အသတ္ခံရသူရဲ့ဝိဉာဥ္ကိုယ္တိုင္လိုက္လံေခ်ာက္လန႔္မႈေၾကာင့္ (၅ ) လနီးပါးေပ်ာက္ဆုံးေနတဲ့ ေဆးမွင္ေၾကာင္နဲ႔မိန္းခေလးတစ္ဦးရဲ့အေလာင္းကိုရွာေဖြတူးေဖာ္ေတြ႕ရွိ

၂၀၂၀ ျပည့္ႏွစ္ ဇန္နဝါရီလ ၁၄ ရက္

ၿပီးခဲ့တဲ့ ဇန္နဝါရီလ (၉) ရက္ေန႔က ထိုင္းနိုင္ငံမွာဘန္ေကာက္ၿမိဳ႕ ဘန္ခဲၿမိဳ႕နယ္ ၊ ဖက္ကဆဲမ္ ၄၇ လမ္းက အိမ္အမွတ္ (၅၈) တြင္ေနထိုင္သူ ေစ်းပိုင္ရွင္ေဟာင္းရဲ့သားျဖစ္သူၿခံဝင္းထဲကို အမွတ္ (၂၆) အထူးရဲတပ္ဖြဲ႕မွအင္အား ၁၄ ဦးဟာ ဝင္ေရာက္ဝိုင္းရံၿပီး အသက္ (၄၁) ႏွစ္အရြယ္ နိုင္အဖိခ်ိဳင္း ( ခ) အိုက္စ္ကို လူသတ္အေလာင္းေဖ်ာက္မႈနဲ႔ဖမ္းဆီးလိုက္တယ္ဆိုတဲ့သတင္းဖတ္လိုက္ရတယ္..

ျဖစ္ပုံကေတာ့ ၂၀၁၉ ခုႏွစ္ ဇူလိုင္လလယ္ကတည္းေပ်ာက္ဆုံးေနတဲ့ စကြန္နခြန္ျပည္နယ္က အသက္ (၂၂) အရြယ္ ေနာင့္ကစ္ ( Kit ) ဆိုတဲ့မိန္းခ​ေလးတစ္ဦးအိမ္ျပန္မလာဘဲ (၅) လအၾကာေပ်ာက္ဆုံးေနၿပီး ဘာမက္ေဆ့ခ်္မွမရသည့္အတြက္ ေဆြမ်ိဳးအသိုင္းအဝိုင္းကရဲစခန္းမွာအမႈဖြင့္အေၾကာင္းၾကားခဲ့ပါတယ္ ။

ေဆြမ်ိဳးမ်ားရဲ့သတင္းေပးခ်က္အရ ” Kit ” ဟာ Aphichai နဲ႔အတူေနာက္ဆုံးေနထိုင္ေနရင္း႐ုတ္တရက္ေပ်ာက္ဆုံးသြားခဲ့ျခင္းေၾကာင့္ ရဲတပ္ဖြဲ႕မွ Aphichai ရဲ့ေနအိမ္နဲ႔ၿခံအက်ယ္ (၁၀)ခန႔္ကိုစီးနင္းဝင္ေရာက္လိုက္တာနဲ႔ တရားခံ၏ေနအိမ္တြင္ အိုက္စ္မူးယစ္ေဆး အထုပ္ငယ္ ၂ အိပ္ ၊ ၉ မမပစၥတိုေသနတ္ (၁)လက္ ၊ ၎က်ည္ ၁၅ ေတာင့္ႏွင့္ ဂက္စ္အိုးေတြကိုအဆင္သင့္ျပဳလုပ္ထားကာ ခုခံရန္အတြက္ႀကိဳတင္ျပင္ဆင္ထားတာကိုေတြ႕ရွိခဲ့ရပါတယ္ ၊ ရဲတပ္ဖြဲ႕ကလက္ဦးမႈရခဲ့ၿပီးဖမ္းဆီးရမိခဲ့ပါတယ္ ။

အဲ့ဒီေနာက္ ၎အား ” Kit ” ကိုဘာ့ေၾကာင့္သတ္ျဖတ္ခဲ့သလဲလို႔ေမးျမန္းစဥ္ Kit ႏွင့္ Fb မွခင္မင္ရင္းႏွီးရာမွအိမ္ပိုေခၚၿပီးအတူတကြေနထိုင္ခဲ့ပါတယ္ ၊ တစ္ရက္မွာ သူ႔အနားမွာမေနလိုေတာ့ေၾကာင္းေျပာရာမွစကားမ်ားရန္ျဖစ္ခဲ့သျဖင့္ အဖိခ်ိဳင္းကရိုက္ႏွက္ထုေထာင္းကာ သံေသတၱာ ထဲထည့္ကာ ခ်ဳပ္ေႏွာင္ထားခဲ့ရင္း မေတာ္တဆေသဆုံးသြားတာပါလို႔ရဲေတြကိုေျဖာင့္ခ်က္ေပးခဲ့ပါတယ္

ေသသြားၿပီးတဲ့ေနာက္ပိုင္း ေျမမျမႇုပ္ရဲလို႔လြန္ခဲ့တဲ့ (၇) ႏွစ္ခန႔္က ေထာင္ထဲမွာခင္မင္ရင္းႏွီးခဲ့တဲ့ သူငယ္ခ်င္းျဖစ္သူ Chalong Chon ကိုသရက္ၿခံထဲမွ အနက္ ၃ေပခန႔္တူးခိုင္းကာေျမျမႇုပ္ခိုင္းခဲ့တယ္လို႔ဆိုပါတယ္..ရဲတပ္ဖြဲ႕ဝင္မ်ားကေျမျမႇုပ္ထားသည့္ေနရာအားတူးဆြစဥ္ အိပ္အမဲႏွင့္ထုပ္ထားသည့္ ႐ုပ္ပ်က္ဆင္းပ်က္ပုတ္ေနေသာအမ်ိဳးသမီးအေလာင္းကိုတူးေဖာ္ရရွိခဲ့ၿပီး

ေဆးမွင္ေၾကာင္ေတြမွာက်န္ရွိေနျခင္းေၾကာင့္ ေဆြမ်ိဴးအသိုင္းအဝိုင္းက Kit ျဖစ္ေၾကာင္းအတည္ျပဳခဲ့ၾကပါတယ္ ၊ ရဲတပ္ဖြဲ႕ကေတာ့ DNA စစ္ေဆးၿပီးမွအတည္ျပဳသြားမွာျဖစ္တယ္လို႔လည္းသိရပါတယ္ ။မူးယစ္ေဆးသုံးစြဲမႈျဖင့္ရဲစခန္းတြင္အမႈစစ္ေဆးခံရသူ အဖိခ်ိဳင္ူႏွင့္အတူေနသူသူငယ္ခ်င္းျဖစ္သူ Chalong Chon သည္ အလိုလိုထိတ္လန႔္ေခ်ာက္ျခားေနၿပီး ရဲမ်ားကိုသူ၏ေနာက္သို႔အမ်ိဳးသမီးတစ္ဦးရဲ့ဝိဉာဥ္ ဟာအျမဲလိုလိုလိုက္ေနၿပီး အဲ့ဒီမိန္းခေလးအေလာင္းကိုသူကိုယ္တိုင္ ကူညီၿပီးျမႇုပ္ေပးခဲ့တယ္လို႔ထြက္ဆိုပါတယ္.

အစကေတာ့ရဲမ်ားကမယုံၾကည္ခဲ့ပါဘူး ၊ ေျပာပါမ်ားလာ၍အခင္ျဖစ္ပြားတဲ့ေနရာနဲ႔သူ၏သူငယ္ခ်င္းျဖစ္သူေနအိမ္ကိုရဲတပ္ဖြဲ႕မွဝင္ေရာက္ရွာေဖြတူးေဖာ္ရာမွအမႈမွန္ေပၚခဲ့ျခင္းျဖစ္ပါတယ္ ။အဖိခ်ိဳင္းဟာမူးယစ္ေဆးဝါးကိုအျမဲလိုသုံးစြဲတတ္ၿပီး Call Girl ေတြထံသြားေရာက္လည္ပတ္ၿပီး သူ၏ေနအိမ္သို႔ အျမဲတမ္းေခၚလာေလ့ရွိၿပီး မိန္းခေလးမ်ားကို လက္ထိပ္ခတ္ျခင္း ၊ ရိုက္ႏွက္ျခင္း ၊ ခ်ဳပ္ေႏွာင္ထားျခင္းအျပဳအမူမ်ိဳးျဖင့္လိင္ပိုင္းဆိုင္ရာေပ်ာ္ရႊင္ေက်နပ္မႈကိုခုံမင္သူဟုသူ၏သူငယ္ခ်င္းမ်ား၏ေျပာျပခ်က္အရသိရပါတယ္ ။

ငယ္စဥ္ေက်ာင္းသားဘဝကတည္းက ေက်ာင္းကို ေသနတ္ယူေဆာင္လာေလ့ရွိခဲ့ဖူးတယ္လို႔ဆိုပါတယ္ ၊ သူ၏ဖခင္မွာလည္းဇနီး၏ေစခိုင္းခ်က္အရ အသက္မျပည့္သူ ၁၅ ႏွစ္အရြယ္ မိန္းခေလးတစ္ဦးကိုယခုကဲ့သို႔သံေလွာင္ခ်ိဳင္အခ်ဳပ္ခန္းထဲတြင္ခ်ဳပ္ေႏွာင္ႏွိပ္စက္ၿပီး သတ္ျဖတ္ခဲ့မႈျဖင့္ေထာင္က်ခဲ့ဖူးသူျဖစ္ပါသည္ ။

အဖိခ်ိဳင္းဟာက်ယ္ဝန္းတဲ့ၿခံက်ယ္ႀကီးထဲမွာတစ္ဦးတည္းေနထိုင္ၿပီး ၿခံထဲမွာဂိုေဒါင္ ႀကီး ၅ လုံးရွိပါတယ္ ၊ CCTV အျပည့္တပ္ဆင္ထားပါတယ္ ၊ လြန္ခဲ့တဲ့ (၇) ႏွစ္ခန႔္က တရားမဝင္လက္နက္ကိုင္ေဆာင္မႈႏွင့္မူးယစ္ေဆးသုံးစြဲျခင္းေၾကာင့္ေထာင္က်ခဲ့ၿပီး ၂၀၁၈ ခုႏွစ္မွာ လြတ္ၿငိမ္းခ်မ္းသာျဖင့္လြတ္ေျမာက္လာခဲ့တယ္လို႔သိရပါတယ္။

​အသတ္ခံရသူအမ်ိဳးသမီးဟာ ထိုင္းနိုင္ငံရဲ့မ်က္ေမွာက္ေခတ္ကာလအရ Side Line တြင္ ေငြေၾကးရွာေဖြသူတစ္ဦးျဖစ္ေၾကာင္းထိုင္းသတင္းမ်ားမွာေဖာ္ျပထားပါတယ္ ၊Side Line ကေတာ့ Line Group တြင္ယာယီအေပ်ာ္ယာယီမယားအျဖစ္ ပုရိသေတြဆက္သြယ္ေခၚယူနိုင္တဲ့ သေဘာမ်ိဳးျဖစ္ပါတယ္.

ေလာေလာဆယ္မွာတရားခံကိုဖမ္းဆီးရမိတဲ့အတြက္ ရပ္ကြက္ထဲကအိမ္နီးနားျခင္းေတြက ဒီလိုေငြေၾကးအရွိန္အဝါဂုဏ္ေမာက္ၿပီး လူတကာကို စိတ္မထင္ရင္ မထင္သလို နိုင့္ထက္စီးနင္းအနိုင္က်င့္ေလ့ရွိေသာ အဖိခ်ိဳင္းကို ေထာင္ထဲမွာဘဲေသတဲ့အထိခ်ဳပ္ေႏွာင္ထားေပးရင္သိပ္ေကာင္းမွာဘဲလို႔သတင္းေထာက္ေတြကတဆင့္ေျပာၾကားသံေတြလည္းရွိေနၾကပါတယ္…

Credit to #စည္သူေမာင္

ကိုးကား ( https://youtu.be/jGPqiQ7fy_Y )

Unicode

အသတ်ခံရသူရဲ့ဝိဉာဉ်ကိုယ်တိုင်လိုက်လံချောက်လန့်မှုကြောင့် (၅ ) လနီးပါးပျောက်ဆုံးနေတဲ့ ဆေးမှင်ကြောင်နဲ့မိန်းခလေးတစ်ဦးရဲ့အလောင်းကိုရှာဖွေတူးဖော်တွေ့ရှိ

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁၄ ရက်

ပြီးခဲ့တဲ့ ဇန်နဝါရီလ (၉) ရက်နေ့က ထိုင်းနိုင်ငံမှာဘန်ကောက်မြို့ ဘန်ခဲမြို့နယ် ၊ ဖက်ကဆဲမ် ၄၇ လမ်းက အိမ်အမှတ် (၅၈) တွင်နေထိုင်သူ ဈေးပိုင်ရှင်ဟောင်းရဲ့သားဖြစ်သူခြံဝင်းထဲကို အမှတ် (၂၆) အထူးရဲတပ်ဖွဲ့မှအင်အား ၁၄ ဦးဟာ ဝင်ရောက်ဝိုင်းရံပြီး အသက် (၄၁) နှစ်အရွယ် နိုင်အဖိချိုင်း ( ခ) အိုက်စ်ကို လူသတ်အလောင်းဖျောက်မှုနဲ့ဖမ်းဆီးလိုက်တယ်ဆိုတဲ့သတင်းဖတ်လိုက်ရတယ်..

ဖြစ်ပုံကတော့ ၂၀၁၉ ခုနှစ် ဇူလိုင်လလယ်ကတည်းပျောက်ဆုံးနေတဲ့ စကွန်နခွန်ပြည်နယ်က အသက် (၂၂) အရွယ် နောင့်ကစ် ( Kit ) ဆိုတဲ့မိန်းခလေးတစ်ဦးအိမ်ပြန်မလာဘဲ (၅) လအကြာပျောက်ဆုံးနေပြီး ဘာမက်ဆေ့ချ်မှမရသည့်အတွက် ဆွေမျိုးအသိုင်းအဝိုင်းကရဲစခန်းမှာအမှုဖွင့်အကြောင်းကြားခဲ့ပါတယ် ။

ဆွေမျိုးများရဲ့သတင်းပေးချက်အရ ” Kit ” ဟာ Aphichai နဲ့အတူနောက်ဆုံးနေထိုင်နေရင်းရုတ်တရက်ပျောက်ဆုံးသွားခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့မှ Aphichai ရဲ့နေအိမ်နဲ့ခြံအကျယ် (၁၀)ခန့်ကိုစီးနင်းဝင်ရောက်လိုက်တာနဲ့ တရားခံ၏နေအိမ်တွင် အိုက်စ်မူးယစ်ဆေး အထုပ်ငယ် ၂ အိပ် ၊ ၉ မမပစ္စတိုသေနတ် (၁)လက် ၊ ၎င်းကျည် ၁၅ တောင့်နှင့် ဂက်စ်အိုးတွေကိုအဆင်သင့်ပြုလုပ်ထားကာ ခုခံရန်အတွက်ကြိုတင်ပြင်ဆင်ထားတာကိုတွေ့ရှိခဲ့ရပါတယ် ၊ ရဲတပ်ဖွဲ့ကလက်ဦးမှုရခဲ့ပြီးဖမ်းဆီးရမိခဲ့ပါတယ် ။

အဲ့ဒီနောက် ၎င်းအား ” Kit ” ကိုဘာ့ကြောင့်သတ်ဖြတ်ခဲ့သလဲလို့မေးမြန်းစဉ် Kit နှင့် Fb မှခင်မင်ရင်းနှီးရာမှအိမ်ပိုခေါ်ပြီးအတူတကွနေထိုင်ခဲ့ပါတယ် ၊ တစ်ရက်မှာ သူ့အနားမှာမနေလိုတော့ကြောင်းပြောရာမှစကားများရန်ဖြစ်ခဲ့သဖြင့် အဖိချိုင်းကရိုက်နှက်ထုထောင်းကာ သံသေတ္တာ ထဲထည့်ကာ ချုပ်နှောင်ထားခဲ့ရင်း မတော်တဆသေဆုံးသွားတာပါလို့ရဲတွေကိုဖြောင့်ချက်ပေးခဲ့ပါတယ်

သေသွားပြီးတဲ့နောက်ပိုင်း မြေမမြှုပ်ရဲလို့လွန်ခဲ့တဲ့ (၇) နှစ်ခန့်က ထောင်ထဲမှာခင်မင်ရင်းနှီးခဲ့တဲ့ သူငယ်ချင်းဖြစ်သူ Chalong Chon ကိုသရက်ခြံထဲမှ အနက် ၃ပေခန့်တူးခိုင်းကာမြေမြှုပ်ခိုင်းခဲ့တယ်လို့ဆိုပါတယ်..ရဲတပ်ဖွဲ့ဝင်များကမြေမြှုပ်ထားသည့်နေရာအားတူးဆွစဉ် အိပ်အမဲနှင့်ထုပ်ထားသည့် ရုပ်ပျက်ဆင်းပျက်ပုတ်နေသောအမျိုးသမီးအလောင်းကိုတူးဖော်ရရှိခဲ့ပြီး

ဆေးမှင်ကြောင်တွေမှာကျန်ရှိနေခြင်းကြောင့် ဆွေမျိူးအသိုင်းအဝိုင်းက Kit ဖြစ်ကြောင်းအတည်ပြုခဲ့ကြပါတယ် ၊ ရဲတပ်ဖွဲ့ကတော့ DNA စစ်ဆေးပြီးမှအတည်ပြုသွားမှာဖြစ်တယ်လို့လည်းသိရပါတယ် ။မူးယစ်ဆေးသုံးစွဲမှုဖြင့်ရဲစခန်းတွင်အမှုစစ်ဆေးခံရသူ အဖိချိုင်ူနှင့်အတူနေသူသူငယ်ချင်းဖြစ်သူ Chalong Chon သည် အလိုလိုထိတ်လန့်ချောက်ခြားနေပြီး ရဲများကိုသူ၏နောက်သို့အမျိုးသမီးတစ်ဦးရဲ့ဝိဉာဉ် ဟာအမြဲလိုလိုလိုက်နေပြီး အဲ့ဒီမိန်းခလေးအလောင်းကိုသူကိုယ်တိုင် ကူညီပြီးမြှုပ်ပေးခဲ့တယ်လို့ထွက်ဆိုပါတယ်.

အစကတော့ရဲများကမယုံကြည်ခဲ့ပါဘူး ၊ ပြောပါများလာ၍အခင်ဖြစ်ပွားတဲ့နေရာနဲ့သူ၏သူငယ်ချင်းဖြစ်သူနေအိမ်ကိုရဲတပ်ဖွဲ့မှဝင်ရောက်ရှာဖွေတူးဖော်ရာမှအမှုမှန်ပေါ်ခဲ့ခြင်းဖြစ်ပါတယ် ။အဖိချိုင်းဟာမူးယစ်ဆေးဝါးကိုအမြဲလိုသုံးစွဲတတ်ပြီး Call Girl တွေထံသွားရောက်လည်ပတ်ပြီး သူ၏နေအိမ်သို့ အမြဲတမ်းခေါ်လာလေ့ရှိပြီး မိန်းခလေးများကို လက်ထိပ်ခတ်ခြင်း ၊ ရိုက်နှက်ခြင်း ၊ ချုပ်နှောင်ထားခြင်းအပြုအမူမျိုးဖြင့်လိင်ပိုင်းဆိုင်ရာပျော်ရွှင်ကျေနပ်မှုကိုခုံမင်သူဟုသူ၏သူငယ်ချင်းများ၏ပြောပြချက်အရသိရပါတယ် ။

ငယ်စဉ်ကျောင်းသားဘဝကတည်းက ကျောင်းကို သေနတ်ယူဆောင်လာလေ့ရှိခဲ့ဖူးတယ်လို့ဆိုပါတယ် ၊ သူ၏ဖခင်မှာလည်းဇနီး၏စေခိုင်းချက်အရ အသက်မပြည့်သူ ၁၅ နှစ်အရွယ် မိန်းခလေးတစ်ဦးကိုယခုကဲ့သို့သံလှောင်ချိုင်အချုပ်ခန်းထဲတွင်ချုပ်နှောင်နှိပ်စက်ပြီး သတ်ဖြတ်ခဲ့မှုဖြင့်ထောင်ကျခဲ့ဖူးသူဖြစ်ပါသည် ။

အဖိချိုင်းဟာကျယ်ဝန်းတဲ့ခြံကျယ်ကြီးထဲမှာတစ်ဦးတည်းနေထိုင်ပြီး ခြံထဲမှာဂိုဒေါင် ကြီး ၅ လုံးရှိပါတယ် ၊ CCTV အပြည့်တပ်ဆင်ထားပါတယ် ၊ လွန်ခဲ့တဲ့ (၇) နှစ်ခန့်က တရားမဝင်လက်နက်ကိုင်ဆောင်မှုနှင့်မူးယစ်ဆေးသုံးစွဲခြင်းကြောင့်ထောင်ကျခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ လွတ်ငြိမ်းချမ်းသာဖြင့်လွတ်မြောက်လာခဲ့တယ်လို့သိရပါတယ်။

အသတ်ခံရသူအမျိုးသမီးဟာ ထိုင်းနိုင်ငံရဲ့မျက်မှောက်ခေတ်ကာလအရ Side Line တွင် ငွေကြေးရှာဖွေသူတစ်ဦးဖြစ်ကြောင်းထိုင်းသတင်းများမှာဖော်ပြထားပါတယ် ၊Side Line ကတော့ Line Group တွင်ယာယီအပျော်ယာယီမယားအဖြစ် ပုရိသတွေဆက်သွယ်ခေါ်ယူနိုင်တဲ့ သဘောမျိုးဖြစ်ပါတယ်.

လောလောဆယ်မှာတရားခံကိုဖမ်းဆီးရမိတဲ့အတွက် ရပ်ကွက်ထဲကအိမ်နီးနားခြင်းတွေက ဒီလိုငွေကြေးအရှိန်အဝါဂုဏ်မောက်ပြီး လူတကာကို စိတ်မထင်ရင် မထင်သလို နိုင့်ထက်စီးနင်းအနိုင်ကျင့်လေ့ရှိသော အဖိချိုင်းကို ထောင်ထဲမှာဘဲသေတဲ့အထိချုပ်နှောင်ထားပေးရင်သိပ်ကောင်းမှာဘဲလို့သတင်းထောက်တွေကတဆင့်ပြောကြားသံတွေလည်းရှိနေကြပါတယ်…

Credit to #စည်သူမောင်

Post Author: MC KZONE