သံပိုက္လံုးကိုအသံုးျပဳ ၿပီး လိင္စိတ္ႏႈိးဆြေအာင္ျပဳလုပ္ခဲ့လို႔ သံပိုက္လံုးထဲလိင္အဂၤါ 5ရက္ခန္႔ ခံေနခဲ့တဲ့အမ်ိဳးသားရဲ႕အျဖစ္

ကိုယ့္ရဲ႕အေတာ္ေလးအ႐ွက္ကြဲဖို႔ေကာင္းတဲ့ ျပသာနာေတြဆိုရင္ လူတိုင္းလိုလိုကေတာ့ ကိုယ္တိုင္ရေအာင္ေျဖ႐ွင္းၾကတာပါပဲေလ ။ ဒီတစ္ေခါက္မွာလည္း ထိုင္းႏိုင္ငံကအမ်ိဳးသားတစ္ဦးဟာ လိင္စိတ္ႏိႈးဆြေအာင္ျပဳလုပ္ေနရင္း သူ၏လိင္အဂၤါဟာ ပိုက္လံုးထဲခံေနခဲ့လို႔ အ႐ွက္လြန္ၿပီးေဆးရံုမသြားႏိုင္ဘဲ ကိုယ့္ျပသာနာကိုယ္ ေျဖ႐ွင္းဖို႔ႀကိဳးစားခဲ့ပါတယ္ ။ အဆိုပါ အသက္ 21ႏွစ္အရြယ္အမ်ိဳးသားဟာ မခံႏိုင္ေတာ့တဲ့အဆံုး 5ရက္ေျမာက္ေန႔မွာမွ ေဆးရံုသြားဖို႔ ဆံုးျဖတ္ခ်က္ခ်ခဲ့ပါတယ္ ။ အဆိုပါ မေတာ္တဆမႈဟာ ၎အမ်ိဳးသားက သူ၏လိင္အဂၤါကိုေျခအိတ္အမဲေရာင္နဲ႔ စြပ္လိုက္ၿပီးေနာက္ 5cm အက်ယ္႐ွိတဲ့ သံပိုက္လံုးထဲသို႔ ထိုးထည့္ရင္းနဲ႔ မေတာ္တဆခံသြားခဲ့တာျဖစ္ပါတယ္ ။

ထို႔ေနာက္မၾကာခင္မွာပဲ သူ၏လိင္အဂၤါဟာ ေသြးလည္ပတ္မႈေတြ ရပ္တန္႔သြားခဲ့ၿပီးေနာက္ အေတာ္ေလးေရာင္ကိုင္းလာခဲ့ပါတယ္ ။ ထို႔ေနာက္ အိမ္မွာေတြ႔တဲ့ပစၥည္းေတြနဲ႔ နည္းလမ္း႐ွာၿပီး 5ရက္ခန္႔တစ္ေယာက္တည္း ႀကိတ္ၿပီး လိင္အဂၤါကိုျပန္ဆြဲထုတ္ဖို့ၾကိုးစားခဲ့ပါေသးတယ္ ။ နာက်င္မႈေတြဆိုးဝါးလာၿပီး မခံႏိုင္ေတာ့တဲ့အဆံုးမွာမွ ေဆးရံုသို႔သြားခဲ့တာပါ ။ အဆိုပါအမ်ိဳးသားဟာ ဆရာဝန္ကိုေတာ့ ယခုလိုအရင္ခ်ိန္တုန္းက 2ႀကိမ္ခန္႔စမ္းသပ္ခဲ့ေပမဲ့ အဆင္ေျပခဲ့ၿပီး ဒီတစ္ေခါက္မွာမွ ေျခအိတ္နဲ႔စြပ္ၿပီး လုပ္ေဆာင္ခဲ့လို႔ ခံသြားခဲ့ရတာျဖစ္ေၾကာင္း ႐ွင္းျပခဲ့ပါတယ္ ။

ထို႔ေၾကာင့္ 3mm အထူ႐ွိတဲ့ သံပိုက္လံုးကို ေဆးရံုက ဓား 25 ေခ်ာင္းသံုးၿပီး ဖ်က္ေပးခဲ့ရပါတယ္ ။ အဆိုပါအမ်ိဳးသားရဲ႕လိင္အဂၤါမွာ ေသြးလည္ပတ္မႈမ႐ွိခဲ့တဲ့အတြက္ အေတာ္ေလးကို မဲပုပ္ေနတဲ့အေရာင္ျဖစ္ေနခဲ့ၿပီး အေရျပားရဲ႕အေပၚပိုင္း tissue ေတြဟာလည္း ပုပ္သိုးသြားခဲ့ပါတယ္ ။ ဆရာဝန္ကေတာ့ အမ်ိဳးသားေတြရဲ႕လိင္အဂၤါဟာ အခုလိုခံေနမယ္ဆိုရင္ ေသြးလည္ပတ္မႈမ႐ွိေတာ့လို႔ 3 နာရီခန္႔တည္းနဲ႔ လိင္အဂၤါကိုဆံုး႐ႈံးလိုက္ရတာမ်ိဳးျဖစ္ႏိုင္ေပမဲ့ ဒီအမ်ိဳးသားကေတာ့ 5ရက္အထိ အေတာ္ေလးသည္းခံႏိုင္ခဲ့ၿပီး ေအာင္ေအာင္ျမင္ျမင္ျပန္ထုတ္ႏိုင္ခဲ့တဲ့အတြက္ အေတာ္ေလးအံ့ၾသမိေၾကာင္းလည္း ေျပာဆိုသြားခဲ့ပါတယ္ ။ ဒါကေတာ့ ေယာက်ၤားေတြအတြက္ တကယ့္ကိုသင္ခန္းစာတစ္ခုလို႔ေျပာရမွာပါပဲေလ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

သံပိုက်လုံးကိုအသုံးပြု ပြီး လိင်စိတ်နှိုးဆွအောင်ပြုလုပ်ခဲ့လို့ သံပိုက်လုံးထဲလိင်အင်္ဂါ 5ရက်ခန့် ခံနေခဲ့တဲ့အမျိုးသားရဲ့အဖြစ်

ကိုယ့်ရဲ့အတော်လေးအရှက်ကွဲဖို့ကောင်းတဲ့ ပြသာနာတွေဆိုရင် လူတိုင်းလိုလိုကတော့ ကိုယ်တိုင်ရအောင်ဖြေရှင်းကြတာပါပဲလေ ။ ဒီတစ်ခေါက်မှာလည်း ထိုင်းနိုင်ငံကအမျိုးသားတစ်ဦးဟာ လိင်စိတ်နှိုးဆွအောင်ပြုလုပ်နေရင်း သူ၏လိင်အင်္ဂါဟာ ပိုက်လုံးထဲခံနေခဲ့လို့ အရှက်လွန်ပြီးဆေးရုံမသွားနိုင်ဘဲ ကိုယ့်ပြသာနာကိုယ် ဖြေရှင်းဖို့ကြိုးစားခဲ့ပါတယ် ။ အဆိုပါ အသက် 21နှစ်အရွယ်အမျိုးသားဟာ မခံနိုင်တော့တဲ့အဆုံး 5ရက်မြောက်နေ့မှာမှ ဆေးရုံသွားဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ် ။ အဆိုပါ မတော်တဆမှုဟာ ၎င်းအမျိုးသားက သူ၏လိင်အင်္ဂါကိုခြေအိတ်အမဲရောင်နဲ့ စွပ်လိုက်ပြီးနောက် 5cm အကျယ်ရှိတဲ့ သံပိုက်လုံးထဲသို့ ထိုးထည့်ရင်းနဲ့ မတော်တဆခံသွားခဲ့တာဖြစ်ပါတယ် ။

ထို့နောက်မကြာခင်မှာပဲ သူ၏လိင်အင်္ဂါဟာ သွေးလည်ပတ်မှုတွေ ရပ်တန့်သွားခဲ့ပြီးနောက် အတော်လေးရောင်ကိုင်းလာခဲ့ပါတယ် ။ ထို့နောက် အိမ်မှာတွေ့တဲ့ပစ္စည်းတွေနဲ့ နည်းလမ်းရှာပြီး 5ရက်ခန့်တစ်ယောက်တည်း ကြိတ်ပြီး လိင်အင်္ဂါကိုပြန်ဆွဲထုတ်ဖို့ကြိုးစားခဲ့ပါသေးတယ် ။ နာကျင်မှုတွေဆိုးဝါးလာပြီး မခံနိုင်တော့တဲ့အဆုံးမှာမှ ဆေးရုံသို့သွားခဲ့တာပါ ။ အဆိုပါအမျိုးသားဟာ ဆရာဝန်ကိုတော့ ယခုလိုအရင်ချိန်တုန်းက 2ကြိမ်ခန့်စမ်းသပ်ခဲ့ပေမဲ့ အဆင်ပြေခဲ့ပြီး ဒီတစ်ခေါက်မှာမှ ခြေအိတ်နဲ့စွပ်ပြီး လုပ်ဆောင်ခဲ့လို့ ခံသွားခဲ့ရတာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ် ။

ထို့ကြောင့် 3mm အထူရှိတဲ့ သံပိုက်လုံးကို ဆေးရုံက ဓား 25 ချောင်းသုံးပြီး ဖျက်ပေးခဲ့ရပါတယ် ။ အဆိုပါအမျိုးသားရဲ့လိင်အင်္ဂါမှာ သွေးလည်ပတ်မှုမရှိခဲ့တဲ့အတွက် အတော်လေးကို မဲပုပ်နေတဲ့အရောင်ဖြစ်နေခဲ့ပြီး အရေပြားရဲ့အပေါ်ပိုင်း tissue တွေဟာလည်း ပုပ်သိုးသွားခဲ့ပါတယ် ။ ဆရာဝန်ကတော့ အမျိုးသားတွေရဲ့လိင်အင်္ဂါဟာ အခုလိုခံနေမယ်ဆိုရင် သွေးလည်ပတ်မှုမရှိတော့လို့ 3 နာရီခန့်တည်းနဲ့ လိင်အင်္ဂါကိုဆုံးရှုံးလိုက်ရတာမျိုးဖြစ်နိုင်ပေမဲ့ ဒီအမျိုးသားကတော့ 5ရက်အထိ အတော်လေးသည်းခံနိုင်ခဲ့ပြီး အောင်အောင်မြင်မြင်ပြန်ထုတ်နိုင်ခဲ့တဲ့အတွက် အတော်လေးအံ့သြမိကြောင်းလည်း ပြောဆိုသွားခဲ့ပါတယ် ။ ဒါကတော့ ယောင်္ကျားတွေအတွက် တကယ့်ကိုသင်ခန်းစာတစ်ခုလို့ပြောရမှာပါပဲလေ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Post Author: MC KZONE