မျက်လုံးမှတဆင့် ဝူဟန်ဗိုင်းရပ်စ် ကူးစက်နိုင်ကြောင့် တရားဝင်ထုတ်ပြန်လိုက်ပြီ
ယနေ့(ဇန်နဝါရီ ၂၅) မွန်းလွဲပိုင်းအချိန်အထိစာရင်းများအရ ဝူဟန်ကိုရိုနာဗိုင်းရပ်စ်မှာ နိုင်ငံပေါင်း ၁၄ နိုင်ငံတွင် ဖြစ်ပွားနေပြီဖြစ်ကာ ဗိုင်းရပ်စ်တွေ့ထားသူ ၁၃၆၄ ဦးနှင့် သေဆုံးသူ ၄၁ ဦးရှိနေသည်။ အများဆုံးမှာ တရုတ်နိုင်ငံမှပင်ဖြစ်ပြီး သေဆုံးသူများအားလုံးသည်လည်း တရုတ်နိုင်ငံမှ ဖြစ်နေသည်။ “ဗိုင်းရပ်စ်ကူးစက်ခံထားရသည့် ဆရာဝန်ကွယ်လွန်” ဝူဟန်ဗိုင်းရပ်စ်ပျံ့နှံမှုတွင် လူနာများကိုကုသမှုပေးကာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသည့် အသက် ၆၂ နှစ်အ ရွယ်ရှိ ဆရာဝန်တစ်ဦးသည်လည်း ယနေ့(ဇန်နဝါရီ ၂၅) နံနက်တွင်ကွယ်လွန်သွားသည်။ ဟူဘေးဆေးရုံမှ ဒေါက်တာ Liang Wudong ဖြစ်ပြီး ဗိုင်းရပ်စ်ကူး စက်ခံရပြီး ၉ ရက်အကြာတွင်သေဆုံးခဲ့ခြင်းဖြစ်သည်။ ဝူဟန်ဗိုင်းရပ်စ်ကုသရေးတွင် ဗိုင်းရပ်စ်ကူးစက်ခံထားရသည့် ကျန်းမာရေးဝန်ထမ်းအများအပြား ရှိနေသည်။ ပီကင်းတက္ကသိုလ်မှ အသက်ရူလမ်းကြောင်းပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင် Wang Guangfa သည် လည်း ဝူဟန်ဗိုင်းရပ်စ်ကူးစက်ခံထားရသည်။ ဝူဟန် မြို့သို့ကျွမ်းကျင်ပညာရှင်များပါဝင်သည့်အဖွဲ့နှင့်သွားရောက်စစ်ဆေးခဲ့ရာတွင် နှာခေါင်းနှင့်ပါးစပ် […]
ဝူဟန်ကိုရိုနာ ဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးကို ကနေဒါနိုင်ငံတွင် စတင်ဆောင်ရွက်နေပြီ
ကနေဒါ၊ ဇန်န၀ါရီ ၂၅ – ကနေဒါနိုင်ငံ Saskatchewan တက္ကသိုလ်မှ အပြည်ပြည်ဆိုင်ရာ ကာကွယ်ဆေးဌာနသည် ဝူဟန်ကိုရိုနာ ဗိုင်းရပ်စ်ကာကွယ်ဆေးဖော်စပ်နိုင်ရေးအတွက် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်းသိရသည်။ ယင်းဌာနသည် Corona ဗိုင်းရပ်စ် မျိုးကွဲများအား ကာကွယ်သည့် ဆေးများကို ဖော်စပ်နိုင်ခဲ့ပြီးဖြစ်သည်။ လက်ရှိတွင်မူ ကနေဒါနိုင်ငံ အဓိကလေဆိပ်များတွင် အဆိုပါဗိုင်းရပ်သင့်သူများကို စစ်ဆေးရန်အတွက် Thermal Scanner များ တပ်ဆင်ထားခြင်းမရှိသေးကြောင်း ကနေဒါနိုင်ငံ ဆေးဖက်ဆိုင်ရာ အရာရှိချုပ်ကပြောသည်။ SARS ဗိုင်းရပ်စ်ပြန့်ပွားခဲ့စဉ်က ကနေဒါနိုင်ငံသည် လူပေါင်းသန်းနှင့်ချီ၍ စစ်ဆေးခဲ့သော်လည်း ကူးစက်သူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ကြောင်း သူမကပြောသည်။ ယခုလက်ရှိတွင် ကနေဒါနိုင်ငံ အဓိက လေဆိပ်များဝယ် ဗိုင်းရပ်စ် ကူးစက်မှု စစ်ဆေးရန် Thermal Scanner များ မတပ်ဆင်ထားသော်လည်း နိုင်ငံတကာမှရောက်ရှိလာသည့် ခရီးသွားများအနေဖြင့် မိမိတွင် အဖျားရှိ/မရှိကို […]
Corona Virus ကူးစက်ခြင်းမခံရ‌အောင် ဒီအချက်တွေကိုလိုက်နာပါ
တရုတ်နိုင်ငံ ဝူဟန်ပြည်နယ်က ဟွာနန်ပင်လယ်စာဖြန့်ချီရေးဆိုင်က အလုပ်သမားတွေနဲ့ ဖောက်သည်တွေဆီမှာစတင်တွေ့ရှိရတဲ့ corona virus ဟာအရင်ကတခါမှမကြုံတွေ့ရဖူးသေးတဲ့ အမျိုးအစား (novel virus) လို့သိရပါတယ်။ ပင်လယ်စာကနေစတင်ကူးစက်ဖြစ်ပွားပြီး လူလူချင်းကူးနိုင်တယ်လို့လည်း တရုတ်နိုင်ငံ national health commission ကအတည်ပြုထားပါတယ်။ ကူးစက်ခံရသူတွေဟာနမိုးနီးယားလိုရောဂါလက္ခဏာတွေခံစားရလေ့ရှိပြီး ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်းတွေဖြစ်ပွားလေ့ရှိတယ်။ ဒီ virus ကမြန်မာနိုင်ငံမှာမတွေ့ရသေးပေမယ့်လည်း ကြိုတင်ကာကွယ်ဖို့နည်းလမ်းတွေဖော်ပြပေးလိုက်ပါတယ်။ လက်ဆေးပါ – လက်တွေညစ်ပတ်ပေရေနေပြီလို့ မြင်တာနဲ့ ဆပ်ပြာနဲ့ရေသုံးပြီးဆေးကြောပါ။ ညစ်ပေနေတယ်လို့ မျက်စိနဲ့မမြင်ရရင်တောင် ဆပ်ပြာနဲ့ရေ ဒါမှမဟုတ် လက်သန့်ဆေးရည်နဲ့ ဆေးကြောဖို့လိုပါတယ်။ တခြားသူတွေဆီ မကူးစက်ပါစေနဲ့ – ကိုယ့်မှာ အဖျားရှိနေတယ် ဒါမှမဟုတ် အေအးမိဖျားနာလက္ခဏာတွေပြနေတယ်ဆို တခြားသူတွေနဲ့ နီးနီးကပ်ကပ်မနေပါနဲ့။ လူအများသွားလာနေတဲ့နေရာမှာ စည်းကမ်းမဲ့တံတွေးမထွေးပါနဲ့။ ဆေးဝါးကုသမှုလည်း ခံယူသင့်ပါတယ်။ နှာချေရင် ချောင်းဆိုးရင် လက်ကိုင်ပုဝါ တစ်ရူး‌တွေကိုသုံးပါ။ […]
ဆံပင် မကျွတ်တော့ပဲ ဆံပင်တွေသန်လာပြီး အကြောပြေစေတဲ့” ည အိပ်ယာဝင်ခါနီးတိုင်း ဆားနင်းခြင်း
နေ့စဉ်အချိန်မှန် ည အိပ်ယာဝင်ခါနီးတိုင်း ဆားနင်းခြင်း ဆားနင်းရင် ကိုယ်တွင်းအောင်းပူတွေ ထွက်စေသည်။ နင်းပုံနင်းနည်းကတော့ …မနင်းခင် ခြေထောက်ကို.. ပေါင်ရင်းကစပြီး ရေလောင်းဆေးပါ..ခြောက်အောင်သုတ်ပါ…။ ဆား ၁ ပိဿာ (၂ပိဿာဆို ပိုကောင်း) ဆန့်တဲ့ ဇလုံကြီးထဲထည့်ပြီး နင်းပါ…။နာရီဝက်လောက် ဆက်တိုက်နင်းရင်းနဲ့ ခြေထောက်က…ချွေးများ ထွက်လာတာ တွေ့ရပါမယ်…။ မိနစ် ၃၀ -၄၀ – ၁နာရီ ကိုယ်ကျေနပ်သည်ထိ နင်းပြီးတာနဲ့…မနင်းခင် အသင့်ဆောင်ထားတဲ့ ပုဝါနဲ့ခြေထောက်ကို ဆားဇလုံထဲ ပွတ်ချပြီး ဆားတွေပြောင်အောင် သုတ်ပါ…ခြေထောက်ကို လုံးဝ(လုံးဝ) ရေပြန်မဆေးရပါ…ခြေထောက်ပြောင်တာနဲ့ အိပ်ယာဝင်ပါ… ပထမနေ့မှာပဲ နှစ်ခြိုက်စွာ အိပ်ပျော်ပါမယ်…။အကြောပြေ.. ခြေကျဉ် ထုံနာတွေ ပျောက်ကင်း..ခြေကွဲခြင်း မရှိ… ဆံပင် မကျွတ်တော့ပဲ…နဂိုဆံပင်သန်သူတွေ ပိုပြီး ဆံပင်တွေသန်လာမည်. ကျန်းမာခြင်းကိုအားပေးမည် … San Maung […]
(၈) နှစ် လောက် ခံစားခဲ့ရတဲ့ ဒူးနာရောဂါ ကို (၅)ရက်လောက် ကုလိုက်တာ သက်သာပျောက်ကင်းသွားတဲ့ ဆိုတဲ့ ကိုယ်တွေ့ ဒူးနာပျောက် ဆေးနည်း
၈ နှစ်လောက်ခံစားခဲ့ရတဲ့ဒူးနာရောဂါကို ၅ ရက်လောက်ကုလိုက်တာ သက်သာပျောက်ကင်းသွားတယ်ဆိုတဲ့ ကိုယ်တွေ့ဒူးနာပျောက်ဆေးနည်းလေး မျှဝေပေးလိုက်ပါတယ်။မင်္ဂလာပါရှင် လက်တွေ့လေးမို့ မျှဝေပါတယ်။ အဆင်ပြေမယ်ထင်ပါတယ်။ အမေက ခုထိ ဒူးနာတာ ၈ နှစ်ပါ။အင်္ဂလိပ် မြန်မာ ဆေးနည်းလည်းစုံနေတာပါ။ ပြောသမျှ ပျောက်နိုး ကောင်းနိုးရာရ လိုက်သုံးတာလည်းကြာ ခုထိလည်း မသက်သာ။ အခုတော့ ညစဉ် ဆေးစည်းပြီး အိပ်တာ ၅ ရက်မှာ အတော်ကိုသိသာပြီး သက်သာလာပါတယ်။ ငွေလည်းမကုန် ဘေးထွက်လည်း မရှိတာမို့ ဘာကြောင့်နာနာ စမ်းသုံးကြည့်ပါလို့။ ဆေးနည်းကတော့ လက်ဖက်အသားအစိုနဲ့ ကျောက်ချဉ်ခဲကို ဆတူထောင်းပြီး နာနေတဲ့ ဒူးဂေါင်းမှာ စည်းပေးထားလိုက်ပါ။ မနက်မှာ ပြန်ခွာ နောက်ညမှာ စည်းအိပ်ရုံလေးပါဘဲ။ ဝေဒနာရှင်များ သက်သာပျောက်ကင်းကြပါစေလို့။ source: မူရင်းရေးသားသူ Unicode (၈) နှစ် လောက် […]
အထူးကု ဆရာဝန်နဲ့ ပြပြီး မပျောက်တဲ့ ချောင်းဆိုးရင်ကျပ် ရောဂါကို (၅) ရက်ထဲ နဲ့ ပျောက်ကင်းစေတဲ့ ဆေးနည်း
အထူးကု ဆရာဝန်နဲ့ ပြပြီး မပျောက်တဲ့ ချောင်းဆိုးရင်ကျပ် ရောဂါကို (၅) ရက်ထဲ နဲ့ ပျောက်ကင်းစေတဲ့ ဆေးနည်း”ကို စာဖတ်ပရိသတ်များ အသုံးပြုသောက်သုံးနိုင်စေရန် ရေးသားဖော်ပြလိုက်ပါတယ်။ငွေမကုန်ပဲ ရောဂါ သက်သာစေတဲ့ ဆေးနည်းမို့. ကျမနဲ့..ရောဂါတူသူများ..ရှိရင်.စမ်းသောက်ကြည့်စေချင်ပါတယ်။ နေ့စဉ်..ရက်ဆက်ချောင်းဆိုးရင်ကျပ်ဖြစ်နေတာ.ရက်၂၀ကျော်နေပီဖြစ်ခါစတပါတ်လောက်အထိ..နေ့တိုင်း.ဆေးခန်းသွားပြတယ်။မသက်သာဘူး..လေပြွန်ရောင်တာနဲ့.ချောင်းဆိုးရင်ကျပ်တွဲဖြစ်တော့..နေရဆိုး..ဆေးနည်းမိုးစုံ.ဝယ်သောက်။ဒါလဲ.မပြောက်ဘူး..ရက်၂၀ကျော်လာတော့.လူကြီးတွေက..စိုးရိမ်လာလို့.အထူးကုနဲ့.ပြတော့.ဒီတိုင်းမဖြစ်ဘူး.ဆိုပြီး.ဆေးရုံသွားဖို့..စီစဉ်နေတုန်း.. အိမ်ကို.ရွာကဦးလေးအလည်ရောက်တာနဲ့ကြုံရောဦးလေးက.နေဦး ဆေးရုံမသွားသေးနဲ့ဦး သဘောင်္ရွက်ရေနွေးစိမ်သောက်ကြည့်စမ်း ဆိုတာ နဲ့ အာ့နေ့ တနေ့လုးံဝင်သလောက် သဘောင်္ရွက် ကို ရေနွေးစိမ်သောက်တာညကျ အိပ်နိုင်တယ် ဒါနဲ့ရောဂါ သက်သာတာပဲ ဆိုပြီး နောက်ရက်တွေ ဆက်တိုက်သောက်ပေးတာ ၅ရက်လောက်နေတော့ ချောင်းဆိုး ရင်ကျပ် လေပြွန်ရောင်တာ အရှင်းပြောက်သွားတယ်။ သဘောင်္ရွက်ကို အသုးံပြုပုံက. အရွက်စိုကိုပဲဖြစ်ဖြစ်အရွက်ခြောက်ကိုပဲ ဖြစ်ဖြစ် ခွက်ထဲ ထည့် အပေါ်ကနေရေနွေးပူပူကို လောင်းထဲ့ပြီးမပူမအေးလေးမှာ သောက်လို့ရပီ သောက်ခါစမှာ.အရွက်စိမ်းစော် နံနေပေမဲ့ သုးံခွက်လောက် သောက်ပြီးသွားရင် အဆင်ပြေပြေသောက်နိုင်သွားပြီး… ဆေးနည်းဒါန […]
ဘီယာသောက်သုံးခြင်းက အကိုက်အခဲပျောက်ဆေး သောက်တာထက် ပိုကောင်းကြောင်းတွေ့ရှိ
မကြာခင်က Trevor Thompson ဆိုတဲ့ ပညာရှင်တစ်ဦးက ဘီယာသောက်တာဟာ အကိုက်အခဲပျောက်ဆေး သောက်တာထက် ခန္ဓာကိုယ်အတွက် ပိုကောင်းတယ်လို့ ပြောခဲ့ပါတယ်။ ဘီယာနှစ်ခွက် သောက်တာက ခန္ဓာကိုယ်မှာဖြစ်နေတဲ့ နာကျင်ကိုက်ခဲ ညောင်းညာနေတာတွေကို အကိုက်အခဲပျောက်ဆေး သောက်တာထက် ပိုမြန်မြန်သက်သာစေနိုင်တဲ့အစွမ်းရှိတယ်ဆိုတာ သိရှိခဲ့တာပါ။ ဒီ အ ဆို ကို မှန် မ မှန် စမ်း ဖို့ သပ် Greenwich University က သိ ပ္ပံ ပ ညာ ရှင် တွေ က လူ အ ယောက် ၄၀၀ ကျော် ကို ဘီ ယာ သောက် ထား တဲ့ သူ နဲ့ မ သောက် […]
ကာမအားနည်း ရောဂါနှင့် တိုင်းရင်းဆေးစွမ်း အံ့မခမ်း
တိုင်းရင်းဆေးနှင့် အမျိုးသားရောဂါ အချို့ အိမ်ထောင်သည် အမျိုးသားများတွင် လျှို့ဝှက်သော ရောဂါတို့ဖြင့် ရင်ဆိုင်နေရတတ်ပါ၏။ များသောအားဖြင့် ထိုရောဂါမှာ လိင်ပိုင်းဆိုင်ရာရောဂါဖြစ်ပါသည်။ ထိုသို့ဆိုပါလျှင် မြန်မာလူမျိုးများအနေဖြင့် အမျိုးသားများနှင့် အမျိုးသမီးများပါ တွန့်ဆုတ်သွားတတ်ပြန်သည်။ အကြောင်းကား အရှက်အကြောက်ကြီးခြင်းပင် ဖြစ်သည်။ မိသားစုဘ၀ အိမ်ထောင်သုခ ပြည့်စုံစေရေးသည် ဘဝတစ်ခု၏ မီးရှူးတန်ဆောင်နှင့်လည်း တူလှသည်။ အမျိုးသားများသည် မိမိလိင်ပိုင်းဆိုင်ရာ အားနည်းချက်အား ပွင့်ပွင့်လင်းလင်းမပြောလိုကြပေ။ အချို့မှာ အချိန်မတိုင်မီ သုက်လွတ်စောခြင်း၊ ပန်းသေခြင်း၊ ပန်းညှိုးမြန်ခြင်းအပြင် အခြားသော လိင်ပိုင်းဆိုင်ရာ အားနည်းမှုများ ရှိနေတတ်ပါသည်။အဆိုပါ လက္ခဏာရပ်များကို စုပေါင်း၍ပြောရပါမူ ကာမအားနည်းရောဂါဟု ဆိုရပါလိမ့်မည်။ အဆိုပါရောဂါတို့ ဖြစ်ပေါ်နေပါက လွယ်ကူစွာဖြေရှင်းနိုင်သော ဆေးဖက်ဝင် အပင်အချို့ကို တင်ပြရပါမူ ကသစ် ကသစ်ပွင့်နှင့် အမြစ်ကို အိမ်တွင်းကုသဆေးအဖြစ် အသုံးပြုနိုင်ပါသည်။ ကသစ်အပွင့်နှင့်အမြစ်ကို ဆတူယူ၍ […]
မျက်ကပ်မှန် မချွတ်ဘဲ ရေချိုးခဲ့တာကြောင့် မျက်လုံးတစ်ဖက် ကန်းသွားခဲ့တဲ့အမျိုးသား
ယနေ့ခေတ်ကာလမှာတော့ မျက်ကပ်မှန်ကို မိန်းကလေးတွေသာမက ယောက်ျားလေးတွေပါ အလှအပအတွက် လိုက်တပ်လာကြတာတွေ့ရပါတယ်။ ဒီမျက်ကပ်မှန်တွေကြောင့် မျက်လုံးရဲ့အလှဟာ ပိုမိုပေါ်လွင်စေတယ်ဆိုတာမှန်ပေမယ့် မသန့ှ်ရှင်တဲ့လက်တွေနဲ့ပဲဖြစ်ဖြစ် သေချာဂရုမစိုက်ဘဲ ကိုင်တယ်မိတဲ့အခါမျိုးမှာတော့ ပိုးမွှားတွေဝင်ပြီး မိမိတို့ရဲ့ မျက်လုံးကို ထိခိုက်မှုတွေရှိလာစေပါတယ်။ Nick Humphreys လို့ခေါ်တဲ့ အမျိုးသားတစ်ဦးဟာဆိုရင်လည်း သူဟာ မျက်ကပ်မှန်ကို မချွတ်မိဘဲ ရေချိုးမိခဲ့လို့ ဆိုးရွားတဲ့ အဖြစ်ဆိုးကြီးနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ သူကြုံတွေ့ခဲ့ရတာကတော့ မျက်ကပ်မှန်ကိုမချွတ်ဘဲ ရေချိုးမိရာကနေ မျက်လုံးထဲကို ပိုးတွေဝင်ပြီး နောက်ဆုံးသူ့ရဲ့ ညာဘက်မျက်လုံးဟာ လုံးဝကိုကန်းသွားခဲ့တာပဲဖြစ်ပါတယ်။ သူ့အနေနဲ့ဆိုရင်လည်း သတိမမူမိလိုက်တဲ့ ကိစ္စသေးသေးလေးကနေ အခုလို မျက်လုံးတဖက် ကန်းသွားခဲ့တဲ့အတွက် အင်မတန်ကိုမှ နောင်တရနေခဲ့တယ်လို့သိရပါတယ်။ ပရိသတ်တွေထဲမှာလည်း မျက်ကပ်မှန်တပ်တဲ့သူတွေရှိရင် ဘာမှမဖြစ်လောက်ပါဘူးဆိုပြီး သတိမမူဘဲ လုပ်လိုက်မိတဲ့အရာလေးကနေ ၎င်းအမျိုးသားကို မျက်လုံးကန်းသွားတဲ့ ဖြစ်ရပ်ဆိုးကြီးမကြုံတွေ့ရအောင် သတိထားကြဖို့ တိုက်တွန်းလိုက်ပါရစေ။ Source – […]