ဘန္ေကာက္ေလဆိပ္တြင္ ေလယာဥ္ကိုဆြဲလာစဥ္ ဆြဲကားကို တက္ႀကိတ္မိၿပီး ဝန္ထမ္းေသဆုံး

ေဖေဖာ္ဝါရီလ ၇ ရက္ ယေန႔ နံနက္ ၈ နာရီ အခ်ိန္ခန႔္က ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ ဒိုေမာင္းေလဆိပ္တြင္ ျပည္တြင္းခရီးစဥ္မ်ား ေျပးဆြဲေနေသာ Nok Air ေလေၾကာင္းလိုင္းမွ ေလယာဥ္တစ္စီးကို ေလဆိပ္ တာမင္နယ္လ္သို႔ ေလယာဥ္ဆြဲကားျဖင့္ ဆြဲယူလာစဥ္ မေတာ္တဆမႈျဖစ္ပြားၿပီး ဝန္ထမ္းတစ္ဦး ေသဆုံးကာ တစ္ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ျပည္တြင္းခရီးစဥ္အတြက္ ခရီးသည္မ်ား တင္ေဆာင္ရန္ ထြက္ခြာမည့္ေလယာဥ္ကို ရပ္နားထားရာေနရာမွ ေလဆိပ္အေဆာက္အဦးသို႔ ကားေသးျဖင့္ ဆြဲယူလာစဥ္ ေလယာဥ္ဘီးႏွင့္ ဆြဲကားတို႔ကို တြဲခ်ိက္ထားသည့္ ႀကိဳးတစ္ေနရာ ေပ်ာက္ဆုံးေနသျဖင့္ ေလယာဥ္ကို ေကြ႕ရန္ ဆြဲလိုက္စဥ္ ေလယာဥ္က အရွိန္မထိန္းႏိုင္ပဲ ဆြဲကားကို ဝင္တိုက္ႀကိတ္မိခဲ့ျခင္းျဖစ္သည္။

မေတာ္တဆမႈေၾကာင့္ ဆြဲကားေမာင္းသူ ဝန္ထမ္းတစ္ဦး ေသဆုံးၿပီး က်န္တစ္ဦး ဒဏ္ရာရကာ ေလယာဥ္မွာလည္း ထိခိုက္ပ်က္ဆီးသြားခဲ့ေၾကာင္း သိရသည္။ ျဖစ္စဥ္ေၾကာင့္ ေလယာဥ္အခ်ိန္ တစ္နာရီေနာက္က်ကာ ၉ နာရီ ၅၀ မိနစ္တြင္မွ အစားထိုေလယာဥ္ျဖင့္ ခရီးစဥ္ကို ထြက္ခြာႏိုင္ခဲ့သည္။

အစပိုင္းတြင္ ဆြဲကားေမာင္းသူ ေျမျပင္ အင္ဂ်င္နီယာ Mr. Ajith Cha-Am မွာ ျပင္ထန္းစြာ ဒဏ္ရာရရွိခဲ့ၿပီး ေဆး႐ုံေရာက္မွ ေသဆုံးသြားခဲ့ျခင္းျဖစ္ေၾကာင္း Nok Air မွ သတင္းထုတ္ျပန္ခဲ့သည္။

credit – popolay

Unicode

ဘန်ကောက်လေဆိပ်တွင် လေယာဉ်ကိုဆွဲလာစဉ် ဆွဲကားကို တက်ကြိတ်မိပြီး ဝန်ထမ်းသေဆုံး

ဖေဖော်ဝါရီလ ၇ ရက် ယနေ့ နံနက် ၈ နာရီ အချိန်ခန့်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဒိုမောင်းလေဆိပ်တွင် ပြည်တွင်းခရီးစဉ်များ ပြေးဆွဲနေသော Nok Air လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးကို လေဆိပ် တာမင်နယ်လ်သို့ လေယာဉ်ဆွဲကားဖြင့် ဆွဲယူလာစဉ် မတော်တဆမှုဖြစ်ပွားပြီး ဝန်ထမ်းတစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပြည်တွင်းခရီးစဉ်အတွက် ခရီးသည်များ တင်ဆောင်ရန် ထွက်ခွာမည့်လေယာဉ်ကို ရပ်နားထားရာနေရာမှ လေဆိပ်အဆောက်အဦးသို့ ကားသေးဖြင့် ဆွဲယူလာစဉ် လေယာဉ်ဘီးနှင့် ဆွဲကားတို့ကို တွဲချိက်ထားသည့် ကြိုးတစ်နေရာ ပျောက်ဆုံးနေသဖြင့် လေယာဉ်ကို ကွေ့ရန် ဆွဲလိုက်စဉ် လေယာဉ်က အရှိန်မထိန်းနိုင်ပဲ ဆွဲကားကို ဝင်တိုက်ကြိတ်မိခဲ့ခြင်းဖြစ်သည်။

မတော်တဆမှုကြောင့် ဆွဲကားမောင်းသူ ဝန်ထမ်းတစ်ဦး သေဆုံးပြီး ကျန်တစ်ဦး ဒဏ်ရာရကာ လေယာဉ်မှာလည်း ထိခိုက်ပျက်ဆီးသွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်ကြောင့် လေယာဉ်အချိန် တစ်နာရီနောက်ကျကာ ၉ နာရီ ၅၀ မိနစ်တွင်မှ အစားထိုလေယာဉ်ဖြင့် ခရီးစဉ်ကို ထွက်ခွာနိုင်ခဲ့သည်။

အစပိုင်းတွင် ဆွဲကားမောင်းသူ မြေပြင် အင်ဂျင်နီယာ Mr. Ajith Cha-Am မှာ ပြင်ထန်းစွာ ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံရောက်မှ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း Nok Air မှ သတင်းထုတ်ပြန်ခဲ့သည်။

credit – popolay

Post Author: MC KZONE