ခေတ်ပေါ်ကင်မရာတွေ လုံးဝမသုံးဘဲ ဖုန်းတစ်လုံး နဲ့သာ ရိုက်ထားတဲ့ ကမ္ဘာ့အဆင့်မှီ မြန်မာရုပ်ရှင် ထွက်ပေါ်

မြန်မာရုပ်ရှင်လောကရဲ့ ကျချိန်လို့ ပြောနိုင်တဲ့ လက်ရှိကာလမှာ မြန်မာဇာတ်ကား ၈၀ ရာခိုင်နှုန်းလောက်က ပေါကားတွေ ဖြစ်နေတာလည်းပါပါတယ်။ ဒါကြောင့် မြန်မာပရိသတ်တွေဟာ ဘဝကို အပျင်းပြေဖို့အတွက် ပေါကားတွေကိုသာ အကောင်းစားအမှတ်နဲ့ ကြည့်ရှုနေရတာလည်း အားလုံးအသိပဲဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ လူငယ်ဒါရိုက်တာတွေ ပေါ်လာပြီးတော့ သူတို့ရဲ့ အတွေးအမြင် နည်းပညာတွေနဲ့ ပေါင်းစပ်ပြီး အကောင်းစား ရိုက်ချက်တွေကြောင့် အချိန်တို အတွင်းမှာပဲ ပရိသတ်ရင်ထဲကို ထိုးဖောက်နိုင်ခဲ့တာကိုလည်းတွေ့ရပါတယ်။ ဒီလို ကုန်ကျစားရိတ်များတဲ့ ရုပ်ရှင်ကားတွေကို အကောင်းဆုံး ကင်မရာတွေရဲ့ ရိုက်ချက်တွေနဲ့ ဖန်တီးခဲ့ကြတာပါ။ အထူးသဖြင့် နည်းပညာ ၊ စက်ပစ္စည်းတွေ မစုံတဲ့အခါမှာ ကိုယ့်မှာ အတွေးအခေါ်ရှိနေပေမယ့် ဘာမှ လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အတွေးအခေါ်ရှိနေပြီးတော့ ဖုန်းကင်မရာလေးနဲ့ပဲ Short Film ကို ဖန်တီးနိုင်တဲ့ လူငယ်တွေလည်း […]

မိန်းကလေးတစ်ယောက် အကူအညီတောင်းသံကြားလို့ရဲခေါ်ခဲ့ပေမယ့် ကြက်တူရွေးဖြစ်နေ

အိမ်ဘေးနားက အိမ်ကနေ “ငါ့ကိုလွှတ်ပေးပါ” ဆိုပြီး မိန်းကလေးတစ်ယောက် ဆက်တိုက်အော်နေတဲ့ အသံကြားလို့ အိမ်နီးနားချင်းက စိုးရိမ်ပြီး ရဲကိုအကြောင်းကြားခဲ့ပါတယ်။ ဖုန်းခေါ်လိုက်တော့ ရဲသားလေးယောက် ရောက်လာပြီး အဲဒီ့အိမ်ကို စစ်ဆေးမေးမြန်းတာပေါ့။ အိမ်ရှေ့မှာ အိမ်ရှင်က ကားပြင်နေပါတယ်။ ရဲတွေမေးတာကြားတော့ အိမ်ရှင်က ရယ်တာပေါ့။ “ကျွန်တော့် အမျိုးသမီးရဲ့ကားဘရိတ်ကို လဲပေးနေတာပါ။ ကျွန်တော့်ဆီမှာ အသက် ၄၀ အရွယ် ရမ်ဘိုလို့ ခေါ်တဲ့ ကြက်တူရွေးတစ်ကောင် ရှိပါတယ်။ သူက ငှက်နားတန်းပေါ်မှာနားရင်း အမြဲတမ်း သီချင်းဆိုတာ၊ စကားပြောတာမျိုး လုပ်လေ့ရှိပါတယ်။ တစ်နေ့ကျတော့ ရဲသား(၄)ယောက် ကျွန်တော့်အိမ်ရောက်လာတယ်။ မိန်းကလေးတစ်ယောက် အကူအညီတောင်းနေတဲ့အသံမျိုးကြားတယ်ဆိုပြီး အမျိုးသမီးတစ်ယောက် ဖုန်းဆက်လာလို့ လာစစ်ဆေးကြောင်း ပြောပါတယ်။” “ကျွန်တော်လည်း ကျွန်တော့်ကြက်တူရွေးလေး ရမ်ဘိုနဲ့ရဲတွေကို မိတ်ဆက်ပေးလိုက်ပါတယ်။ သူတို့ရော၊ ကျွန်တော်ရော ရယ်လိုက်ရတာ။ နောက်တော့ […]

ပရိတ်သတ်တွေရဲ့စိတ်ကူးအိပ်မက်တွေပြည့်စေဖို့ အတူတူအိပ်ရအိပ်ရဆိုတဲ့ အပြာသရုပ်ဆောင်

အနုပညာသမားတွေအမြဲပြောနေကျစကားတစ်ခွန်းရှိတယ်လေ။ ပရိတ်သတ်ကထမင်းရှင်ပါ၊ အားပေးတဲ့ပရိတ်သတ်ကို အမြဲကျေးဇူးတင်နေပါတယ်ဆိုပြီး။ ဒီလိုပြောတဲ့ အနုပညာရှင်တွေဆိုရင် ပရိတ်သတ်တွေကလည်း အချစ်တွေပိုကြတာ ထုံးစံပါပဲ။ ဒီလိုမျိုး ပရိတ်သတ်ရဲ့ ကျေးဇူးကိုမမေ့ဘဲ တန်ဖိုးထားတဲ့ သရုပ်ဆောင်တစ်ယောက်ရှိပါတယ်။ သူမကတော့ တခြားမဟုတ်ဘဲ Porn Star တစ်ယောက်ဖြစ်တဲ့ Jessa Rhodes ပါ။ Lad Bible မှာ ဖော်ပြချက်အရ သူမဟာ ပရိတ်သတ်ရဲ့ စိတ်ကူးအိပ်မက်တွေကို ဖြည့်ဆည်းပေးရဖို့ဆိုရင် အတူတူအိပ်ခိုင်းရင်တောင် အိပ်ပေးမှာပါတဲ့လေ။ ဒီစကားကိုတော့ သူမရဲ့ Twitter account ဖြစ်တဲ့ @missjessarhodes မှာ live chat ရင်းပြောသွားခဲ့တာပါ။ အဲဒီမှာ ပရိတ်သတ်တစ်ယောက်ကနေပြီး “ပရိတ်သတ်အားလုံးရဲ့ကိုယ်စား တစ်ခုလောက်မေးပါရစေ၊ fan တွေရဲ့ စိတ်ကူးအိပ်မက်ကိုဖြည့်ဆည်းပေးဖို့ဆိုရင် သူတို့နဲ့အတူ အိပ်ဆိုရင် အိပ်မှာလား” ဆိုပြီး မေးလာခဲ့တာပါ။ ဒါကို […]

အသက်ဝင်ပီပြင်လွန်းတဲ့ အောင်လအန်ဆန်ရဲ့ ပုံတူ ပန်းချီကိုရေးဆွဲခဲ့တဲ့ ကောင်မလေး

သူမ၏ ပန်းချီပညာကို အရမ်းလေးစားတယ်ဒိထက်မက အောင်မြင်ကျော်ကြားပါစေ သမီးရေ သူမ၏ ပန်းချီပညာကို အရမ်းလေးစားတယ်ဒိထက်မက အောင်မြင်ကျော်ကြားပါစေ သမီးရေ သူမ၏ ပန်းချီပညာကို အရမ်းလေးစားတယ်ဒိထက်မက အောင်မြင်ကျော်ကြားပါစေ သမီးရေ CRD-Lso Maung Maung Unicode ဖြင့်ဖတ်ရန် သူမ၏ ပန်းချီပညာကို အရမ်းလေးစားတယ်ဒိထက်မက အောင်မြင်ကျော်ကြားပါစေ သမီးရေ

ဖိလစ်ပိုင် ဖိုက်တာတစ်ယောက် ဗီရာရဲ့ ရှုံးနိမ့်မှု့အတွက် ရှုံးကြွေးဆပ်ရန် အောင်လအန်ဆန်းကို စိန်ခေါ် လိုက်ပြီ – ရုပ်သံ

13.10.2019 ရက်နေ့မှာ မြန်မာနိုင်ငံသား အောင်လအန်ဆိုင်း နဲ့ ဗီရာတို့ပွဲဟာ ဆိုရင်တော့ တစ်မ္ဘာလုံးအတိုင်းအတာနဲ့ တစ်ခဲနက်အားပေးခဲ့ကြပါတယ်။ အောင်လရဲ့ ထိုးကွက် တိုက်ကွက်တွေကြားထဲမှာ ဗီရာတစ်ရောက် ရှုံးနိမ့်ခဲ့ရပါတယ်။ အောင်လ နိုင်ခဲ့ပါတယ်.ဗီရာ ဟာ အောင်လ ကို ဘယ်နေရာမှာမှ အနိုင်မရခဲ့ပါဘူး.(စိတ်ဓတ် သက်လုံ ဗျူ ဟာ ထောင်ချောက်)ပြီးတော့ ပတ်တံတောင်ကြောင့် ပွဲသိမ်းတာမဟုတ်ပါဘူး။ သူ့ရဲ့ ပြိုင်ဘက်ထင်မထားတဲ့ ညာဝိုက်လက်သီးနဲ့ ပွဲသိမ်းခဲ့တာပါ။ သာမန်ပြိုင်ဘက်ဆို ညာခြေကန်ချက်နဲ့တင် နှာနှပ်ယူရမှာပါ။ ဗီရာဟာ ဖိလစ်ပိုင် အမေရိကန်ကပြားတစ်ယောက်ဖြစ်ပါတယ်။ လက်ဝှေ့သမားတော်တော်များများ ထွက်တဲ့ဖိလစ်ပိုင်နိုင်ငံဖြစ်ပါတယ်။ အခုအခါမှာတော့ ပရိတ်သတ်ကြီး အပျင်းပြေ ဖိလစ်ပိုင်က LGBT တစ်ယောက် ဖြစ်တဲ့ sinonloresca ရဲ့ လက်ဝှေ့လေ့ကျင့်နေပုံလေးကို တင်ပေးလိုက်ပါတယ်ဗျာ။ sinonloresca ဟာဆိုလည်း မြန်မာနိုင်ငံမှာ အချိန်တော်ကြာအောင် […]

ကိုယ်နဲ့ တစ်ညစာပျော်ဖို့ ခေါ်လာတဲ့ အပျော်မယ်လေးကို သူတောင်းစားကိုပေးပြီး ပျော်ခိုင်းလိုက်သော အခါ

ကိုယ်နဲ့ တစ်ညစာပျော်ဖို့ ခေါ်လာတဲ့ အပျော်မယ်လေးကို သူတောင်းစားကိုပေးပြီး ပျေားတခုထဲကနေ အရက်တွေ အရမ်းကိုမူးနေတဲ့ လူတစ်ယောက် အရက်တစ်လုံး နဲ့ ညည့်ဌက်ကလေးတစ်ယောက် ဆွဲပြီး ထွက်လာသတဲ့…. အဲ့ဒီမှာပဲ ဘားအရှေ့မှာ တောင်းရမ်း စားသောက်နေတဲ့ သူတောင်းစား တစ်ယောက်က ဗိုက်အရမ်းဆာနေတဲ့အတွက်ကြောင့် သူ့ကို အစားစားဖို့ ငွေစကြေးစ အနည်းငယ်လောက် စွန့်ကြဲဖို့ အမူးသမားကို တောင်းရမ်းပါတော့သတဲ့…. အဲ့ဒီမှာပဲ အမူးသမားကလည်း ငါ့မှာ ပိုက်ဆံတော့ မကျန်တော့ဘူး မင်း သောက်ချင်ရင်တော့ ရော့..ငါ့ အရက် သာ သောက်လိုက်တော့လို့ အရက်ပုလင်း လှမ်းပေးရော အဲ့ဒီမယ် သူတောင်းစားက (ကျွန်တော် အရက် မသောက်တတ်ပါဘူးခင်ဗျ ..ထမင်းစားဖို့ ငွေသာလိုတာပါ) လို့ ပြန်ပြောသတဲ့….. ဟာ….အဲ့ဒါဆိုလည်း ရော့ကွာ..ငါ့ ဆေးလိပ်ဗူး..တော်တော့..ပိုက်ဆံတော့ မရှိတော့ဘူးဆိုပြီး ဆေးလိပ်ဗူး […]

Live လွှင့်နေတုန်း အနောက်ကနေ အရက်မူးသမားတစ်ယောက်ရဲ့ မဖွယ်မရာပြုမှုနဲ့ ကြုံခဲ့ရတဲ့ အမျိုးသမီး

အမျိုးသမီးအတော်များများဟာ သူမတို့ရဲ့ နေ့စဉ်ဘဝလှုပ်ရှားမှုတွေကို ဆိုရှယ်မီဒီယာမှာ မျှဝေရတာကို နှစ်သက်ကြပါတယ်။ Li လို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက်ကတော့ Twitch ဆိုတဲ့ Live stream platform ကနေ Live လွှင့်နေရင်း အမူးသမားတစ်ယောက်က အနေကနေရောက်လာပြီး နှောက်ယှက်ခဲ့တာကြောင့် ထိတ်လန့်စရာနဲ့ ကြုံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက်နေ့က Li ဟာသူမရဲ့ နေ့စဉ်အလုပ်တွေကို ပြုလုပ်ပြီး အားလပ်နေတာကြောင့် သူမရဲ့တစ်နေ့တာကြုံခဲ့ရတာတွေကို Live လွှင့်ရင်း သူမရဲ့ဖန်တွေကို ပြောပြနေပါတယ်။ အဲ့အချိန်မှာပဲအရက်မူးနေတဲ့ အနောက်နိုင်ငံသားတစ်ယောက်ဟာ သူမရဲ့နောက်ကိုရုတ်တရက်ရောက်လာပြီး သူမရဲ့ပုခုံးကိုဆွဲပြီးနောက် Live လွှင့်နေတဲ့ ဖုန်းကင်မရာကနေ သူမရဲ့ကြည့်ရှုသူတွေကို ပေါက်ကရစကားတွေ လာပြောခဲ့ပါတယ်။ အဆိုပါအမူးသမားဟာ Oh Jesus Love you ဆိုတဲ့သီချင်းကို သူမရဲ့ပုခုံးကိုဖက်ရင်းနဲ့ ဆိုနေခဲ့တာပါ။ ပြန်ခါနီးမှာတောင်မှ […]

ပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာတစ်ယောက်ရဲ့ ရိုက်ချက်တွေ နောက်ကွယ်က ဖန်တီးမှု

ပရော်ဖက်ရှင်နယ်ကျကျ ဓာတ်ပုံကောင်း တစ်ပုံရဖို့ဆိုတာ အရမ်းကို ခက်ခဲသလို အရမ်းလည်း အနုစိတ်ရပါတယ်။ တကယ့်အပြင်က ပတ်ဝန်ကျင်အနေအထားနဲ့ လူပုံတွေဟာ စိတ်ဝင်စားဖို့မကောင်းနေပေမဲ့ ဓာတ်ပုံထဲရောက်သွားရင်တော့ လူတွေက စိတ်ဝင်စားကျတာများပါတယ်။ ယခုလည်း အမေရိကန်က ဓာတ်ပုံဆရာ Geo Leon ဆိုသူဟာ သူ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေရဲ့ နောက်ကွယ်က ဘယ်လိုဖန်တီးယူရလဲဆိုတာကို ထုတ်ပြခဲ့ပါတယ်။သူ့ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေရဲ့ နောက်ကွယ်က ဘယ်လောက်စိတ်ဝင်စားဖို့ ကောင်းသလဲဆိုတာတော့ အောက်က ပုံတွေကို ကြည့်လိုက်ရင် သိနိုင်တယ်နော်။ ၁။ ဒီလို စိတ်ဝင်စားစရာကောင်းတဲ့ ပုံတစ်ပုံရဖို့ မြေပုံကားချက်ကြီးကို မီးရှို့ပစ်လိုက်တာနော်။ ၂။ အိပ်ယာထဲမှာလို့ မထင်နဲ့နော်။ အမှန်တော့ အပြင်က ဆိုင်တစ်ဆိုင်မှာ။ ၃။ Princess Kitana ဇာတ်ကောင်လို ဓာတ်ပုံရဖို့ ဘယ်လို့ရိုက်ရသလဲဆိုတာ။ ၄။ စူးရှတဲ့ အကြည့်တွေ […]

သင့်ရဲ့ဦးနှောက်နဲ့ အမြင်ကို လှည့်စားနိုင်ဖို့အတွက် အထူးပြုလုပ်ထားတဲ့ ရုပ်ပုံ ၁၅ ခု

မျက်လုံးကမြင်တဲ့အရာကို ဦးနှောက်ကမှန်ကန်အောင် ဆုံးဖြတ်ပေးရပါတယ်။ အဆိုပါသိပ္ပံသဘောတရားကို ပိုပြီးသေချာစေဖို့အတွက် အထူးပြုလုပ်ထားတဲ့ ရုပ်ပုံတွေနဲ့ လူတွေရဲ့ဦးနှောက်ကို စမ်းသပ်တဲ့အခါမှာ အမြင်ကိုမှောက်မှားအောင် လုပ်လိုက်တာနဲ့ ဦးနှောက်ရဲ့ဆုံးဖြတ်ချက်လည်း မှားယွင်းသွားတာကို တွေ့ရပါတယ်။ အောက်ဖော်ပြပါပုံတွေက တကယ်မရှိတဲ့ အရာတစ်ခုကို ရှိလာသယောင် ထင်မှတ်စေပါလိမ့်မယ်။ ၁။ ပုံမှန်အတိုင်းကြည့်ရင် လှုပ်ရှားနေတဲ့ ပုံရိပ်လို့ သင်ထင်နိုင်ပေမယ့် အစိတ်အပိုင်းတစ်ခုတည်းကို စိုက်ကြည့်ရင်တော့ ငြိမ်နေတဲ့ပုံကို သင်မြင်ရပါလိမ့်မယ်။ ပုံဟာတကယ်လည်း လှုပ်ရှားမနေပါဘူး။ ၂။ သင့်ကိုတည့်တည့် ကြည့်နေတဲ့လူက ဘေးစောင်းအနေအထားနဲ့ဆိုရင် အခြားတစ်ယောက်လို့ မြင်ပါလိမ့်မယ်။ ၃။ ဘယ်ဖက်ကိုကြည့်တဲ့အခါ ပိုက်လုံးဘယ်နှလုံးကို သင်မြင်ပါသလဲ ပြီးရင်တော့ ညာဖက်ကိုကြည့်လိုက်ပါ။ ၄။ ဘယ်နဲ့ညာနဲ့ကို တလှည့်စီကြည့်တဲ့အခါ အမဲစက်လေးတွေ ပေါ်လိုက်ပျောက်လိုက်နဲ့ သင်မြင်နိုင်ပါတယ်။ တစ်နေရာတည်းကို သေချာစိုက်ကြည့်မယ်ဆိုရင် အမဲစက်တွေ မရှိတာကို သင်မြင်ရပါလိမ့်မယ်။ ၅။ ပုံထဲက […]

Fast & Furious စတိုင်နဲ့ ရဲကားကို ရှောင်ပုန်းလိုက်တဲ့ ပြိုင်ကား (ရုပ်သံ)

ဈေးအရမ်းကြီးတဲ့ ဇိမ်ခံ ဖရာရီးပြိုင်ကား အနီရောင်လေးဟာ ဟိုင်းဝေးလမ်းမပေါ်မှာ သတ်မှတ်အရှိန်ထက် ကျော်လွန်မောင်းနှင်လို့ သူ့နောက်ကနေ လိုက်ဖမ်းနေတဲ့ ရဲကားကို Fast & Furious ရုပ်ရှင်ဇာတ်ကားထဲကလို ကုန်တင်ကားကြီးတစ်စီးရဲ့ အောက်မှာ ဝင်ပုန်းပြီး အခြားလမ်းကြောင်းတစ်ခုကို ရှောင်ထွက်နိုင်ခဲ့တဲ့ ရုပ်သံ အွန်လိုင်းပေါ်မှာ နာမည်ကြီးပျံ့နှံ့နေပါတယ်။ဒီရုပ်သံကို ဝင်ရောက်ကြည့်ရှုသူ သန်းနဲ့ချီရှိနေပြီး ပြန်လည်ဝေမျှတာတွေလည်း များပြားနေပါတယ်။ တစ်ကယ်တော့ ဒီရုပ်သံဟာ ကွန်ပျူတာ Animation နည်းပညာနဲ့ ပေါင်းစပ်ပြီး ပရိသတ်တွေကို ဖျော်ဖြေရုံသဘောသက်သက် တင်ဆက်ထားတာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အတုဖြစ်ပါတယ်။ ပိရိသေသပ်လွန်းတာကြောင့် တစ်ကယ့်အဖြစ်ပျက်လို့ အားလုံးက ထင်နေခဲ့ကြတာဖြစ်ပါတယ်။ ဒီရုပ်သံကို ဂရပ်ဖစ်ဒီဇိုင်နာ Dionisis Sakas က ဖန်တီးထားတာဖြစ်ပါတယ်။ ရုပ်သံထဲမှာပါတဲ့ ပြိုင်ကားတွေအပြင် ကုန်တင်လော်ရီကားကပါ အစစ်မဟုတ်ဘူးဆိုရင် သူ့ရဲ့ လက်ရာကို အံ့သြသွားကြမယ်ထင်ပါတယ်။ ဒီရုပ်သံထဲကအတိုင်း […]