




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

3လတည်းကို ငွေသိန်းပေါင်းမြောက်များစွာသုံးဖြုန်းပြီး ခင်ပွန်းဖြစ်သူကငွေမရှိတော့ဘူးဆိုတာနဲ့ ချက်ချင်ကွာရှင်းခဲ့တဲ့ မော်ဒယ်မလေး

Kato Sari အမည်ရှိတဲ့ ဂျပန်မော်ဒယ်မလေးဟာ သူမ ပြီးခဲ့တဲ့ 2019 ခုနှစ် September လကမှ လက်ထပ်ခဲ့တဲ့ အိမ်ရာမြေအကျိုးဆောင်မန်နေဂျာတစ်ဦးနဲ့ ကွာရှင်းလိုက်ပြီဖြစ်ကြောင်း သူမရဲ့ social media တွေနဲ့ youtube channel တွေမှာပါ ကြေညာခဲ့ပါတယ် ။ သူမတို့ဟာ 2019 ခုနှစ် May လကမှ ချစ်သူတွေဖြစ်ခဲ့ကြပြီး September မှာတော့ လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ် ။ သို့ပေမဲ့လည်း လက်ထပ်ပြီး တစ်ပတ်အကြာမှာပဲ သူမတို့ဟာခွဲနေခဲ့ကြပြီး ကွာရှင်းစာချုပ်ကို January 10 ရက်နေ့မှာ လုံးဝအဆုံးသတ်ခဲ့ပါတယ် ။ သူမကိုဘာကြောင့် ကွာရှင်းတာလဲဆိုပြီးမေးမြန်းခဲ့ချိန်မှာတော့ ခင်ပွန်းဖြစ်သူက တအားဆင်းရဲပြီး သူမကိုငွေတွေထပ်ပြီးမပေးနိုင်တော့တဲ့အတွက်ဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ် ။

သတင်းအရင်းအမြစ်အရ သူမဟာ လက်မထပ်ခင် ရည်းစားဘဝကတည်းက ခင်ပွန်းဖြစ်သူရဲ့ငွေကို 3လ အတွင်း 1 billion yen သုံးဖြုန်းခဲ့တဲ့အပြင် ၊ ခင်ပွန်းဖြစ်သူက လက်ထပ်လက်စွပ်အတွက် 3 million yen (မြန်မာငွေ သိန်း 400 ကျော်) သုံးဖြုန်းခဲ့ရသေးကြောင်း သိရှိရပါတယ် ။ သူမဟာ အဆိုပါငွေတွေကို သူမရဲ့အသုံးအဆောင် ၊ အဝတ်အစား နှင့် ကားတွေ ဝယ်တဲ့နေရာမှာ သုံးဖြုန်းခဲ့တာဖြစ်ပါတယ် ။ သို့ပေမဲ့လည်း လက်ထပ်ပြီးနောက်မှာတော့ ခင်ပွန်းဖြစ်သူဟာ သူမကို ပိုက်ဆံသုံးဖြုန်းတာတွေရပ်တန့်ပေးဖို့ ပြောဆိုခဲ့ပြီး ၊ ခင်ပွန်းဖြစ်သူရဲ့ ကုမ္ပဏီမှာလည်း ငွေရေးကြေးရာအခက်အခဲရှိနေကြောင်း သူမကိုရှင်းပြခဲ့ပါတယ် ။

ထိုအချိန်မှာတော့ သူမဟာ အတော်လေးကို စိတ်ဆိုးဒေါသထွက်ခဲ့ပြီး ချစ်သူဖြစ်နေချိန်မှာတော့ သူမလိုသလောက်သုံးဖြုန်ခွင့်ပေးခဲ့ပြီး လက်ထပ်ပြီးချိန်မှာမှ ငွေမသုံးတော့ဖို့ ပြောဆိုတာက သူမကိုလက်ထပ်စာချုပ်မှာ လတ်မှတ်ထိုးဖို့အတွက် လှည့်စားခဲ့တာဖြစ်ကြောင်း သူမကပြောဆိုခဲ့ပါတယ် ။ ထို့ကြောင့် ဆင်းရဲတဲ့သူကို သူမစိတ်မဝင်စားတဲ့အတွက် ကွာရှင်းခဲ့တာဖြစ်ကြောင်း ပြောဆိုခဲ့တဲ့အပြင် သူမက ပျော်ရွှင်မှုဆိုတာ ငွေနဲ့ပဲဝယ်လို့ရတယ်..ကျွန်မက ငွေကိုလက်ထပ်တာ ဆိုပြီးတော့လည်း ထပ်လောင်းပြောဆိုခဲ့ပါသေးတယ် ။ ကွာရှင်းပြီးမကြာခင်မှာပဲ သူမဟာနောက်ထပ်အမျိုးသားတစ်ယောက်နဲ့အတူ တွဲပီးရိုက်ထားတဲ့ ဓာတ်ပုံတွေကိုတင်ခဲ့ပါတယ် ။ လူအများစုကတော့ သူမကို ဥစ္စာငွေကြေးကိုမက်မောလွန်းသူဆိုပြီး ဝေဖန်ရှုံ့ချခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz

Post Author: MC KZONE