ဗယ္လင္တိုင္းေန႔တြင္ ဟိုတယ္ေတြမွာရွိတဲ့ လက္မထပ္ရေသးတဲ့ စုံတြဲေတြကို အင္ဒိုနီးရွားမွာလိုက္လံဖမ္းဆီး

အင္ဒိုနီးရွားႏိုင္ငံ မာကာဆားၿမိဳ႕မွာ ၿပီးခဲ့တဲ့ ခ်စ္သူမ်ားေန႔မွာ ရဲေတြက ဟိုတယ္ေတြကို ဝင္ေရာက္စီးနင္းၿပီး လက္မထပ္ရေသးတဲ့ စုံတြဲေတြကို ဝင္ေရာက္ဖမ္းဆီးခဲ့ပါတယ္။

ဗယ္လင္တိုင္းေဒး ေခၚ ခ်စ္သူမ်ားေန႔ဟာ မေကာင္းမႈဒုစ႐ိုက္ဆိုၿပီး ခုလို ဟိုတယ္ေတြမွာ လက္မထပ္ရေသးတဲ့ စုံတြဲေတြကို ဝင္ေရာက္ဖမ္းဆီးတာျဖစ္ေၾကာင္း ေအအက္ဖ္ပီသတင္းတစ္ရပ္က ေဖာ္ျပပါတယ္။

ကမာၻတစ္ဝန္းမွာ ခ်စ္သူမ်ားေန႔ကို က်င္းပေနေပမယ့္ မြတ္စလင္အမ်ားစု အင္ဒိုနီးရွားႏိုင္ငံ ျပည္နယ္အခ်ိဳ႕မွာ ႏိုင္ငံရဲ႕ ယဥ္ေက်းမႈနဲ႔ က်င့္ဝတ္ကို ခ်ိဳးေဖာက္တာအျဖစ္ ခ်စ္သူမ်ားေန႔ကို တားျမစ္တာေတြ ရွိေနတာ ျဖစ္ပါတယ္။

ရွာရီယာေလာ ျပဌာန္းထားတဲ့ ဘန္ဒါအက္ျပည္နယ္မွာ စားေသာက္ဆိုင္ေတြနဲ႔ ဟိုတယ္ေတြကို ဗယ္လင္တိုင္းေန႔ကို အားေပးအားေျမႇာက္မလုပ္ဖို႔ သတိေပးခ်က္ေတြ ထုတ္ျပန္ထားပါတယ္။

မာကာဆားၿမိဳ႕မွာေတာ့ ရဲေတြဟာ ဟိုတယ္ေတြထဲ ဝင္ေရာက္စီးနင္းၿပီး လက္မထပ္ရေသးတဲ့ အတူေနစုံတြဲ ႏွစ္ဒါဇင္နီးပါးကို ဖမ္းဆီးခဲ့ပါတယ္။

အဲဒီလို ဖမ္းဆီးခဲ့ရာမွာ ဂ်ာမန္ႏိုင္ငံသားတစ္ဦးလည္း ပါဝင္ခဲ့ၿပီး သူ႔ဟာ အင္ဒိုနီးရွားအမ်ိဳးသမီးတစ္ဦးနဲ႔ အတူတူေနေနတာျဖစ္ေပမယ့္ လင္မယားေတြမဟုတ္တာေၾကာင့္ ဖမ္းဆီးရတာ ျဖစ္ေၾကာင္း ဌာေနရဲဌာနအႀကီးအကဲ အမ္မန္းဟက္က ေျပာပါတယ္။

မြတ္စလင္အမ်ားစု အင္ဒိုနီးရွားႏိုင္ငံမွာ အိမ္ေထာင္ျပင္ပ လိင္ဆက္ဆံတာကို လူျမင္ကြင္းမွာ ႀကိမ္ဒဏ္ေပးတဲ့ ရွာရီယာေလာ ဥပေဒကို အာေခ်းျပည္နယ္မွာ က်င့္သုံးလ်က္ရွိေနပါတယ္။

Source: SCMP

Unicode

ဗယ်လင်တိုင်းနေ့တွင် ဟိုတယ်တွေမှာရှိတဲ့ လက်မထပ်ရသေးတဲ့ စုံတွဲတွေကို အင်ဒိုနီးရှားမှာလိုက်လံဖမ်းဆီး

အင်ဒိုနီးရှားနိုင်ငံ မာကာဆားမြို့မှာ ပြီးခဲ့တဲ့ ချစ်သူများနေ့မှာ ရဲတွေက ဟိုတယ်တွေကို ဝင်ရောက်စီးနင်းပြီး လက်မထပ်ရသေးတဲ့ စုံတွဲတွေကို ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။

ဗယ်လင်တိုင်းဒေး ခေါ် ချစ်သူများနေ့ဟာ မကောင်းမှုဒုစရိုက်ဆိုပြီး ခုလို ဟိုတယ်တွေမှာ လက်မထပ်ရသေးတဲ့ စုံတွဲတွေကို ဝင်ရောက်ဖမ်းဆီးတာဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်က ဖော်ပြပါတယ်။

ကမ္ဘာတစ်ဝန်းမှာ ချစ်သူများနေ့ကို ကျင်းပနေပေမယ့် မွတ်စလင်အများစု အင်ဒိုနီးရှားနိုင်ငံ ပြည်နယ်အချို့မှာ နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ ကျင့်ဝတ်ကို ချိုးဖောက်တာအဖြစ် ချစ်သူများနေ့ကို တားမြစ်တာတွေ ရှိနေတာ ဖြစ်ပါတယ်။

ရှာရီယာလော ပြဌာန်းထားတဲ့ ဘန်ဒါအက်ပြည်နယ်မှာ စားသောက်ဆိုင်တွေနဲ့ ဟိုတယ်တွေကို ဗယ်လင်တိုင်းနေ့ကို အားပေးအားမြှောက်မလုပ်ဖို့ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

မာကာဆားမြို့မှာတော့ ရဲတွေဟာ ဟိုတယ်တွေထဲ ဝင်ရောက်စီးနင်းပြီး လက်မထပ်ရသေးတဲ့ အတူနေစုံတွဲ နှစ်ဒါဇင်နီးပါးကို ဖမ်းဆီးခဲ့ပါတယ်။

အဲဒီလို ဖမ်းဆီးခဲ့ရာမှာ ဂျာမန်နိုင်ငံသားတစ်ဦးလည်း ပါဝင်ခဲ့ပြီး သူ့ဟာ အင်ဒိုနီးရှားအမျိုးသမီးတစ်ဦးနဲ့ အတူတူနေနေတာဖြစ်ပေမယ့် လင်မယားတွေမဟုတ်တာကြောင့် ဖမ်းဆီးရတာ ဖြစ်ကြောင်း ဌာနေရဲဌာနအကြီးအကဲ အမ်မန်းဟက်က ပြောပါတယ်။

မွတ်စလင်အများစု အင်ဒိုနီးရှားနိုင်ငံမှာ အိမ်ထောင်ပြင်ပ လိင်ဆက်ဆံတာကို လူမြင်ကွင်းမှာ ကြိမ်ဒဏ်ပေးတဲ့ ရှာရီယာလော ဥပဒေကို အာချေးပြည်နယ်မှာ ကျင့်သုံးလျက်ရှိနေပါတယ်။

Source: SCMP

Post Author: MC KZONE