သခ်ႋဳင္းေျမတူရာမွ ေျမၾကီးထဲတြင္အ႐ွင္လတ္လတ္ေတြ႔႐ွိခဲ့တဲ့ ကေလးငယ္

အိႏၷိယႏိုင္ငံမွအမ်ိဳးသားတစ္ဦးဟာ ေမြးဖြားၿပီးမိနစ္ပိုင္းအၾကာေသဆံုးသြားခဲ့ရတဲ့ သူ၏သမီးငယ္ေလးကိုျမဳပ္ႏွံေပးဖို႔အတြက္ အုတ္ဂူေျမတူးရာမွ ေျမႀကီးထဲမွမာေတာင့္ေနေသာအရာတစ္ခုကို ေဂၚျပားျဖင့္႐ိုက္မိခဲ့ပါတယ္ ။ အဆိုပါအရာဟာေျမအိုးျဖစ္ေနခဲ့ၿပီး ၎ေျမအိုးထဲမွာမွအသံတစ္ခုထြက္ေနခဲ့ပါတယ္ ။ ၎ေျမအိုးကို႐ိုက္ခြဲၿပီးေနာက္မွာေတာ့ Hitesh Sirohi အမည္႐ွိအဆိုပါအမ်ိဳးသားဟာ အဝတ္ေတြနဲ႔ရစ္ပတ္ထားၿပီးေအာ္ဟစ္ငိုေႂကြးေနခဲ့တဲ့ ကေလးငယ္ကိုေတြ႔႐ွိသြားခဲ့ပါတယ္ ။ ” ႐ုတ္တရက္ ကြၽန္ေတာ္သမီးေလးျပန္ၿပီးအသက္႐ွင္လာခဲ့တယ္လို႔ ထင္မိသြားတယ္ ၊ ဒါေပမဲ့ တစ္ကယ့္အသံအစစ္ကေျမအိုးထဲကေန ထြက္လာခဲ့တာပါ ” ဆိုၿပီး Hitesh ကေျပာျပသြားခဲ့ပါတယ္ ။

Hitesh ဟာကေလးငယ္ကို ေဆးရံုသို႔ခ်က္ခ်င္းေခၚေဆာင္သြားခဲ့ၿပီး ကေလးငယ္၏ေဆးကုသစရိတ္ကိုေတာ့ ေဒသခံရဲတပ္ဖြဲက ေပးေခ်ေပးခဲ့ပါတယ္ ။ အဆိုပါကေလးငယ္၏အသက္မွာ 4ရက္သာ႐ွိေသးၿပီး ၊ သူမကိုမကယ္ထုတ္မီ 4နာရီကေန 6နာရီခန္႔အထိေျမျမဳပ္ျခင္းခံထားခဲ့ရတာျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။ ဆရာဝန္မ်ားက ကေလးငယ္ကိုကုသေပးခဲ့ၾကၿပီး ၊ ကေလးငယ္၏ကိုယ္အေလးခ်ိန္မွာ 2.4 ေပါင္သာ႐ွိၿပီး သူမဟာေအာက္စီဂ်င္အနည္းငယ္ကိုသာရ႐ွိခဲ့တဲ့အတြက္ သူမအသက္အႏၱရာယ္အတြက္စိုးရိမ္ရေၾကာင္း ေျပာဆိုခဲ့ၾကပါတယ္ ။

တာဝန္႐ွိသူမ်ားကေတာ့ ကေလးငယ္၏မိဘမ်ားကိုစံုစမ္းစစ္ေဆးလ်က္႐ွိၿပီး ၊ မိဘျဖစ္သူေတြကေတာ့ လူသတ္မႈ ႏွင့္ ကေလးငယ္ကိုစြန္႔ပစ္မႈတို႔အတြက္ တရားစြဲဆိုျခင္းခံရမွာျဖစ္ေၾကာင္းကို ” ကြၽန္ေတာ္တို႔ ကေလးငယ္ရဲ႕မိဘအရင္းေတြကို႐ွာေဖြေနပါတယ္ ။ ၿပီးေတာ့ ဒီကိစၥမွာသူတို႔က အဓိကပါဝင္ပက္သက္ေနၾကလို႔ပါ ” ဆိုၿပီး ရဲအရာ႐ွိတစ္ဦးကေျပာဆိုသြားခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

သင်္ချိုင်းမြေတူရာမှ မြေကြီးထဲတွင်အရှင်လတ်လတ်တွေ့ရှိခဲ့တဲ့ ကလေးငယ်

အိန္နိယနိုင်ငံမှအမျိုးသားတစ်ဦးဟာ မွေးဖွားပြီးမိနစ်ပိုင်းအကြာသေဆုံးသွားခဲ့ရတဲ့ သူ၏သမီးငယ်လေးကိုမြုပ်နှံပေးဖို့အတွက် အုတ်ဂူမြေတူးရာမှ မြေကြီးထဲမှမာတောင့်နေသောအရာတစ်ခုကို ဂေါ်ပြားဖြင့်ရိုက်မိခဲ့ပါတယ် ။ အဆိုပါအရာဟာမြေအိုးဖြစ်နေခဲ့ပြီး ၎င်းမြေအိုးထဲမှာမှအသံတစ်ခုထွက်နေခဲ့ပါတယ် ။ ၎င်းမြေအိုးကိုရိုက်ခွဲပြီးနောက်မှာတော့ Hitesh Sirohi အမည်ရှိအဆိုပါအမျိုးသားဟာ အဝတ်တွေနဲ့ရစ်ပတ်ထားပြီးအော်ဟစ်ငိုကြွေးနေခဲ့တဲ့ ကလေးငယ်ကိုတွေ့ရှိသွားခဲ့ပါတယ် ။ ” ရုတ်တရက် ကျွန်တော်သမီးလေးပြန်ပြီးအသက်ရှင်လာခဲ့တယ်လို့ ထင်မိသွားတယ် ၊ ဒါပေမဲ့ တစ်ကယ့်အသံအစစ်ကမြေအိုးထဲကနေ ထွက်လာခဲ့တာပါ ” ဆိုပြီး Hitesh ကပြောပြသွားခဲ့ပါတယ် ။

Hitesh ဟာကလေးငယ်ကို ဆေးရုံသို့ချက်ချင်းခေါ်ဆောင်သွားခဲ့ပြီး ကလေးငယ်၏ဆေးကုသစရိတ်ကိုတော့ ဒေသခံရဲတပ်ဖွဲက ပေးချေပေးခဲ့ပါတယ် ။ အဆိုပါကလေးငယ်၏အသက်မှာ 4ရက်သာရှိသေးပြီး ၊ သူမကိုမကယ်ထုတ်မီ 4နာရီကနေ 6နာရီခန့်အထိမြေမြုပ်ခြင်းခံထားခဲ့ရတာဖြစ်ကြောင်း သိရှိရပါတယ် ။

ဆရာဝန်များက ကလေးငယ်ကိုကုသပေးခဲ့ကြပြီး ၊ ကလေးငယ်၏ကိုယ်အလေးချိန်မှာ 2.4 ပေါင်သာရှိပြီး သူမဟာအောက်စီဂျင်အနည်းငယ်ကိုသာရရှိခဲ့တဲ့အတွက် သူမအသက်အန္တရာယ်အတွက်စိုးရိမ်ရကြောင်း ပြောဆိုခဲ့ကြပါတယ် ။

တာဝန်ရှိသူများကတော့ ကလေးငယ်၏မိဘများကိုစုံစမ်းစစ်ဆေးလျက်ရှိပြီး ၊ မိဘဖြစ်သူတွေကတော့ လူသတ်မှု နှင့် ကလေးငယ်ကိုစွန့်ပစ်မှုတို့အတွက် တရားစွဲဆိုခြင်းခံရမှာဖြစ်ကြောင်းကို ” ကျွန်တော်တို့ ကလေးငယ်ရဲ့မိဘအရင်းတွေကိုရှာဖွေနေပါတယ် ။ ပြီးတော့ ဒီကိစ္စမှာသူတို့က အဓိကပါဝင်ပက်သက်နေကြလို့ပါ ” ဆိုပြီး ရဲအရာရှိတစ်ဦးကပြောဆိုသွားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz

Post Author: MC KZONE