ရန္ကုန္ၿမိဳ႕လယ္ေခါင္ဖက္ရွင္ဆိုင္ႀကီးတစ္ဆိုင္တြင္ ေနာက္ထပ္ အႏုၾကမ္းစီး ဓားျပတိုက္မႈတစ္ခု ျဖစ္ပြား

ၿပီးခဲ့တဲ့ ၇ ရက္ေန႔ နံနက္ပိုင္းက ေျမာက္ဒဂုံၿမိဳ႕နယ္ ၃၅ ရပ္ကြက္မွာရွိတဲ့ CB Bank ကို လူႏွစ္ဦးက လက္နက္နဲ႔ အႏုၾကမ္းစီးခဲ့ၿပီး ဗုံးအတု ေထာင္ခဲ့တဲ့ ျဖစ္စဥ္ျဖစ္ပြားခဲ့ပါတယ္။ဒီျဖစ္စဥ္မွာ ဘဏ္ဝန္ထမ္းေတြကိုေသနတ္ေထာက္ၿပီး ေငြ သိန္း ၆၀၀ ကို လုယက္သြားတာျဖစ္ပါတယ္။

ထို႔အတူ ညပိုင္းမွာလည္း ဗဟန္းၿမိဳ႕နယ္ ေရခဲဆိုင္မွတ္တိုင္အနီးမွာရွိတဲ့ Fashion ဆိုင္တစ္ဆိုင္ကို မ်က္ႏွာစည္းတပ္ထားတဲ့ အမ်ိဳးသားတစ္ဦးက ဓားျဖင့္ ဝင္ေရာက္အႏုၾကမ္းစီးမႈတစ္ခု ထပ္မံျဖစ္ပြားခဲ့တယ္လို႔ိသိရပါတယ္။

ဒီအျဖစ္အပ်က္က အမွန္တကယ္ျဖစ္ပြားခဲ့တာျဖစ္ေၾကာင္းကိုလည္း The Avenue မွ ဆိုင္ရွင္ျဖစ္သူကအတည္ျပဳေျပာဆိုပါတယ္။ ပါသြားတဲ့ ေငြေၾကးပမာဏကိုေတာ့ ထုတ္ေဖာ္ေျပာဆိုျခင္းမရွိပါဘူး။ ဒီအတြက္ လိုအပ္တဲ့ အေရးယူေဆာင္႐ြက္ျပဳလုပ္ရန္ တိုင္ၾကားျခင္းရွိမရွိကိုလည္း ထုတ္ျပန္ျခင္းမရွိေသးေၾကာင္း သိရွိရပါတယ္။

Writer – SMT ( Shwe Yaung Lan )

Unicode

ရန်ကုန်မြို့လယ်ခေါင်ဖက်ရှင်ဆိုင်ကြီးတစ်ဆိုင်တွင် နောက်ထပ် အနုကြမ်းစီး ဓားပြတိုက်မှုတစ်ခု ဖြစ်ပွား

ပြီးခဲ့တဲ့ ၇ ရက်နေ့ နံနက်ပိုင်းက မြောက်ဒဂုံမြို့နယ် ၃၅ ရပ်ကွက်မှာရှိတဲ့ CB Bank ကို လူနှစ်ဦးက လက်နက်နဲ့ အနုကြမ်းစီးခဲ့ပြီး ဗုံးအတု ထောင်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။ဒီဖြစ်စဉ်မှာ ဘဏ်ဝန်ထမ်းတွေကိုသေနတ်ထောက်ပြီး ငွေ သိန်း ၆၀၀ ကို လုယက်သွားတာဖြစ်ပါတယ်။

ထို့အတူ ညပိုင်းမှာလည်း ဗဟန်းမြို့နယ် ရေခဲဆိုင်မှတ်တိုင်အနီးမှာရှိတဲ့ Fashion ဆိုင်တစ်ဆိုင်ကို မျက်နှာစည်းတပ်ထားတဲ့ အမျိုးသားတစ်ဦးက ဓားဖြင့် ဝင်ရောက်အနုကြမ်းစီးမှုတစ်ခု ထပ်မံဖြစ်ပွားခဲ့တယ်လို့ိသိရပါတယ်။

ဒီအဖြစ်အပျက်က အမှန်တကယ်ဖြစ်ပွားခဲ့တာဖြစ်ကြောင်းကိုလည်း The Avenue မှ ဆိုင်ရှင်ဖြစ်သူကအတည်ပြုပြောဆိုပါတယ်။ ပါသွားတဲ့ ငွေကြေးပမာဏကိုတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။ ဒီအတွက် လိုအပ်တဲ့ အရေးယူဆောင်ရွက်ပြုလုပ်ရန် တိုင်ကြားခြင်းရှိမရှိကိုလည်း ထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရှိရပါတယ်။

Writer – SMT ( Shwe Yaung Lan )

Post Author: MC KZONE