အသက္ ၈၀ အ႐ြယ္သားကို ကူညီျပဳစုဖို႔ အေဝးကေနေရာက္လာခဲ့တဲ့ အသက္ ၉၈ အ႐ြယ္ ေမေမ

မိခင္တစ္ဦးရဲ႕ ေမတၱာဆိုတာ အႏႈိင္းအဆမဲ့တဲ့အရာျဖစ္တာကို ကြၽန္မတို႔အားလုံးသိၿပီးသားျဖစ္မွာပါ။အသက္ ၉၈ႏွစ္အ႐ြယ္ဆိုတာ အရမ္းကို အိုမင္းေနတဲ့အသက္အ႐ြယ္လို႔ ဆိုရမွာပါ။ ဒါေပမဲ့ အသက္၁၀၀နီးပါးရွိေနတဲ့ မိခင္အိုႀကီးဟာ အသက္ ၈၀အ႐ြယ္သားျဖစ္သူ နာမက်န္းျဖစ္တဲ့အတြက္ အေဝးကေန သားဆီကိုေရာက္ေအာင္လာခဲ့ပါတယ္။

အသက္ ၈၀အ႐ြယ္ သားျဖစ္သူ Tom ဟာ အရင္ သက္ႀကီးေစာင့္ေရွာက္ေရးေဂဟာကေန Huyton မွာရွိတဲ့ ေဂဟာဆီကို ေျပာင္းေ႐ြ႕လာခဲ့ပါတယ္။သားျဖစ္သူေျပာင္းေ႐ြ႕သြားတာကို သိတဲ့မိခင္ျဖစ္သူ Ada ဟာ သားနဲ႔အတူေနထိုင္ဖို႔ ဆုံးျဖတ္ကာ သားေနထိုင္တဲ့ ေစာင့္ေရွာက္ေရးေဂဟာကို ေျပာင္းေ႐ြ႕ခဲ့ပါတယ္။

အသက္အ႐ြယ္ႀကီးၿပီျဖစ္ေပမယ့္ မိခင္ဟာ သားနဲ႔အတူ ဂိမ္းေဆာ့ တီဗြီၾကည့္ကာ သားကိုဂ႐ုစိုက္ေထြးေပြ႕တဲ့ တာဝန္ကိုယူဆဲျဖစ္ပါတယ္။Ada ဟာ တစ္ခ်ိန္က ေဆး႐ုံမွာ သူနာျပဳလုပ္ခဲ့သူျဖစ္ၿပီး သားျဖစ္သူ Tom ကေတာ့ ေဆးသုတ္ အိမ္တြင္းအလွဆင္လုပ္ငန္းလုပ္ကိုင္သူျဖစ္ပါတယ္။

သူတို႔ သားအမိဆီကို ပုံမွန္လာေရာက္လည္ပတ္ေနသူကေတာ့ ေျမးျဖစ္သူ Debi Higham ပဲျဖစ္ပါတယ္။“သူတို႔ကို ခြဲထားလု႔ိမရဘူးေလ အခ်ိန္တိုင္း တစ္ေယာက္ကိုတစ္ေယာက္ ၂၄နာရီ ၇ရက္ပတ္လုံး ေစာင့္ေရွာက္ေပးေနၾကတာ” လို႔ Debi ကဆိုပါတယ္။

သိပ္ကိုေႏြးေထြးလြန္းလွတဲ့ မိခင္ရဲ႕ေမတၱာေတြဟာ ဘယ္အေျခအေနမွာပဲျဖစ္ျဖစ္ ၾသခ်ရေအာင္ ျမင့္ျမတ္ေနဆဲပါပဲ။ ဒီေမတၱာရဲ႕ေႏြးေထြးမႈေတြကို ပရိသတ္ႀကီးလဲ မွ်ေဝခံစားႏိုင္ဖို႔ မိခင္အိုရဲ႕ေမတၱာကိုေဖာ္ျပေနတဲ့ဗြီဒီယိုဖိုင္ေလးကို တင္ဆက္ေပးလိုက္ပါတယ္ေနာ္။

Source-A post.com

Unicode

အသက် ၈၀ အရွယ်သားကို ကူညီပြုစုဖို့ အဝေးကနေရောက်လာခဲ့တဲ့ အသက် ၉၈ အရွယ် မေမေ

မိခင်တစ်ဦးရဲ့ မေတ္တာဆိုတာ အနှိုင်းအဆမဲ့တဲ့အရာဖြစ်တာကို ကျွန်မတို့အားလုံးသိပြီးသားဖြစ်မှာပါ။အသက် ၉၈နှစ်အရွယ်ဆိုတာ အရမ်းကို အိုမင်းနေတဲ့အသက်အရွယ်လို့ ဆိုရမှာပါ။ ဒါပေမဲ့ အသက်၁၀၀နီးပါးရှိနေတဲ့ မိခင်အိုကြီးဟာ အသက် ၈၀အရွယ်သားဖြစ်သူ နာမကျန်းဖြစ်တဲ့အတွက် အဝေးကနေ သားဆီကိုရောက်အောင်လာခဲ့ပါတယ်။

အသက် ၈၀အရွယ် သားဖြစ်သူ Tom ဟာ အရင် သက်ကြီးစောင့်ရှောက်ရေးဂေဟာကနေ Huyton မှာရှိတဲ့ ဂေဟာဆီကို ပြောင်းရွေ့လာခဲ့ပါတယ်။သားဖြစ်သူပြောင်းရွေ့သွားတာကို သိတဲ့မိခင်ဖြစ်သူ Ada ဟာ သားနဲ့အတူနေထိုင်ဖို့ ဆုံးဖြတ်ကာ သားနေထိုင်တဲ့ စောင့်ရှောက်ရေးဂေဟာကို ပြောင်းရွေ့ခဲ့ပါတယ်။

အသက်အရွယ်ကြီးပြီဖြစ်ပေမယ့် မိခင်ဟာ သားနဲ့အတူ ဂိမ်းဆော့ တီဗွီကြည့်ကာ သားကိုဂရုစိုက်ထွေးပွေ့တဲ့ တာဝန်ကိုယူဆဲဖြစ်ပါတယ်။Ada ဟာ တစ်ချိန်က ဆေးရုံမှာ သူနာပြုလုပ်ခဲ့သူဖြစ်ပြီး သားဖြစ်သူ Tom ကတော့ ဆေးသုတ် အိမ်တွင်းအလှဆင်လုပ်ငန်းလုပ်ကိုင်သူဖြစ်ပါတယ်။

သူတို့ သားအမိဆီကို ပုံမှန်လာရောက်လည်ပတ်နေသူကတော့ မြေးဖြစ်သူ Debi Higham ပဲဖြစ်ပါတယ်။“သူတို့ကို ခွဲထားလု့ိမရဘူးလေ အချိန်တိုင်း တစ်ယောက်ကိုတစ်ယောက် ၂၄နာရီ ၇ရက်ပတ်လုံး စောင့်ရှောက်ပေးနေကြတာ” လို့ Debi ကဆိုပါတယ်။

သိပ်ကိုနွေးထွေးလွန်းလှတဲ့ မိခင်ရဲ့မေတ္တာတွေဟာ ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် သြချရအောင် မြင့်မြတ်နေဆဲပါပဲ။ ဒီမေတ္တာရဲ့နွေးထွေးမှုတွေကို ပရိသတ်ကြီးလဲ မျှဝေခံစားနိုင်ဖို့ မိခင်အိုရဲ့မေတ္တာကိုဖော်ပြနေတဲ့ဗွီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source-A post.com

Post Author: MC KZONE