ေခတ္ေပၚကင္မရာေတြ လုံးဝမသုံးဘဲ ဖုန္းတစ္လုံး နဲ႔သာ ႐ိုက္ထားတဲ့ ကမာၻ႔အဆင့္မွီ ျမန္မာ႐ုပ္ရွင္ ထြက္ေပၚ

ျမန္မာ႐ုပ္ရွင္ေလာကရဲ႕ က်ခ်ိန္လို႔ ေျပာႏိုင္တဲ့ လက္ရွိကာလမွာ ျမန္မာဇာတ္ကား ၈၀ ရာခိုင္ႏႈန္းေလာက္က ေပါကားေတြ ျဖစ္ေနတာလည္းပါပါတယ္။ ဒါေၾကာင့္ ျမန္မာပရိသတ္ေတြဟာ ဘဝကို အပ်င္းေျပဖို႔အတြက္ ေပါကားေတြကိုသာ အေကာင္းစားအမွတ္နဲ႔ ၾကည့္ရႈေနရတာလည္း အားလုံးအသိပဲျဖစ္ပါတယ္။ အဲ့ဒီအခ်ိန္မွာ လူငယ္ဒါ႐ိုက္တာေတြ ေပၚလာၿပီးေတာ့ သူတို႔ရဲ႕ အေတြးအျမင္ နည္းပညာေတြနဲ႔ ေပါင္းစပ္ၿပီး အေကာင္းစား ႐ိုက္ခ်က္ေတြေၾကာင့္ အခ်ိန္တို အတြင္းမွာပဲ ပရိသတ္ရင္ထဲကို ထိုးေဖာက္ႏိုင္ခဲ့တာကိုလည္းေတြ႕ရပါတယ္။

ဒီလို ကုန္က်စားရိတ္မ်ားတဲ့ ႐ုပ္ရွင္ကားေတြကို အေကာင္းဆုံး ကင္မရာေတြရဲ႕ ႐ိုက္ခ်က္ေတြနဲ႔ ဖန္တီးခဲ့ၾကတာပါ။ အထူးသျဖင့္ နည္းပညာ ၊ စက္ပစၥည္းေတြ မစုံတဲ့အခါမွာ ကိုယ့္မွာ အေတြးအေခၚရွိေနေပမယ့္ ဘာမွ လုပ္ေဆာင္ႏိုင္မွာ မဟုတ္ပါဘူး။ ဒါေပမယ့္ အေတြးအေခၚရွိေနၿပီးေတာ့ ဖုန္းကင္မရာေလးနဲ႔ပဲ Short Film ကို ဖန္တီးႏိုင္တဲ့ လူငယ္ေတြလည္း ျမန္မာႏိုင္ငံမွာရွိေနပါတယ္။

သူတို႔ေတြကေတာ့ Arkar Production က ျဖစ္ၿပီးေတာ့ ဇာတ္ကားတစ္ခုလုံးကို MobilePhone သာ သုံးၿပီး ႐ိုက္ကူးခဲ့တယ္လို႔ သိရပါတယ္။ အခုေလာေလာဆယ္မွာေတာ့Arkar Production ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာ ၁၀ မိနစ္စာ ေဖာ္ျပထားၿပီးေတာ့ အျပည့္အစုံကိုေတာ့ ဇန္နဝါရီလ (၁၉) ရက္ေန႔မွာ ကန္သာယာ JCGV Cinema မွာ ျပသသြားမယ္လို႔ သိရပါတယ္။

သူတို႔ တင္ေပးထားတဲ့ ၁၀ မိနစ္စာ တိုက္ပြဲအတြင္း႐ိုက္ကြင္းေလးကို ၾကည့္ၿပီးေတာ့ဇာတ္ကား အစအဆုံးဆိုရင္ ဘယ္လို ျဖစ္မလဲ ၊ ေခါင္းစဥ္ နဲ႔ ေရာ ဘယ္လို လိုက္ဖက္ညီမလဲဆိုတာေတာ့ ခန႔္မွန္းေပးသြားၾကပါဦးေနာ္.။

Writer – SMT( Shwe Yaung Lan)
Video- Arkar Production

Unicode

ခေတ်ပေါ်ကင်မရာတွေ လုံးဝမသုံးဘဲ ဖုန်းတစ်လုံး နဲ့သာ ရိုက်ထားတဲ့ ကမ္ဘာ့အဆင့်မှီ မြန်မာရုပ်ရှင် ထွက်ပေါ်

မြန်မာရုပ်ရှင်လောကရဲ့ ကျချိန်လို့ ပြောနိုင်တဲ့ လက်ရှိကာလမှာ မြန်မာဇာတ်ကား ၈၀ ရာခိုင်နှုန်းလောက်က ပေါကားတွေ ဖြစ်နေတာလည်းပါပါတယ်။ ဒါကြောင့် မြန်မာပရိသတ်တွေဟာ ဘဝကို အပျင်းပြေဖို့အတွက် ပေါကားတွေကိုသာ အကောင်းစားအမှတ်နဲ့ ကြည့်ရှုနေရတာလည်း အားလုံးအသိပဲဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ လူငယ်ဒါရိုက်တာတွေ ပေါ်လာပြီးတော့ သူတို့ရဲ့ အတွေးအမြင် နည်းပညာတွေနဲ့ ပေါင်းစပ်ပြီး အကောင်းစား ရိုက်ချက်တွေကြောင့် အချိန်တို အတွင်းမှာပဲ ပရိသတ်ရင်ထဲကို ထိုးဖောက်နိုင်ခဲ့တာကိုလည်းတွေ့ရပါတယ်။

ဒီလို ကုန်ကျစားရိတ်များတဲ့ ရုပ်ရှင်ကားတွေကို အကောင်းဆုံး ကင်မရာတွေရဲ့ ရိုက်ချက်တွေနဲ့ ဖန်တီးခဲ့ကြတာပါ။ အထူးသဖြင့် နည်းပညာ ၊ စက်ပစ္စည်းတွေ မစုံတဲ့အခါမှာ ကိုယ့်မှာ အတွေးအခေါ်ရှိနေပေမယ့် ဘာမှ လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အတွေးအခေါ်ရှိနေပြီးတော့ ဖုန်းကင်မရာလေးနဲ့ပဲ Short Film ကို ဖန်တီးနိုင်တဲ့ လူငယ်တွေလည်း မြန်မာနိုင်ငံမှာရှိနေပါတယ်။

သူတို့တွေကတော့ Arkar Production က ဖြစ်ပြီးတော့ ဇာတ်ကားတစ်ခုလုံးကို MobilePhone သာ သုံးပြီး ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။ အခုလောလောဆယ်မှာတော့Arkar Production ရဲ့ လူမှုကွန်ရက်စာမျက်နှာ ၁၀ မိနစ်စာ ဖော်ပြထားပြီးတော့ အပြည့်အစုံကိုတော့ ဇန်နဝါရီလ (၁၉) ရက်နေ့မှာ ကန်သာယာ JCGV Cinema မှာ ပြသသွားမယ်လို့ သိရပါတယ်။

သူတို့ တင်ပေးထားတဲ့ ၁၀ မိနစ်စာ တိုက်ပွဲအတွင်းရိုက်ကွင်းလေးကို ကြည့်ပြီးတော့ဇာတ်ကား အစအဆုံးဆိုရင် ဘယ်လို ဖြစ်မလဲ ၊ ခေါင်းစဉ် နဲ့ ရော ဘယ်လို လိုက်ဖက်ညီမလဲဆိုတာတော့ ခန့်မှန်းပေးသွားကြပါဦးနော်.။

Writer – SMT( Shwe Yaung Lan)
Video- Arkar Production

Post Author: MC KZONE