သမီးကြီး နေမကောင်းဖြစ်နေချိန် အောက်ဆီဂျင်ရှုမှ အသက်ရှုဝတဲ့ သမီးငယ်လေးအခြေနေကြောင့် စိတ်မကောင်းဖြစ်နေတဲ့ အံ့မင်းညို

အံ့မင်းညိုက သမီးလေး နှစ်ယောက်လုံး ကျန်းမာရေးမကောင်းလို့ စိတ်မကောင်းဖြစ်လို့နေပါတယ်။ အံ့မင်းညို ရဲ့ သရုပ်ဆောင်မှုတွေကိုတော့ မြန်မာဇာတ်ကားတော်တော်များများမှာ ပရိသတ်တွေ မြင်တွေ့ဖူးကြမှာပါ။ အရံမင်းသားတစ်ယောက်အဖြစ်သာ သရုပ်ဆောင်ခွင့်ရရှိခဲ့ပေမယ့် ကျရာဇာတ်ရုပ်နေရာမှာ သဘာဝကျကျ သရုပ်ဆောင်နိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ မြန်မာဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးမှုလျော့ပါးသွားချိန်မှာ အနုပညာရှင်အတော်များများ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ရှာဖွေလုပ်ကိုင်ကြရပါတော့တယ်။ သရုပ်ဆောင် အံ့မင်းညိုကတော့ မိသားစုဘဝရပ်တည်ဖို့ အာလူးကြော်ထုတ်ရောင်းပြီး အသက်မွေးဝမ်းကြောင်း ပြုနေခဲ့တာဖြစ်ပါတယ်။ အံ့မင်းညိုဟာ ယခုလက်ရှိအချိန်မှာ သမီးလေး နှစ်ဦး ပိုင်ဆိုင်ရရှိထားပြီးတော့ သမီးကြီးလေးက မွေးရာပါ နှလုံးအပေါက်ပါလာခဲ့တဲ့အကြောင်းကို မီဒီယာအင်တာဗျူးတွေမှာ စိတ်မကောင်းစွာ ဖြေဆိုခဲ့ပါသေးတယ်။ အဆိုတော် လင်းလင်းတို့ မိသားစု၊ ပရဟိတမင်းသမီး ခိုင်နှင်းဝေ တို့ကလည်း သမီးကြီးလေးကို ခွဲစိတ်ကုသပေးဖို့ ကြိုးစားခဲ့ကြပေမယ့် ခွဲစိတ်ကုသဖို့ အခြေအနေ မပေးခဲ့ပါဘူး။ မကြာခဏဆိုသလို သမီးဖြစ်သူ ကျန်းမာရေးအခြေအနေ မသက်သာတာကြောင့် ဆေးရှုရှုနေရတဲ့ […]

မီးငြိမ်းသတ်ရာမှ ဒဏ်ရာများရရှိခဲ့တဲ့ CB Bank ဝန်ထမ်း ကိုဟိဏ်းထက်အောင်အတွက် CB Bank မှ ခံစားခွင့်များနှင့် ဆုငွေများဂုဏ်ပြုချီးမြှင့်

CB Bank ၏ ဘဏ်ခွဲတစ်ခုဖြစ်သော မန္တလေး စလုံးဈေးဘဏ်ခွဲမှ ဝန်ထမ်း ကိုဟိဏ်းထက်အောင်သည် (17.1.2020) Mandalay Skywalk and Yatanar Mall တွင် ဖြစ်ပွားခဲ့သည့် Level 5 အဆင့်ရှိသော မီးလောင်ကျွမ်းမှုတွင် ပုလဲငွေရောင်အရံမီးသတ်စခန်း ဒုတပ်ကြပ်အဖြစ် မိမိ၏အသက်ကို ပဓာနမထားဘဲစွမ်းစွမ်းတမံ မီးငြိမ်းသတ်ရာမှ Sunshade ပေါ်မှ မတော်တဆပြုတ်ကျခဲ့ပြီး ပေါင်ရိုးနှင့် မေးရိုးကျိုးသွားခဲ့ကာ ဒဏ်ရာများလည်းရရှိခဲ့ပါသည်။ CB Bank ၏ဝန်ထမ်းတစ်ယောက်ဖြစ်သည့် ကိုဟိဏ်းထက်အောင်အတွက် CB Bank အနေဖြင့် မိသားစုနှင့်ထပ်တူ များစွာ စိတ်မကောင်းဖြစ်ရသလို သူ့၏ အနစ်နာခံမှု၊ ရဲရင့်မှုတို့အတွက် ချီးကျုးကာ အောက်ပါအတိုင်း ဂုဏ်ပြုအပ်ပါသည်။ • ဆေးဖိုးနှင့် လိုအပ်သည့် အထောက်အပံ့များကို CB Bank မှ အလုံးစုံတာဝန်ယူခြင်း• […]

ရေမွှေးတွေအကုန်မရောင်းဘဲ အိမ်ပြန်ရင် ဖခင်ကရိုက်နှက်နှိပ်စက်လို့ လမ်းဘေးမှာသာ အိပ်စက်နေခဲ့ရတဲ့ ကလေးငယ်အဖြစ်

ကလေးငယ်တွေတိုင်းကတော့ ကျောင်းကနေအိမ်ကိုပြန်ရောက်လာရင် ကိုယ်ပိုင်အချိန်လေးရပြီး ပျော်ချင် ၊ ဆော့ကစားချင်ကြတာ သဘာဝပါပဲလေ ။ သို့ပေမဲ့လည်း တစ်ချို့ကလေးငယ်တွေကတော့ ဆော့ကစားဖို့မပြောနဲ့ အခြားသောကလေးငယ်တွေလိုစာသင်ခွင့်မရဘဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ငွေရှာနေရတဲ့ကလေးငယ်တွေလည်း အတော်များများရှိပါတယ် ။ ဒီတစ်ခေါက်ဖော်ပြမဲ့ မလေးရှားနိုင်ငံက ကလေးငယ်ဟာလည်း အသက် 11နှစ်အရွယ်သာရှိသေးပြီး 7 Eleven စတိုးဆိုင်ရှေ့မှာ အိပ်စက်နေခဲ့တဲ့အတွက် မေးမြန်းကြည့်လိုက်ချိန်မှာတော့ အိမ်ရှိပေမဲ့လည်း ဖခင်ဖြစ်သူပေးထားတဲ့ရေမွှေးတွေအကုန်မရောင်းနိုင်လျှင် အရိုက်ခံရသောကြောင့် အိမ်မပြန်ရဲကြောင်း ကလေးငယ်ကထွက်ဆိုခဲ့ပါတယ် ။ ဖြစ်စဉ်ကတော့ Mohd Najab အမည်ရှိတဲ့အမျိုးသားဟာ အဆိုပါစတိုးဆိုင်မှာပစ္စည်အရှိဝယ်ဖို့လာရင်းနဲ့ စတိုးဆိုင်အပြင်ဖက် ကြမ်းပြင်ပေါ်မှာ အိပ်စက်နေခဲ့တဲ့ကလေးငယ်ကို တွေ့ရှိခဲ့တာပါ ။ ဆိုင်ထဲက ဝန်ထမ်းတွေကလည်း ကလေးငယ်မှာ တစ်နေကုန်ရေမွှေးရောင်းရတာ ပင်ပန်းလွန်းသောကြောင့် အဆိုပါနေရာတွင် ညတိုင်းလိုလိုလာရောက်အိပ်စက်လေ့ရှိကြောင်း ပြောပြခဲ့ပါတယ် ။ ကလေးငယ်မှာ အိပ်စက်နေပေမဲ့လည်း မိုးရွာပြီးမကြာသေး၍ ကြမ်းပြင်မှာအတော်လေး […]

အသက် 90 အရွယ် မိခင်ကိုပြုစုစောင့်ရှောက်ရမှာ သူ့ရဲ့တာဝန်ပါဆိုတဲ့ စိတ်ပိုင်းဆိုင်ရာချို့ယွင်းနေတဲ့အမျိုးသား

ဗီယက်နမ်နိုင်ငံမှာနေထိုင်တဲ့အသက် 50 အရွယ် စိတ်ပိုင်းဆိုင်ရာချို့ယွင်းနေတဲ့အမျိုးသားဟာ သူ့ကိုဘဝတစ်လျှောက်လုံးပြုစုစောင့်ရှောက်လာခဲ့တဲ့ ကျန်းမာရေးချို့တဲ့နေတဲ့မိခင်ပြီး ပြန်လည်ပြီးပြုစုစောင့်ရှောက်နေလျက်ရှိပါတယ် ။ အဆိုပါ အသက် 90 အရွယ်မိခင်မှာတော့ သားသမီး 5ယောက်ရှိပြီး နှစ်ယောက်မှာဆုံးပါးသွားခဲ့ပြီဖြစ်ပြီး ကျန်နှစ်ယောက်မှာတော့ အိမ်ထောင်သည်များဖြစ်၍သီးသန့်ခွဲနေလျက်ရှိကာ ယခုအငယ်ဆုံးမှာတော့ စိတ်ပိုင်းဆိုင်ရာချို့ယွင်းနေတဲ့သားကိုတော့ သူမတစ်ဘဝလုံးပြုစုစောင့်ရှောက်နေခဲ့တာပါ ။ အငယ်ဆုံးသားမှာ သူမကိုအမြဲမှီခိုနေရလျက်ရှိပြီး မိခင်ရဲ့အုပ်ထိန်မှုနဲ့ပဲ ကြီးပြင်းလာခဲ့ရတာဖြစ်ပါတယ် ။ ယခုချိန်မှာတော့ မိခင်ဟာ အသက်အရွယ်အတော်လေးကြီးလာခဲ့လို့ သားလေးကိုစောင့်ရှောက်ဖို့မပြောနဲ့ သူမကိုယ်သူမတောင် ဂရုမစိုက်နိုင်တော့ပါဘူး ။ ဆေးကုသမှုအတွက် လုံလောက်တဲ့ငွေကြေးမရှိလို့ မိခင်ဖြစ်သူကတော့ အိပ်ရာထဲမှာအမြဲနေလေ့ရှိပြီး ” အိပ်စက်ခြင်းကသာ အကောင်းဆုံးဖြစ်ကြောင်း ” ပြောဆိုခဲ့ပါတယ် ။ မိခင်ရဲ့အခြေအနေကိုကြည့်ပြီး စိတ်ပိုင်းဆိုင်ရာချို့ယွင်းနေတဲ့သားဟာ မိခင်ဖြစ်သူကိုပြန်ပြီး ပြုစုစောင့်ရှောက်ရမှာ သူ့ရဲ့တာဝန်ဆိုပြီး သိမြင်လာခဲ့ပါတယ် ။ သို့ပေမဲ့လည်း သူ၏စိတ်ပိုင်းဆိုင်ရာအခြေအနေကြောင့် အလုပ်ရှာမရခဲ့ပါဘူး ။ ထို့အပြင် […]

ခွေးနဲ့ selfie ရိုက်ရင်း ပုံတင်ချင်ပေမဲ့လည်း မျက်နှာတစ်ခုလုံး ခွေးကိုက်ခံလိုက်ရတဲ့ မိန်းကလေးရဲ့အဖြစ်

Argentina နိုင်ငံမှာနေထိုင်တဲ့ အသက် 17 နှစ်အရွယ် Lara အမည်ရှိတဲ့ မိန်းကလေးဟာ သူမရဲ့ခွေးနဲ့ ဓာတ်ပုံရိုက်နေရင်း သူမရဲ့မျက်နှာခွေးကိုက်ခံခဲ့ရတဲ့အဖြစ်ကို ဝေမျှခဲ့ပါတယ် ။ ပြီးခဲ့တဲ့ January 15 ရက်နေ့က ” Photo session with Kenai goes wrong ” ဆိုတဲ့ caption နဲ့ သူမရဲ့ဓာတ်ပုံတွေကို ဝေမျှခဲ့တာပါ ။ သူမပြောပြထားခဲ့တာကတော့ ခွေးရဲ့တင်ပါးကို ကိုင်မိလိုက်လို့လား ဒါမှမဟုတ် ခွေးလေးကအသက်ကြီးနေလို့ စိတ်ရှုပ်သွားလို့လား ဒါမှမဟုတ် သူမက ခွေးနဲ့တအားကိုနီးနီးကပ်ကပ်နေလိုက်လို့ ခွေးကကြောက်သွားလို့ သူမကိုကိုက်လိုက်တာလား မသေချာမရေရာပါဘူး ဆိုပြီး ဘာလို့ခွေးလေးက ကိုက်လိုက်မှန်းမသိကြောင်း ပြောဆိုသွားခဲ့ပါတယ် ။ Lara ဟာ သူမရဲ့မျက်နှာပေါ်မှာ ဒဏ်ရာအများအပြားရရှိခဲ့တဲ့အပြင် ၊ ကုသမှု 2ကြိမ်ခန့် […]

ပန်းအပြင်အဆင် ကျပ်သိန်း ၅၀၀၀ ခန့် ကုန်ကျခံပြင်ဆင်ခဲ့တဲ့ ပြင်ဦးလွင် ကန်တော်ကြီးထဲက ပြည့်ဖြိုးတေဇရဲ့ မင်္ဂလာပွဲ

မြန်မာနိုင်ငံရဲ့ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တွေထဲက တစ်ဦးအပါအဝင်ဖြစ်တဲ့ ဦးတေဇကိုတော့ ပရိသတ်ကြီး သိကြမယ်ထင်ပါတယ်။ ၁၉.၁.၂၀၂၀ တနင်္ဂနွေနေ့မှာတော့ ပြင်ဦးလွင်၊ ကန်တော်ကြီးဥယျာဉ်ထဲမှာ ခမ်းနားသိုက်မြိုက်တဲ့ မင်္ဂလာပွဲကြီးတစ်ခုကို ကျင်းပပြီးစီးခဲ့ပါတယ်။ ဒီမင်္ဂလာပွဲကြီးကတော့ ဦးတေဇရဲ့သား ပြည့်ဖြိုးတေဇနဲ့ မသက်နှင်းလှိုင်တို့ရဲ့ မင်္ဂလာပွဲကြီးဖြစ်ပါတယ်။ ယနေ့ လူမှုကွန်ယက်ပေါ်မှာတော့ သူတို့ မင်္ဂလာပွဲရဲ့ အပြင်အဆင်တွေက လူပြောများလောက်အောင် ရေပန်းစားနေတာဖြစ်ပါတယ်။ ကန်တော်ကြီးဥယျာဉ်ထဲမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဒီမင်္ဂလာပွဲကြီးကို ထိုင်းကပညာရှင်တွေလာရောက်ပြီး ပန်းအပြင်အဆင်ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ ဒါ့အပြင် ပန်းပြင်ဆင်မှုအတွက် ကျပ်သိန်း ၅၀၀၀ ခန့် ကုန်ကျခံပြင်ဆင်ခဲ့တာဖြစ်တယ်လို့ လူမှုကွန်ယက်ပေါ်မှာ ရေးသားနေကြတာ တွေ့ရပါတယ်။ ပြည့်ဖြိုးတေဇနဲ့ မသက်နှင်းလှိုင်တို့ဟာ ဒီဇင်ဘာလအတွင်းမှာ မင်္ဂလာလက်မှတ်ရေးထိုးပွဲကျင်းပခဲ့တာဖြစ်ပြီးတော့ ဇန်နဝါရီလအတွင်းမှာပဲ မင်္ဂလာဦးဆွမ်းကျွေးပြုလုပ်ခဲ့တာဖြစ်ပါတယ်။ မင်္ဂလာဧည့်ခံပွဲကိုတော့ မြန်မာနိုင်ငံရဲ့ ပန်းမြို့တော်လို့ တင်စားခေါ်ဝေါ်ရလောက်တဲ့ ပြင်ဦးလွင်က ကန်တော်ကြီးပန်းဥယျာဉ်ထဲမှာ မနေ့က ကျင်းပပြုလုပ်ခဲ့တာပါ။ ခမ်းနားလွန်းလှတဲ့ ပြည့်ဖြိုးတေဇနဲ့ […]

မသန်စွမ်းဇနီးကိုရသမျှအစားအစာကျွေးရင်း ကိုယ်တိုင်တိတ်တိတ်လေး အငတ်ခံနေခဲ့တဲ့အဖိုး

လူတိုင်းမှာ အချစ်တစ်ခု အိမ်ထောင်တစ်ခု တည်ထောင်တဲ့အခါ ဘယ်တော့မှ ခွဲမသွားပါဘူး၊ ပစ်မထားခဲ့ပါဘူး၊ တစ်သက်လုံး စောင့်ရှောက်ပါ့မယ်-ဆိုတဲ့ နှုတ်ကတိလေးတွေ ထုံးစံအတိုင်း ပေးကြလေ့ရှိပါတယ်။ ဒါပေမယ့် အဲဒီကတိစကား ပေးခဲ့တိုင်းသာ တည်မြဲရင် ကမ္ဘာပေါ်မှာ ကွာရှင်းပြတ်ဆဲတဲ့ အိမ်ထောင်ရေးဆိုတာ ရှိမှာမဟုတ်ပါဘူး။ ကတိစကား တော်တော်များများဟာ တာဝန်ယူမှုတာဝန်ခံမှုနဲ့ ယှဉ်လာတဲ့အခါမှာ အခြေအနေပေါ်မူတည်ပြီး ကြီးလေးတဲ့ ဝန်ထုတ်ဝန်ပိုးကြီးတွေ ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် မခွဲပါဘူးဆိုတဲ့ ကတိတစ်ခုဟာ ချစ်သူတွေ၊ အိမ်ထောင်ဘက်တွေကြားမှာတောင် တည်ဖို့ ခက်ပါတယ်။ ဒါပေမယ့် အချစ်အတွက် အသက်ကို ပေးခဲ့ကြသူတွေလည်း ရှိပါတယ်။ အခုသတင်းထဲမှာပါတဲ့ ထိုင်းအဖိုးအိုဟာ မြွေကိုက်ပြီး အကြောသေသွားတဲ့ ဇနီးသည်ကို အသက်ပေးကာ တက်နိုင်သမျှ ကာကွယ်ပေးနေရှာပါတယ်။ သူဟာ အိပ်ယာထဲ လဲနေရှာတဲ့ ဇနီးအတွက် မစားရက်မသောက်ရက် ရလာတဲ့ အစားအစာတွေ […]

ရတနာပုံဈေးမီးလောင်မှုမှာ ပြုတ်ကျခဲ့တဲ့ ညီလေးက ဝန်ထမ်းမဟုတ်လို့ လစာမရပါဘူး စေတနာ့ဝန်ထမ်းသက်သက် အရန်မီးသတ်လေးပါ

၁၇ ရက်နေ့ ည က ကျွန်တော်တို့ မန္တလေးမြို့ ရဲ့ Sky Walk မီးလောင်မှု ဖြစ်စဉ်မှာရဲဝံ့ စွာ မီးငြိမ်းသတ်ရင်း ပြင်းထန်စွာ ထိခိုက် ဒဏ်ရာ ရခဲ့ တဲ့ ပုလဲ ငွေ ရောင် မီးသတ်တပ်ဖွဲ့က အရန်မီးသတ် ညီလေးစီ ဒီနေ့ ရောက် ခဲ့ ပါတယ်ပါတယ် သူ့မှာ မီးငြိမ်းသတ်ရင်း မတော်တဆဖြစ်ပြီးမေးရိုးကျိုး ပေါင်ကျိုး ဒူးဆစ်ပြုတ် တဲ့ ဒဏ်ရာတွေ ရခဲ့ တာပါ။ဒီညီလေးကမီးသတ် တပ်ဖွဲ့မှာ လစာ စား ဝန်ထမ်းမဟုတ်ပဲ ပရဟိတ စိတ်နှင့် ဝင်ရောက် လုပ်အားပေး ဆောင် ရွက်နေတဲ့အရန် မီးသတ်တပ် ဖွဲ့ ဝင်လေးပါ မိဘ ကို လုပ်ကိုင် ကျွေး ရင်း […]

ညီမဖြစ်သူရဲ့ ဘေးနားမှာနေပြီး အမြဲစောင့်ရှောက်ပေးနေတတ်တဲ့ အမွှာ ဝိညာဉ်လေး

ပရိသတ်ကြီးရေ….ဒီတစ်ခါမှာတော့ ဝမ်းနည်းစရာကောင်းတဲ့ အမွှာပူး ကလေး ဝိညာဉ် အကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ အဖြစ်အပျက်ကတော့ ဒီလိုပါ။ အသက် ၁၇နှစ် အရွယ် အမျိုးသမီးတစ်ယောက်က ပထမအိမ်ထောင်နဲ့ အမွှာပူးလေးတွေကို ကိုယ်ဝန်လွယ်ထား ရပါတယ်။ နောက် တစ်ပါတ်လောက်ကြာတော့ အမွှာပူးလေးတစ်ယောက်က အဖတ်မတင်ဘူးတဲ့နော် ပရိသတ်ကြီး…။ တစ်ကယ်စိတ်မကောင်းစရာ အဖြစ်အပျက်ပါ။ အဲ့လိုနဲ့ အမွှာပူးလေးရဲ့ ဝိညာဉ်က သူ့အမေကို ဆက်သွယ်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားပါတော့တယ်။ အဲ့အမျိုးသမီးက ပထမတော့ မယုံပေမယ့် နောက်ပိုင်းမှာ သူ့အမေကော၊ အိမ်နီးနားချင်း သူငယ်ချင်းကပါ မြင်တွေ့လာရတာကြောင့် ပြန်ဆက်သွယ်ဖို့ ကြိုးစားလာပေမယ့် ဘာအရိပ်ရောင်မှ မပြတော့ပါဘူး။ ၁၉၉၅ ခုနှစ် နိုဝင်ဘာလမှာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ မွေးကင်းစ ကလေးလေးရဲ့ အနီးအနားသို့ အဲ့ဝိညာဉ်လေး လာလည်တာကို ခဏခဏ ကြုံတွေ့ခဲ့ရပါတယ်။ […]

ကျွန်းလှမြို့ ၊ သစ်ရာမြိုင် အ.ထ.က ကျောင်းက ကလေးတွေကြောင့် ဆရာမတွေလည်း နှစ်တိုင်း ငိုနေရတယ်

ယ္ခုရက်ပိုင်းတွေမှာဆိုယင်တော့ မြန်မာပြည်အရပ်ရပ်ရဲ့ ကျောင်းတိုင်းမှာ စုံညီပွဲတော်များ ကျင်းပနေကြတာဖြစ်ပါတယ်။အဲ့ဒိ့ထဲကမှ အ.ထ.က သစ်ရာမြိုင်ရဲ့ စုံညီပွဲတော်မှာ ကျောင်းသားလေးတွေ ကြိုစားကပြထားတဲ့ ပြဇာတ်ဗွီဒီယိုလေးကို တင်ပြပေးလျင်ပါတယ်။ ကျွန်းလှမြို့ ရဲ့အ.ထ.က သစ်ရာမြိုင်ကျောင်း ဆိုတာကတော့ အစဉ်အလာရှိခဲ့တဲ့ကျောင်းတစ်ကျောင်းလည်းဖြစ်ပါတယ်။ယမန်နှစ်ကလည်း “ခွင့်လွှတ်ပါဆရာ”ဆိုတဲ ပြဇာတ်ကလေးနဲ့ မိဘပြည်သူတွေရဲ့ ရင်ကို ဆွဲကိုင်လှုပ်ခဲ့ဖူးတာ မှတ်မိကြဦးမယ်ထင်ပါတယ်နော်။ယခုနှစ်မှာလည်း “ငြမ်းချည်တဲ့ကြိုး” ဆိုတဲ့ပြဇာတ်လေးက ပရိသတ်ကြီးကို ရသကောင်းတွေ ပေးစွမ်းပါလိမ့်မယ်လို့မျော်လင့်ပါတယ်။ အကိုတွေရဲ့ အနစ်နာခံမှုနဲ့ မောင်နှမတွေရဲ့ကြားက ချစ်ခြင်းမေတ္တာတရားကို ဖော်ကြူးထားတဲ့ ဇာတ်လမ်းလေးကို အာပေးတဲ့ ပရိသတ်တွေရော ဆရာ ဆရာမတွေပါ မျက်ရည်လည်အောင် အကောင်းဆုံးကြိုးစားသရုပ်ဆောင်သွားခဲကြတဲ့ ကျောင်းသူကျောင်းသားလေးတွေရဲ့ အနုပညာစွမ်းရည်ကတော့ လေးစားဖွယ်ကောင်းလှပါတယ်။စီစဉ်သူ ဆရာ/ဆရာမ များနဲ့ အဖွဲ့သူ အဖွဲ့သားများ အားလုံးရဲ့ စည်းလုံးမှု ကိုလည်း မြင်တွေ့ရတာ ကြက်သီးထဖွယ်ဖြစ်ပါတယ်နော်။ ပရိသတ်ကြီးလည်း ဒီဗွီဒီယိုလေးကို ကြည့်ပြီးဆုံးဖြတ်ပေးကြပါဦးနော်။ […]