တာ၀န္ေၾကာင့္ မ်က္ရည္ေတြၾကားထဲမွာ ၿပဳံးေနရတဲ့ တုိးလ္ဂိတ္၀န္ထမ္းမေလး

ဘယ္လုိေနရာမွာပဲျဖစ္ျဖစ္ အမ်ားျပည္သူကုိ ၀န္ေဆာင္မႈေပးရတဲ့ ၀န္ထမ္းေတြြဟာ အေျပာအဆုိ အခံရဆုံးပါပဲ။ လူအမ်ားႀကီးကုိ ၀န္ေဆာင္မႈေပးရတဲ့အလုပ္ေတြ ျဖစ္တာေၾကာင့္ စိတ္တုိင္းမက်သူေတြနဲ႔ ေတြ႕ရင္ အေျပာအဆုိ ခံရတာ ရုိးေနၿပီလုိ႔ေတာင္ ေျပာရမွာပါ။ ဒါေပမယ့္ သူတုိ႔လည္း လူသားေတြပဲေလ။ ခံစားတတ္ၾကသူေတြပါပဲ။

အခုလည္း တရုတ္ႏုိင္ငံရဲ႕ တုိးလ္ဂိတ္တစ္ခုမွာ လုပ္ကုိင္ေနတဲ့ ၀န္ထမ္းအမ်ိဳးသမီးေလး တစ္ဦးဟာ ကားဒရုိင္ဘာတစ္ေယာက္ရဲ႕ ဆူပူေအာ္ေငါက္ျခင္းကုိ ခံလုိက္ရၿပီး မ်က္ရည္က်ေနတဲ့ ဗီဒီယုိေလးကုိ ေတြ႕ခဲ့ရပါတယ္။

သူမ က တုိးလ္ဂိတ္မွာ ကားေမာင္းသူေတြ လုိက္နာရမယ့္ စည္းမ်ဥ္းအသစ္ေတြကုိ ရွင္းျပရတဲ့သူ ျဖစ္ၿပီး စိတ္မရွည္တဲ့ ကားသမားတစ္ေယာက္က သူ႕ကုိေအာ္ေငါက္သြားခဲ့တာပါ။ သူမ က အဲဒီအျဖစ္ေၾကာင့္ ကေလးတစ္ေယာက္လုိ ငုိေနခဲ့ၿပီး မိနစ္အနည္းငယ္အၾကာမွာ မန္ေနဂ်ာျဖစ္သူက သူမရဲ႕အေရွ႕ကုိ ေရာက္ရွိလာခဲ့ပါတယ္။

မန္ေနဂ်ာျဖစ္သူက သူမကုိ ႏွစ္သိမ့္ေပးေပမယ့္ သူမက မ်က္ရည္ေတြကိုိ မထိန္းထားႏုိင္ခဲ့ပဲ ဆက္လက္ ငုိေၾကြးေနခဲ့တာပါ။ ဒါေပမယ့္ ကားတစ္စီးထပ္ေရာက္လာၿပီး လုပ္ငန္းခြင္ ၀င္ရမယ့္အခ်ိန္မွာေတာ့ သူမက မ်က္ရည္ေတြကုိ ခ်က္ခ်င္းပဲ သုတ္လုိက္ၿပီး ခ်စ္စရာအၿပဳံးေလးအျဖစ္ ေျပာင္းလဲလုိက္တာကုိ ျမင္ေတြ႕ခဲ့ရပါတယ္။

South China Morning Post မွာ တင္ထားတဲ့ အဲဒီ ဗီဒီယုိဖုိင္ေလးက ၾကည့္တဲ့သူေတြကုိ စိတ္မေကာင္းျဖစ္သြားေစခဲ့ၿပီး လုပ္ငန္းခြင္လုိအပ္ခ်က္အရ မၿပဳံးခ်င္ပဲ ၿပဳံးေနရရွာတဲ့မိန္းကေလးကုိ ၾကည့္ရႈသူေတြက ဂရုဏာသက္ခဲ့ၾကတာပါ။

ၾကည့္ရႈသူ သိန္းခ်ီၿပီးရွိခဲ့တဲ့ ဒီ ဗီဒီယုိေလးက အမ်ားျပည္သူကုိ ၀န္ေဆာင္မႈေပးရတဲ့ ၀န္ထမ္းေတြရဲ႕ဘ၀ကုိ ေဖာ္ျပေနသလုိ ျဖစ္ခဲ့ၿပီး ဒီ၀န္ထမ္းေတြဟာလည္း လူသားေတြပဲျဖစ္လုိ႔ ခံစားတတ္ၾကတယ္လုိ႔ အမ်ားစုက မွတ္ခ်က္ေပးခဲ့ၾကပါတယ္။

credit – shwemom

Unicode

တာဝန်ကြောင့် မျက်ရည်တွေကြားထဲမှာ ပြုံးနေရတဲ့ တိုးလ်ဂိတ်ဝန်ထမ်းမလေး

ဘယ်လိုနေရာမှာပဲဖြစ်ဖြစ် အများပြည်သူကို ဝန်ဆောင်မှုပေးရတဲ့ ဝန်ထမ်းတွေဟာ အပြောအဆို အခံရဆုံးပါပဲ။ လူအများကြီးကို ဝန်ဆောင်မှုပေးရတဲ့အလုပ်တွေ ဖြစ်တာကြောင့် စိတ်တိုင်းမကျသူတွေနဲ့ တွေ့ရင် အပြောအဆို ခံရတာ ရိုးနေပြီလို့တောင် ပြောရမှာပါ။ ဒါပေမယ့် သူတို့လည်း လူသားတွေပဲလေ။ ခံစားတတ်ကြသူတွေပါပဲ။

အခုလည်း တရုတ်နိုင်ငံရဲ့ တိုးလ်ဂိတ်တစ်ခုမှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းအမျိုးသမီးလေး တစ်ဦးဟာ ကားဒရိုင်ဘာတစ်ယောက်ရဲ့ ဆူပူအော်ငေါက်ခြင်းကို ခံလိုက်ရပြီး မျက်ရည်ကျနေတဲ့ ဗီဒီယိုလေးကို တွေ့ခဲ့ရပါတယ်။

သူမ က တိုးလ်ဂိတ်မှာ ကားမောင်းသူတွေ လိုက်နာရမယ့် စည်းမျဉ်းအသစ်တွေကို ရှင်းပြရတဲ့သူ ဖြစ်ပြီး စိတ်မရှည်တဲ့ ကားသမားတစ်ယောက်က သူ့ကိုအော်ငေါက်သွားခဲ့တာပါ။ သူမ က အဲဒီအဖြစ်ကြောင့် ကလေးတစ်ယောက်လို ငိုနေခဲ့ပြီး မိနစ်အနည်းငယ်အကြာမှာ မန်နေဂျာဖြစ်သူက သူမရဲ့အရှေ့ကို ရောက်ရှိလာခဲ့ပါတယ်။

မန်နေဂျာဖြစ်သူက သူမကို နှစ်သိမ့်ပေးပေမယ့် သူမက မျက်ရည်တွေကို မထိန်းထားနိုင်ခဲ့ပဲ ဆက်လက် ငိုကြွေးနေခဲ့တာပါ။ ဒါပေမယ့် ကားတစ်စီးထပ်ရောက်လာပြီး လုပ်ငန်းခွင် ဝင်ရမယ့်အချိန်မှာတော့ သူမက မျက်ရည်တွေကို ချက်ချင်းပဲ သုတ်လိုက်ပြီး ချစ်စရာအပြုံးလေးအဖြစ် ပြောင်းလဲလိုက်တာကို မြင်တွေ့ခဲ့ရပါတယ်။

South China Morning Post မှာ တင်ထားတဲ့ အဲဒီ ဗီဒီယိုဖိုင်လေးက ကြည့်တဲ့သူတွေကို စိတ်မကောင်းဖြစ်သွားစေခဲ့ပြီး လုပ်ငန်းခွင်လိုအပ်ချက်အရ မပြုံးချင်ပဲ ပြုံးနေရရှာတဲ့မိန်းကလေးကို ကြည့်ရှုသူတွေက ဂရုဏာသက်ခဲ့ကြတာပါ။

ကြည့်ရှုသူ သိန်းချီပြီးရှိခဲ့တဲ့ ဒီ ဗီဒီယိုလေးက အများပြည်သူကို ဝန်ဆောင်မှုပေးရတဲ့ ဝန်ထမ်းတွေရဲ့ဘဝကို ဖော်ပြနေသလို ဖြစ်ခဲ့ပြီး ဒီဝန်ထမ်းတွေဟာလည်း လူသားတွေပဲဖြစ်လို့ ခံစားတတ်ကြတယ်လို့ အများစုက မှတ်ချက်ပေးခဲ့ကြပါတယ်။

credit – shwemom

Post Author: MC KZONE