoshi နဲ့ Tomi Seki ဆိုတဲ့ အဖိုးအဖွား စုံတွဲဟာ အိမ်ထောင်သက် (၃၈) နှစ်ရှိပါပြီ။ သူတို့က bonpon511 ဆိုတဲ့ အင်စတာဂရမ် အကောင့်ကို အတူတူအသုံးပြုကြပါတယ်။ bonpon ဆိုတာက သူတို့ရဲ့ ခရစ်ယာန် နာမည်ဖြစ်ပြီး 511 ဆိုတာကတော့ (၁၉၈၀) ခုနှစ်တုန်းက ဆင်နွှဲခဲ့ကြတဲ့ မင်္ဂလာရက်မြတ်ကို အစွဲပြုပြီး မှည့်ထားတာလို့ သိရပါတယ်။ သူတို့နှစ်ယောက်ဟာ အမြဲလိုလို အ၀တ်အစားကို တိုက်ဝတ်လေ့ရှိကြပြီး သူတို့ ၀တ်ပုံစားပုံတွေက စုံတွဲတွေတိုင်းရဲ့ ဖြစ်ချင်တဲ့၊ လုပ်ချင်တဲ့ စိတ်ကူးတွေထဲက အမြင့်ဆုံးတစ်ခုလို့တောင် သတ်မှတ်တာ ခံထားရတာပါ။ သူတို့ နှစ်ယောက်က နေ့တိုင်းမှာ ဘယ်သွားသွား ဘာလုပ်လုပ် လိုက်ဖက်ညီညီ ၀တ်စားလေ့ရှိကြပါတယ်။ ဘယ်လိုများ လန်းကောင်းတုန်းလည်း ဆိုတာကို ကြည့်လိုက်ကြပါဦး။ […]
‘လှ’တာက ချက်စားလို့မရဘူး ‘ဝ’တာက ဖက်ထားလို့ရတယ်
ချစ်ခြင်းမေတ္တာရဲ့အဓိပ္ပါယ်ကို အတိအကျဘာသာပြန်ဖို့ ခက်ပါတယ်။ အချစ်နဲ့ပက်သက်ရင် လူတိုင်းမှာ ကိုယ်ပိုင် ဒဿနတွေ၊ ဖွင့်ဆိုချက်တွေ ကွဲပြားစွာရှိနေနိုင်ပါတယ်။ အချို့က ချောမှလှမှ၊ အချို့က ပစ္စည်းဥစ္စာပြည့်စုံမှ၊ အချို့က ပညာတတ်မှ၊ အချို့က စိတ်သဘောထားကောင်းမှ၊ အချို့က အားလုံးပြည့်စုံမှ စသည်ဖြင့်ပေါ့..။ ဒါပေမယ့် ထိုင်းနိုင်ငံမှာ မကြာသေးမီကမှ လက်ထပ်လိုက်ကြတဲ့ မင်္ဂလာစုံတွဲရဲ့ သတို့သားကတော့ ‘ဝ’တာလေးကိုမှ သိပ်ချစ်မိတယ်လို့ ဆိုပါတယ်။ သူတို့ မောင်နှံရဲ့ မင်္ဂလာဆောင်ပုံရိပ်တွေက ထူးခြားပြီး ချစ်ဖို့လည်းကောင်းပါတယ်။ ဝဝကစ်ကစ်နဲ့ သတို့သမီးလေးက သူမရဲ့အဖြစ်ကို မယုံကြည်နိုင်ဘူးလို့ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ သူမဟာ သာမန်အမျိုးသမီးတွေထက် ‘ဝ’လွန်းတာကြောင့် သူမကို ချစ်မယ့်သူ မရှိဘူးလို့ ထင်နေခဲ့တာပါ။ သတို့သားဖြစ်တဲ့ အမျိုးသားနဲ့ လွန်ခဲ့တဲ့ တစ်နှစ်လောက်တုန်းက အွန်လိုင်းပေါ်မှာ ဆုံခဲ့ပြီး ခင်မင်ခဲ့ကြရင်းက သူမကို ချစ်တယ်လို့ […]