ေနာက္ေယာက်ၤားက သမီးေလးကိုမလိုခ်င္လို႔ဆိုၿပီး နွိပ္စက္ခံထားရတဲ့သမီးကို မိဘမဲ့ေဂဟာမွာလာေရာက္စြန္႔ပစ္ခဲ့တဲ့ မိခင္

မိခင္ျဖစ္သူက 2ႏွစ္အရြယ္သမီးေလးကို ထပ္ၿပီးေကြၽးေမြးမေစာင့္ေ႐ွာက္ႏိုင္ေတာ့လို႔ မိဘမဲ့ေဂဟာမွာကိုယ္တိုင္လာေရာက္စြန္႔ပစ္ခဲ့ေၾကာင္းကို ထိုင္းႏိုင္ငံမွာ႐ွိတဲ့ လူမူဖူလံုေရးဝန္ထမ္းတစ္ဦးက Facebook စာမ်က္ႏွာေပၚမွာ ေဝမ်ွသြားခဲ့ပါတယ္ ။ ထိုင္းရဲအရာ႐ွိတစ္ဦး၏ေျပာၾကားခ်က္အရ ဆိုင္ကယ္ဦးထုပ္ေဆာင္ထားေသာအမ်ိဳးသမီးတစ္ဦးဟာ ၿပီးခဲ့တဲ့ January 12 ရက္ေန႔ ညေန 3:45 အခ်ိန္ခန္႔မွာ သူမရဲ႕သမီးေလးကို မိဘမဲ့ေဂဟာရဲ႕တံခါးနားမွာ႐ွိတဲ့ bell ကိုႏွိပ္ခိုင္းခဲ့ပါတယ္ ။ ထို႔ေနာက္ မိဘမဲ့ေဂဟာက ဝန္ထမ္းမ်ားက တံခါးကိုဖြင့္လိုက္ခ်ိန္မွာေတာ့ အဝတ္ထုပ္ေတြကိုင္ေဆာင္ထားခဲ့တဲ့ ကေလးမေလးဟာ တံခါးေပါက္မွာရပ္ေနခဲ့ၿပီး ၊ အမ်ိဳးသမီးမွာေတာ့ ဆိုင္ကယ္ေမာင္းၿပီး ထြက္ခြာသြားခဲ့ပါတယ္ ။

ထို႔အျပင္ ကေလးငယ္ကို စာတစ္ေစာင္ႏွင့္အတူထားရစ္ခဲ့ၿပီး စာထဲမွာေတာ့ မိခင္ျဖစ္သူက သူမရဲ႕သမီးကို မိဘမဲ့ေဂဟာမွာထားခဲ့လိုက္ရတဲ့အျဖစ္က သမီးေလးကို ဆက္လက္မေစာင့္ေ႐ွာက္ႏိုင္ေတာ့တဲ့အျပင္ သူမအတြက္ေကာင္းမြန္တဲ့အနာဂတ္မ်ိဳး ဖန္တီးမေပးႏိုင္၍ျဖစ္ေၾကာင္း ၊ ထို႔အျပင္ သူမကဆင္းရဲတဲ့အတြက္ သူမကယခုခ်ိန္မွာ မိသားစုအသစ္ ေနရာအသစ္ရ႐ွိေနၿပီျဖစ္တဲ့အတြက္ သူမရဲ႕ယခုခင္ပြန္းက သမီးေလးကိုေကြၽးေမြးဖို႔ျငင္းဆိုခဲ့တဲ့အတြက္ အေကာင္းဆံုးဆံုးျဖတ္ခ်က္အေနနဲ႔ ယခုလိုျပဳလုပ္ခဲ့ရတာျဖစ္ေၾကာင္း သမီးေလးကိုခ်စ္ေပမဲ့ သူမကလည္းလိုအပ္ခ်က္ေတြ႐ွိေတြေၾကာင္း ေရးသားထားခဲ့ပါတယ္ ။

ကေလးငယ္မွာေတာ့ သူမရဲ႕အဝတ္အစားေတြ ၊ အ႐ုပ္ေတြ နဲ႔ အျခားပစၥည္းေတြပါဝင္တဲ့ အထုပ္ေတြကို သယ္ေဆာင္လာခဲ့တာပါ ။ ထို႔အျပင္ ကေလးငယ္ရဲ႕ခႏၶာယ္ကိုယ္အႏွံ႔ ႐ိုက္ႏွက္ႏွိပ္စက္ဒဏ္ရာေတြလည္း ေတြ႔႐ွိထားခဲ့တဲ့အတြက္ ကေလးငယ္မွာႏွိပ္စက္ခံထားခဲ့ရေၾကာင္း သိသာလြန္းလွပါတယ္ ။ ထို႔ေၾကာင့္ ကေလးငယ္ကို ေဆးရံုသို႔ေခၚေဆာင္သြားၿပီး ကုသမႈမ်ားျပဳလုပ္ေပးေနလ်က္႐ွိေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

နောက်ယောင်္ကျားက သမီးလေးကိုမလိုချင်လို့ဆိုပြီး နှိပ်စက်ခံထားရတဲ့သမီးကို မိဘမဲ့ဂေဟာမှာလာရောက်စွန့်ပစ်ခဲ့တဲ့ မိခင်

မိခင်ဖြစ်သူက 2နှစ်အရွယ်သမီးလေးကို ထပ်ပြီးကျွေးမွေးမစောင့်ရှောက်နိုင်တော့လို့ မိဘမဲ့ဂေဟာမှာကိုယ်တိုင်လာရောက်စွန့်ပစ်ခဲ့ကြောင်းကို ထိုင်းနိုင်ငံမှာရှိတဲ့ လူမူဖူလုံရေးဝန်ထမ်းတစ်ဦးက Facebook စာမျက်နှာပေါ်မှာ ဝေမျှသွားခဲ့ပါတယ် ။ ထိုင်းရဲအရာရှိတစ်ဦး၏ပြောကြားချက်အရ ဆိုင်ကယ်ဦးထုပ်ဆောင်ထားသောအမျိုးသမီးတစ်ဦးဟာ ပြီးခဲ့တဲ့ January 12 ရက်နေ့ ညနေ 3:45 အချိန်ခန့်မှာ သူမရဲ့သမီးလေးကို မိဘမဲ့ဂေဟာရဲ့တံခါးနားမှာရှိတဲ့ bell ကိုနှိပ်ခိုင်းခဲ့ပါတယ် ။ ထို့နောက် မိဘမဲ့ဂေဟာက ဝန်ထမ်းများက တံခါးကိုဖွင့်လိုက်ချိန်မှာတော့ အဝတ်ထုပ်တွေကိုင်ဆောင်ထားခဲ့တဲ့ ကလေးမလေးဟာ တံခါးပေါက်မှာရပ်နေခဲ့ပြီး ၊ အမျိုးသမီးမှာတော့ ဆိုင်ကယ်မောင်းပြီး ထွက်ခွာသွားခဲ့ပါတယ် ။

ထို့အပြင် ကလေးငယ်ကို စာတစ်စောင်နှင့်အတူထားရစ်ခဲ့ပြီး စာထဲမှာတော့ မိခင်ဖြစ်သူက သူမရဲ့သမီးကို မိဘမဲ့ဂေဟာမှာထားခဲ့လိုက်ရတဲ့အဖြစ်က သမီးလေးကို ဆက်လက်မစောင့်ရှောက်နိုင်တော့တဲ့အပြင် သူမအတွက်ကောင်းမွန်တဲ့အနာဂတ်မျိုး ဖန်တီးမပေးနိုင်၍ဖြစ်ကြောင်း ၊ ထို့အပြင် သူမကဆင်းရဲတဲ့အတွက် သူမကယခုချိန်မှာ မိသားစုအသစ် နေရာအသစ်ရရှိနေပြီဖြစ်တဲ့အတွက် သူမရဲ့ယခုခင်ပွန်းက သမီးလေးကိုကျွေးမွေးဖို့ငြင်းဆိုခဲ့တဲ့အတွက် အကောင်းဆုံးဆုံးဖြတ်ချက်အနေနဲ့ ယခုလိုပြုလုပ်ခဲ့ရတာဖြစ်ကြောင်း သမီးလေးကိုချစ်ပေမဲ့ သူမကလည်းလိုအပ်ချက်တွေရှိတွေကြောင်း ရေးသားထားခဲ့ပါတယ် ။

ကလေးငယ်မှာတော့ သူမရဲ့အဝတ်အစားတွေ ၊ အရုပ်တွေ နဲ့ အခြားပစ္စည်းတွေပါဝင်တဲ့ အထုပ်တွေကို သယ်ဆောင်လာခဲ့တာပါ ။ ထို့အပြင် ကလေးငယ်ရဲ့ခန္ဓာယ်ကိုယ်အနှံ့ ရိုက်နှက်နှိပ်စက်ဒဏ်ရာတွေလည်း တွေ့ရှိထားခဲ့တဲ့အတွက် ကလေးငယ်မှာနှိပ်စက်ခံထားခဲ့ရကြောင်း သိသာလွန်းလှပါတယ် ။ ထို့ကြောင့် ကလေးငယ်ကို ဆေးရုံသို့ခေါ်ဆောင်သွားပြီး ကုသမှုများပြုလုပ်ပေးနေလျက်ရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz

Post Author: MC KZONE