ဝူဟန္ဗိုင္းရပ္စ္ကူးစက္ခံထားရာေနရာက အမ်ိဳးသမီး အျခားအိမ္တံခါးမ်ားကို တံေတြး နဲ႔ လိုက္ေထြး

တ႐ုတ္ႏိုင္ငံမွာ ဝူဟန္ဗိုင္းရပ္စ္ ျပန႔္ပြားမႈ ျမန္ဆန္ေနတာေၾကာင့္ သက္ဆိုင္ရာ အာဏာပိုင္ေတြက ကားကြယ္တားဆီးေရးနဲ႔ ဗိုင္းရပ္စ္ျပန႔္ပြားႏိုင္မႈ အေျခအေနေတြကို တိုင္းတာစုံစမ္း ေလ့လာေနၾကပါတယ္။

ဒီလိုအေျခအေနမွာ ဝူဟန္ဗိုင္းရပ္စ္ကူးစက္ခံထားရသူ အမ်ိဳးသမီးတစ္ဦး၏ ထင္မွတ္မထားေသာ လူမဆန္သည့္ လုပ္ရပ္ကို စီစီတီဗီကင္မရာမွ စစ္ေဆးေတြ႕ရွိၿပီးေနာက္ ရဲေတြက စုံစမ္းစစေဆးမႈေတြ ျပဳလုပ္ခဲ့ပါတယ္။

တ႐ုတ္သတင္းစာ Sin Chaw Daily တြင္ ေဖာ္ျပထားေသာ သတင္းအရ ဝူဟန္ဗိုင္းရပ္ ကူးစက္ခံထားရေသာ ေနရာအျဖစ္ သတ္မွတ္ခံထားရသည့္ ေနရာတစ္ခုက လူေနအိမ္ခန္းမွာ အမ်ိဳးသမီးတစ္ဦးဟာ ညအခ်ိန္မွာ သူမ၏ ေနအိမ္မွ တိတ္တဆိတ္ ထြက္လာၿပီး အိမ္းနီးနားခ်င္းမ်ား၏ အိမ္တံခါးမ်ားေရွ႕သို႔သြားကာ တံခါးလက္ကိုင္ဖုမ်ားကို တံေတြးျဖင့္ ရည္႐ြယ္ခ်က္ရွိရွိ လိုက္ေထြးခဲ့တာကို စီစီတီဗီမွာ ျမင့္ေတြ႕ခဲ့ရတဲ့အတြက္ သက္ဆိုင္ရာကို အေၾကာင္းၾကားတိုင္တန္းခဲ့ပါတယ္။

ရဲေတြဟာ ကာကြယ္ေရးပစၥည္းအျပည့္အစုံျဖင့္ အဆိုပါ ဧရိယာကို ေရာက္ရွိလာၿပီး စစ္ေဆးမႈေတြ ျပဳလုပ္ခဲ့ရာ ဝူဟန္ဗိုင္းရပ္စ္ ကူးစက္ခံထားရသူ ၃၀ ေက်ာ္ ရွိေနၿပီး ေနာက္ထပ္ ၉၀ ေလာက္မွာ နာဖ်ားတဲ့ လကၡဏာေတြ ေတြ႕ရွိရပါတယ္။ အခ်ိဳ႕ကူးစက္ခံရသူမ်ားဟာ သူတို႔ရဲ႕ ေနအိမ္အခန္းထဲမွာပင္ သီးသန႔္ထားရွိေၾကာင္း ေတြ႕ရသည္။

ေဖာ္ျပပါ စီစီတီဗီ႐ုပ္သံကို အျပန္ျပန္အလွန္လွန္ စစ္ေဆးၾကည့္ရႈးခဲ့ၿပီးေနာက္ သက္ဆိုင္ရာ အုပ္ခ်ဳပ္ေရးမႉးက ဒီအျဖစ္ပ်က္ဟာ အမွန္တကယ္ျဖစ္ပ်က္ခဲ့ေၾကာင္း အတည္ျပဳေျပာၾကားခဲ့သည္။ ဒါေပမယ့္ အမ်ိဳးသမီးဟာ ဝူဟန္ဗိုင္းရပ္ကူးစက္ခံထားရသူ ဟုတ္၊ မဟုတ္ဆိုတာကိုေတာ့ ထုတ္ေဖာ္ေျပာၾကားျခင္း မရွိေသးပဲ စစ္ေဆးမႈမ်ား ဆက္လက္ေဆာင္႐ြက္လွ်က္ရွိေၾကာင္း သိရသည္။

credit – popolay

Unicode

ဝူဟန်ဗိုင်းရပ်စ်ကူးစက်ခံထားရာနေရာက အမျိုးသမီး အခြားအိမ်တံခါးများကို တံတွေးနဲ့လိုက်ထွေး

တရုတ်နိုင်ငံမှာ ဝူဟန်ဗိုင်းရပ်စ် ပြန့်ပွားမှု မြန်ဆန်နေတာကြောင့် သက်ဆိုင်ရာ အာဏာပိုင်တွေက ကားကွယ်တားဆီးရေးနဲ့ ဗိုင်းရပ်စ်ပြန့်ပွားနိုင်မှု အခြေအနေတွေကို တိုင်းတာစုံစမ်း လေ့လာနေကြပါတယ်။

ဒီလိုအခြေအနေမှာ ဝူဟန်ဗိုင်းရပ်စ်ကူးစက်ခံထားရသူ အမျိုးသမီးတစ်ဦး၏ ထင်မှတ်မထားသော လူမဆန်သည့် လုပ်ရပ်ကို စီစီတီဗီကင်မရာမှ စစ်ဆေးတွေ့ရှိပြီးနောက် ရဲတွေက စုံစမ်းစစဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

တရုတ်သတင်းစာ Sin Chaw Daily တွင် ဖော်ပြထားသော သတင်းအရ ဝူဟန်ဗိုင်းရပ် ကူးစက်ခံထားရသော နေရာအဖြစ် သတ်မှတ်ခံထားရသည့် နေရာတစ်ခုက လူနေအိမ်ခန်းမှာ အမျိုးသမီးတစ်ဦးဟာ ညအချိန်မှာ သူမ၏ နေအိမ်မှ တိတ်တဆိတ် ထွက်လာပြီး အိမ်းနီးနားချင်းများ၏ အိမ်တံခါးများရှေ့သို့သွားကာ တံခါးလက်ကိုင်ဖုများကို တံတွေးဖြင့် ရည်ရွယ်ချက်ရှိရှိ လိုက်ထွေးခဲ့တာကို စီစီတီဗီမှာ မြင့်တွေ့ခဲ့ရတဲ့အတွက် သက်ဆိုင်ရာကို အကြောင်းကြားတိုင်တန်းခဲ့ပါတယ်။

ရဲတွေဟာ ကာကွယ်ရေးပစ္စည်းအပြည့်အစုံဖြင့် အဆိုပါ ဧရိယာကို ရောက်ရှိလာပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာ ဝူဟန်ဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၃၀ ကျော် ရှိနေပြီး နောက်ထပ် ၉၀ လောက်မှာ နာဖျားတဲ့ လက္ခဏာတွေ တွေ့ရှိရပါတယ်။ အချို့ကူးစက်ခံရသူများဟာ သူတို့ရဲ့ နေအိမ်အခန်းထဲမှာပင် သီးသန့်ထားရှိကြောင်း တွေ့ရသည်။

ဖော်ပြပါ စီစီတီဗီရုပ်သံကို အပြန်ပြန်အလှန်လှန် စစ်ဆေးကြည့်ရှုးခဲ့ပြီးနောက် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက ဒီအဖြစ်ပျက်ဟာ အမှန်တကယ်ဖြစ်ပျက်ခဲ့ကြောင်း အတည်ပြုပြောကြားခဲ့သည်။ ဒါပေမယ့် အမျိုးသမီးဟာ ဝူဟန်ဗိုင်းရပ်ကူးစက်ခံထားရသူ ဟုတ်၊ မဟုတ်ဆိုတာကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပဲ စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

credit – popolay

Post Author: MC KZONE