ညီမဖြစ်သူရဲ့ ဘေးနားမှာနေပြီး အမြဲစောင့်ရှောက်ပေးနေတတ်တဲ့ အမွှာ ဝိညာဉ်လေး

ပရိသတ်ကြီးရေ….ဒီတစ်ခါမှာတော့ ဝမ်းနည်းစရာကောင်းတဲ့ အမွှာပူး ကလေး ဝိညာဉ် အကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ အဖြစ်အပျက်ကတော့ ဒီလိုပါ။ အသက် ၁၇နှစ် အရွယ် အမျိုးသမီးတစ်ယောက်က ပထမအိမ်ထောင်နဲ့ အမွှာပူးလေးတွေကို ကိုယ်ဝန်လွယ်ထား ရပါတယ်။ နောက် တစ်ပါတ်လောက်ကြာတော့ အမွှာပူးလေးတစ်ယောက်က အဖတ်မတင်ဘူးတဲ့နော် ပရိသတ်ကြီး…။ တစ်ကယ်စိတ်မကောင်းစရာ အဖြစ်အပျက်ပါ။ အဲ့လိုနဲ့ အမွှာပူးလေးရဲ့ ဝိညာဉ်က သူ့အမေကို ဆက်သွယ်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားပါတော့တယ်။ အဲ့အမျိုးသမီးက ပထမတော့ မယုံပေမယ့် နောက်ပိုင်းမှာ သူ့အမေကော၊ အိမ်နီးနားချင်း သူငယ်ချင်းကပါ မြင်တွေ့လာရတာကြောင့် ပြန်ဆက်သွယ်ဖို့ ကြိုးစားလာပေမယ့် ဘာအရိပ်ရောင်မှ မပြတော့ပါဘူး။ ၁၉၉၅ ခုနှစ် နိုဝင်ဘာလမှာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ မွေးကင်းစ ကလေးလေးရဲ့ အနီးအနားသို့ အဲ့ဝိညာဉ်လေး လာလည်တာကို ခဏခဏ ကြုံတွေ့ခဲ့ရပါတယ်။ […]

အာလူးကို အသုံးပြုပြီး နှင်းဆီပန်းပင် လွယ်ကူစွာ စိုက်ပျိုးနည်း လျှို့ဝှက်ချက်

နှင်းဆီပန်းတွေဟာ ပန်းတွေထဲမှာ အလှဆုံးပန်းတွေဖြစ်တယ်ဆိုတာ လုံးဝငြင်းစရာမရှိပါဘူး။ ဒီလိုလှပတဲ့ တော်ဝင်နှင်းဆီတွေကို အိမ်မှာတင်လွယ်ကူစွာစိုက်ပျိုးနိုင်ပါတယ်။အိမ်မှာနှင်းဆီစိုက်ပျိုးချင်သူတွေအတွက် ရွေးချယ်စရာနည်းလမ်းတွေအများကြီးရှိတဲ့အထဲကမှ အာလူးနဲ့ နှင်းဆီပင်စိုက်ပျိုးနည်း လျှို့ဝှက်ချက်လေးကို ဝေမျှပေးလိုက်ပါတယ်နော်.. လိုအပ်တဲ့စ္စည်းလေးတွေကတော့ ဒီမှာပါ လတ်လတ်ဆတ်ဆတ်ဖြတ်ထားတဲ့ ၈လက်မခန့်အရှည်ရှိတဲ့ နှင်းဆီကိုင်းတစ်ကိုင်း (အပွင့်ပါရမည်) အာလူး (တစ်လုံးကို နှင်းဆီတစ်ကိုင်းစာ) ခဲတံ သို့မဟုတ် ရှည်ပြီး ချွန်တဲ့ တုတ်ချောင်းတစ်ခု အပင်ဟော်မုန်းဆေး (အမြစ်အတွက် သုံးသောဆေးတစ်မျိုး) ပလတ်စတစ်ဘူးခွံအလွတ် ပန်းအိုး (ကြိုက်နှစ်သက်ရာ) ကဲ..ဒီပစ္စည်းလေးတွေစုံပြီဆိုရင်တော့ နည်းလမ်းလေးကို ဆက်ဖတ်ကြည့်လိုက်နော်။ နှင်းဆီပွင့်ကို ညှပ်ပစ်လိုက်ပါ။ အောက်ခြေကနေ ထက်ဝက်အတွင်းမှာရှိတဲ့ အရွက်တွေကိုလည်း ညှပ်ရပါမယ်။ နှင်းဆီပွင့်ရဲ့ အညှာလေးကိုပါ ဖြတ်လိုက်ပါ။ အောက်ခြေနားမှာရှိနေတဲ့ ဆူးတွေကိုလည်း ဖြုတ်လိုက်ပါ။ ပန်းအိုးထဲမှာ မြေဆွေးနဲ့ မြေကြီးတွေကိုထည့်ပြီး စိုထိုင်းထိုင်းလေးဖြစ်သွားအောင် ရေအနည်းငယ်ထည့်ပြီး ရောမွှေပေးရပါတယ်.. ပန်းပင်ရဲ့အောက်ခြေကို ဟော်မုန်းပေါင်ဒါ […]

လူသိနည်းလှတဲ့ နန်းမတော်မယ်နု အုတ်ကျောင်းကြီး နှင့် ထူးခြားလှတဲ့ ရေကန်ကြီး

လူသိနည်းသေးသော နေရာတစ်ခုဖြစ်ပါတယ်။ ရွှေဘိုခရိုင်၊ရေဦးမြို့နယ် မြင်းပေါက်ကျေးရွာမှာ တည်ရှိပါတယ်။ရွှေဘိုကနေ ၁နာရီကျော်ကျော်လောက်ကားမောင်းရတယ်။ရေဦးရောက်ရင် ရေဦးမီးပွိုင့်ကနေ အနောက်ဘက် သံသယ်လမ်းထွက်ကနေ ၅မိုင်လောက်သွားရတယ်။ မူးအကြီးတစ်ခုကိုကျော်ပြီးရင် လမ်းဘေး၌ မြင်းပေါက်ရွာဆိုတဲ့ ဆိုင်းပုဒ်ရှိတယ်။မြင်းပေါက်ရွာထဲကိုဝင်၍ လမ်းဆုံရောက်ရင် အရှေ့ဘက်ကိုသွားရပါတယ်။ပထမဦးဆုံး ရေကန်ကိုတွေ့ရပါမယ်။ ရေကန်ရဲ့ထူးခြားချက်မှာ ဘေးပတ်ပတ်လည် သစ်ပင်ရှိသော်လဲ ရေကန်ထဲ အမှိုက်မရှိပဲ ကြည်လင်နေတာဖြစ်ပါတယ်။အဲ့ကနေဆက်သွားရင် မယ်နုအုတ်ကျောင်းကိုရောက်ပါပြီ။အင်းဝနဲ့မတူတာက အုတ်ကျောင်းအလယ်မှာ တိုင် ၄တိုင်ရှိသေးတယ်။ တစ်တိုင်ကတော့ ပျက်စီးနေတယ်။ပျက်စီးနေတဲ့ အုတ်ကျိုးအုတ်ပဲတွေ ဒီတိုင်းထားရှိထားတယ်။ဘေးမှာလဲ ရှေးဟောင်းစေတီများလဲရှိသေးတယ်။ဘေးပတ်ဝန်းကျင်က ကလေးတွေ ဆော့ကစားမှုကြောင့် နံရံတွေ တစ်ချို့လဲ ပျက်စီးနေတယ်။ရှေးဟောင်းသမိုင်းဝင်နယ်မြေအဖြစ် ထာဝန်ရှိသူများ ဆက်လက်ထိန်းသိမ်းစေချင်ပါတယ်။ ဒီလိုနေရာမျိုးကို ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပြီး နိုင်ငံဝင်ငွေ ရှာဖွေသင့်ပါတယ်. . .နောက်ပြီး ရှေးဟောင်းအမွေ အနှစ်တွေကို သေချာထိန်းသိမ်းသင့်ပါတယ် Source: ရွှေဘိုမြို့အလှပုံရိပ်များ Sony Kaunglay Photography […]

အပေါင်ယူသူတွေမနစ်နာစေဖို့ ရွှေနဲ့ ပတ်သတ်လို့ ဗဟုသုတလေး

ဒီနေ့ဆိုင်ကို အမျိုးသမီးတစ်ယောက်ရွှေလာပေါင်တယ်။ ပစ္စည်းကြည့်လိုက်တော့ သိပ်မသင်္ကာဘူး။ အစစ်နဲ့တော့ အတော်တူတယ်။ ဒါနဲ့ ပန်းတိမ်ဆရာကို ချိတ်လေးနားကို အဆိပ်ချခိုင်းလိုက်တာ့ အတုဖြစ်နေတယ်။ ဒါနဲ့ အဲ့မျိုးသမီးကို ခင်ဗျားကြိုးက အတုဖြစ်နေတယ်ပြေတော့ မဟုတ်ဘူး ကျမဟာ အစစ်တဲ့ ဘောက်ချာပြလို့ရတယ်တဲ့။ ဘောက်ချာပြရရင် ယူခဲ့ မဟုတ်ရင် ရဲစခန်းအပ်မှာဆိုတော့။ ယူခဲ့မယ်ဆိုပြီး ပြန်သွားတယ်။ ကိုယ်ကတော့ ပြန်မလာတော့ဘူးထင်နေတာ။ ခဏနေတော့ ဘောက်ချာယူလာတယ်။ ဒါနဲ့ ဘောက်ချာကြည့်လိုက်တော့ ၆ ပဲသားကျော်ကို တစ်သိန်းနဲ့ရောင်းထားတယ်။ ခင်ဗျား ဒီဈေးနဲ့ ဘယ်လိုဖြစ်နိုင်မှာလည်း ကြည့်အုံးဆိုတော့ စာတောင်မတက်ဘူး။ မသိဘူး ကျမကို ဒင်္ဂါးရွှေဆိုပြီးရောင်းလိုက်တာတဲ့ မူဆယ် အလုပ်သွားရင်လုပ်လာတာတဲ့။ ဒါနဲ့ အဲ့ဆိုင်ကို ဖုန်းဆက်လိုက်တယ် ။ ကိုင်တယ်။ ရွှေလ၀န်းဆိုင်ကလားဆိုတော့ ဟုတ်တယ်တဲ့။ မူဆယ်ကလားဆိုတော့ ဟုတ်တယ်တဲ့။ဲ ဒါနဲ့ခင်ဗျားတို့ဆိုင်က ၀ယ်လာတာလို့ပြောတယ်။ […]

ဖုန်းအားသွင်းခြင်းနဲ့ ပတ်သက်ပြီးမှားရွင်းတဲ့ အယူအဆများ

(၁)- ညဘက်ဖုန်းအားသွင်းပြီး မအိပ်သင့်… မှားပါတယ် ။ အဆင့်မြင့် Lithium ion ဘတ္တရီတွေဟာ မီးအားပြည့်တဲ့အခါ မီးအားသွင်းခြင်းကို အလိုအလျောက်ရပ်တန့်လိုက်တဲ့အတွက် အားသွင်းလွန်ပြီးထပေါက်မှာ စိုးရိမ်ဖို့မလိုပါဘူး။ စိုးရိမ်ဖို့လိုတာတစ်ခုကတော့ အပူလွန်ကဲခြင်းပါ ။ တကယ်လို့ပူလောင်တဲ့နေရာတစ်ခုမှာ မီးအားသွင်းထားခဲ့ရင်တော့ ထပေါက်နိုင်ချေရှိပါတယ်။ (၂)- ဖုန်းကို “0” ရာခိုင်နှုန်းအထိ အသုံးပြုသင့်.. တကယ်တော့ ဖုန်းဘတ္ထရီတွေဟာ အားအနည်းငယ်ကုန်တာနဲ့ အားသွင်းလေလေ ကြာကြာခံလေပါပဲ ။သုတေသီတွေကတော့ ၄၀ ရာခိုင်နှုန်း ကနေ ၈၀ ရာခိုင်နှုန်းကြားမှာ ဖုန်းကိုအသုံးပြုမယ်ဆိုရင် ဘတ္ထရီသက်တမ်းပိုရှည်လိမ့်မယ်လို့ပြောထားပါတယ်။ ဒီတော့ ဖုန်းကို ၀ ရာခိုင်နှုန်းအထိ အသုံးပြုဖို့မလိုပါဘူး။ (၃)- ဖုန်းအားသွင်းကြိုးကို ပလပ်ပေါက်မှာတပ်မထားသင့်… အားသွင်းကြိုးခေါင်းတွေမှာ အသုံးပြုပြီးရင် ပလတ်ဖြုတ်ပါ ၊ မီးဘေးအန္တရာယ်ရှိသည်လို့ရေး ထားပေမယ့် ဖြစ်လေ့ဖြစ်ထမရှိသလောက်ကိုရှားပါတယ်။ အားသွင်းကြိုးတွေ မီးထလောင်တတ်တဲ့ […]

ဓာတ်ပုံနောက်ကွယ်က တကယ့်အဖြစ်မှန်

ဒီဓာတ်ပုံကိုတော့ တော်တော်များများ မြင်ဖူးကြမှာပါ။ ကမ္ဘာကျော် အဖြူအမည်းဓာတ်ပုံတွေထဲမှာ မကြာခဏဖော်ပြခံထားရတဲ့ ဓာတ်ပုံဖြစ်ပြီး ဓာတ်ပုံရိုက်ကူးသူဟာလည်း ဒီဓာတ်ပုံကြောင့် နာမည်ကြီးခဲ့ပါတယ်။ ဒီဓာတ်ပုံဟာ ဗီယက်နမ်စစ်ပွဲကာလအတွင်း ၁၉၆၈ ခုနှစ်က ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံဖြစ်ပါတယ်။ ဒီဓာတ်ပုံအကြောင်းသိပြီးဖြစ်တဲ့ မိတ်ဆွေများရှိနိုင်သလို မသိသေးတဲ့မိတ်ဆွေများလည်း ရှိနိုင်ပါတယ်။ မသိသေးတဲ့ မိတ်ဆွေများအတွက် ဗဟုသုတ အနေနဲ့ဝေမျှလိုက်ပါတယ်။ ဒီဓာတ်ပုံရဲ့ အကြောင်းကို ဘာမှ မသိပဲ ပုံမှန်အတိုင်းကြည့်မယ် ဆိုရင်တော့ အရာရှိတစ်ယောက်ဟာ အရပ်သားတစ်ဦးကို သေနတ်နဲ့ ပစ်သတ်နေတာကို မြင်ရမှာပါ။ အရမ်းရက်စက်လွန်းတဲ့မြင်ကွင်းဖြစ်ပြီး ဒီဓာတ်ပုံကိုမြင်တဲ့သူတိုင်း ပစ်သတ်တဲ့အရာရှိအပေါ်ကို စက်ဆုပ်ကောင်း စက်ဆုပ်ပြီး အသတ်ခံရတဲ့သူအပေါ်မှာ ကရုဏာသက်မိပါလိမ့်မယ်။ ဒါပေမယ့် ဒီဓာတ်ပုံရဲ့နောက်ခံအကြောင်းကိုသိရင်တော့ အမြင်တစ်မျိုးပြောင်းသွားနိုင်ပါတယ်။ ဒီဓာတ်ပုံထဲမှာပါတဲ့ သေနတ်ကိုင်ထားတဲ့ အရာရှိဟာ တောင်ဗီယက်နမ်ဗိုလ်ချုပ်တစ်ဦးဖြစ်တဲ့ Nguyen Ngoc Loan ဖြစ်ပါတယ်။ အပစ်သတ်ခံရသူကလည်း သာမန် […]

ပင်စိမ်းပင် အိမ်မှာစိုက်ပျိုးသင့်သော အကြောင်းရင်း

1. ပင်စိမ်း အရွက်ကိုနေတိုင်းစားပေးခြင်းအားဖြင့် အူလမ်းကြောင်း ဝမ်းဗိုက်နှင့် ပါးစပ်တွင်ဖြစ် တက်သောရောဂါများ ကင်းဝေးပီး အစာခြေစနစ်ကိုကောင်းမွန်စေပါသည် ။ 2. ပင်စိမ်း အရွက်ကို ရေထဲတွင်စိမ်ပြီး နေတိုင်းသောက်လာပါက ဆီးချိုရောဂါ မဖြစ်အောင် ကာကွယ်ပေးသည်။ 3. ပင်စိမ်း အရွက်ကို ပထမရက် ရေချိုးမည့်ရေတွင် စိမ်ထားပြီး နောက်နေ့ရေချိုးပါက ချွေးအနံ့ မထွက်အောင်ကာကွယ်ပေးသည်။ 4. ပင်းစိမ်း အရွက်ကို သံပုရာရည်ရော၍ကျိတ်ပြီး အရေပြားပေါ်တွင်လိမ်းပေးပါက အရေပြားရောဂါများဖြစ်သောဝဲ နှင်းခူ နှင့် ယားနားများပျောက်ကင်းသည် ။ 5. ပင်စိမ်း စေ့ကို ကောင်းစွာကျိတ်ပြီးစားပေးလျှင် ဆီးနှင့်ပတ်သက်သောရောဂါများပျောက်ကင်းသည်။ 6. ပင်စိမ်း သတ္တုရည်ကို သံပုရာရည်ရောပြီ တစ်ပတ်တကြိမ် ခေါင်းလျှော်ပေးပါက သန်း ဗောက်ဖက်များကင်းဝေးမည်။ 7. သန့်ရှင်းသောမြေအိုးရေထဲတွင် ပင်စိမ်းအရွက်ထည့်၍ နေ့တိုင်းသောက် လာပါက […]

တစ်သက်မှာ တစ်ခါဖူးမြော်ဖို့ ခဲယဉ်းလှသည့် ဗုဒ္ဓမြတ်စွာဘုရား၏ အံတော်

ဖျာပုံသူ ဖျာပုံသား များ နှင့် မြန်မာ တစ်ပြည်လုံးမှာရှိတဲ့ ဖူးချိန်တန် ဖူးထိုက်လို့. ဖူးမျှော်ခွင့်ရလို့ ထင်ပါပြီ။ကျွန်တော်ကလေးဘဝတည်း က ဘိုးဘိုး ၊ဘွားဘွား၊ဘိုဘေး အစဉ်အဆက်ကတည်း က ဖျာပုံမှာ ဗုဒ္ဓမြတ်စွာဘုရား အံ့တော် နှင့် ဆံတော်တစ် ဆူ ကိမ်းဝပ်နေတယ် လို့ သိခဲ့ရပါတယ်။ သမိုင်းအစဉ် အလား အရ ရှေးကျတဲ့ မြို့တွေက အမည်နှစ်လုံးတည်း နဲ့ အမည်ပေးခဲ့တဲ့ တချိန်က မွန်ဒေသတွေပေါ့။ပုဂံ၊ရန်ကုန်၊တွံတေး၊ဒလ၊သထုံ၊ဖျာပုံ၊ပုသိမ်၊စတဲ့ ရှေးကျတဲ့ မြို့တွေ အများကြီးပေါ့။ အဲအထဲမှာ မွန်ဘုရင်များ အဆက်ဆက် အုပ်စိုးခဲ့တဲ့ ဖျာ ပုင်း ဆိုတဲ့ ထမင်းဈေးမြို့ကလေး တစ်ခုလည်း ပါဝင်ခဲ့တာပေါ့။ကျိုက်ပတိုင်း စေတီ တော်မြတ်ကြီးကို မြန်မာ သက္ကရာဇ်(၆၀၀)ခုနှစ်မှာ တည်ထားကိုး ကွယ်ခဲ့တယ်။ လုပ်ဥကုန်ကျိုက်ခမွမ် စေတီတော်ကို […]

သိကြားမင်း ရှိခိုးခံထိုက်တဲ့သား မိခင်အား ဥပုသ်စောင့်သီလဆောက်တည်နိုင်ရန်စမ်းရွှေညောင်ပင်ကျောင်းတိုက်သို့ ကျောပိုးပီးပို့ဆောင်နေတဲ့သား

သိကြားမင်း ရှိခိုးခံထိုက်တဲ့သား မိခင်အား ဥပုသ်စောင့်သီလဆောက်တည်နိုင်ရန်စမ်းရွှေညောင်ပင်ကျောင်းတိုက်သို့ ကျောပိုးပီးပို့ဆောင်နေတဲ့သားအားလေးစားသာဓုခေါ်မိပါတယ်…… crd Ref Oo Ye Htut Oo Ye Htut Gyi မိဘကျေးဇူးကိုသိပြီး ကျေအောင်ပြန်ဆပ်မယ်ဆိုရင် လောကမှာရှိတဲ့ ပစ္စည်းဥစ္စာတွေ ( ရွှေ ငွေ စသည်ပေါ့လေ)တောင်ပုံရာပုံ ပုံပြီးပေးပေမဲ့ မိဘကျေးဇူးမကျေပါဘူးတဲ့။ သားသမီးတွေက တတ်နိုင်လို့ လောကမှာ စကြာမင်း တို့ရဲ့ စည်းစိမ်ချမ်းသာများကို ရအောင်လုပ်ပေးတာတောင် မိဘကျေးဇူးမကျေပါဘူးတဲ့ ။ အဲဒီလောက်ထိအောင် မိကျေးဇူးဟာကြီးမားပါတယ်။ ဘယ်လိုဆပ်မှကျေနိုင်သလဲဆိုရင်- ( ၁ ) အသဒ္ဓေ သဒ္ဓါ သမ္ပဒါယ သမာဒပေတိ…..တဲ့။ သဒ္ဓါ တရားမရှိတဲ့ မိဘတွေ သဒ္ဓါတရားရှိအောင်သဒ္ဓါတရားနဲ့ပြည့်စုံအောင်သားသမီးတွေကတိုက်တွန်းပေးရတယ်။ ဘုရား ၊တရား ၊ သံဃာ ရတနာသုံးပါးကို မကြည်ညိုသေးရင် ကြည်ညိုလာအောင် ကံ […]

တစ်ဦးတည်းသော ကမ္ဘာ့အဆင့် ဆုတံဆိပ် ၈ခုရှင် လက်ဝှေ့ချန်ပီယံ

“ကမ္ဘာက ဘယ်လို ပုံလဲ” (လုံးတယ် ဆရာ) “တခြားလူ အတွက်တော့ ကမ္ဘာက လုံးတယ်၊ မင်းကမ္ဘာကတော့ လေးထောင့်ပဲ၊ ပေ ၂၀ ပတ်လည်ရှိတဲ့ ဒီကြိုးဝိုင်းဟာ အခု မင်းရဲ့ကမ္ဘာပဲ” (ဟုတ် ဆရာ) မြန်မာ-အိန္ဒိယ နယ်စပ်၊ မဏိပူရနယ် တောရွာထဲက ဆင်းရဲတဲ့ မိသားစုက မွေးပြီး အရပ် ၅ ပေ ၂ လက်မပဲ ရှိတဲ့၊ ချူနီဇန် (Chungneizang) ဆိုတဲ့ ကောင်မလေးရဲ့ အိမ်မက်က ဘောက်ဆင် (Boxing) ထိုးချင်တာ၊ ရှေးရိုး အယူအဆ သိပ်ကြီးတဲ့ အသိုင်းအဝိုင်းမှာ ဒါကို လက်မခံနိုင်ဘူး … သူအဖေဆို လုံးဝ ခွင့်မပြုဘူး၊ မျက်နှာ အလှအပ မရှိတဲ့ မိန်းကလေးကို ဘယ်ယောင်္ကျားက […]