ရည္စားေဟာင္းရဲ႕ မဂၤလာပြဲမွာ မထင္ရေလာက္ေအာင္ အေပ်ာ္ႀကီးေပ်ာ္ေနခဲ့တဲ့အမ်ိဳးသား (႐ုပ္/သံ)

ကိုယ့္ရဲ႕ရည္းစားေဟာင္း မဂၤလာပြဲကိုသြားတဲ့သူတိုင္းကေတာ့ စိတ္ထဲမွာခံရခက္သလို မခ်ိမဆံ့ေတာ့ခံစားၾကရမွာပါ ။ တစ္ခ်ိဳ႕ဆိုရင္ မဂၤလာပြဲကိုဖ်က္ဆီးလိုက္တဲ့အထိ ေပါက္ကြဲနာက်င္တတ္ၾကတယ္ဆိုေပမဲ့လည္း ဒီတစ္ေခါက္မဂၤလာပြဲကေတာ့ ထင္ထားသလိုျဖစ္မလာခဲ့ပါဘူး ။ Hanis (@theroutinesya) အမည္နဲ႔ Twitter အသံုးျပဳေနတဲ့ အမ်ိဳးသမီးတစ္ေယာက္ကေတာ့ သူမရဲ႕သူငယ္ခ်င္းဟာ သူရဲ႕ခ်စ္သူေဟာင္းမိန္းကေလးရဲ႕ မဂၤလာပြဲတက္ေရာက္ခဲ့ပံုကို ေဝမ်ွထားခဲ့ပါတယ္ ။ Internet အသံုးျပဳသူေတြအၾကား အေတာ္ေလးကိုနာမည္ႀကီးေစခဲ့တဲ့အခ်က္ကေတာ့ ရည္းစားေဟာင္းရဲ႕သတို႔သားနဲ႔ အဆိုပါအမ်ိဳးသားတို႔ဟာ ခ်စ္ဖို႔ေကာင္းတဲ့အမူအရာနဲ႔ ၿငိမ္ခ်မ္းေရးယူဖို႔ဆံုးျဖတ္ခဲ့တဲ့ပံုစံေတြေၾကာင့္ပါ ။

” ကြၽန္မသူငယ္ခ်င္းကေတာ့ သူ႔ရည္စားေဟာင္းရဲ႕မဂၤလာပြဲမွာ ဝမ္းနည္းေနခဲ့ေပမဲ့လည္း ၊ သတို႔သားက သူ႔ကိုတည္တည္ၿငိမ္ၿငိမ္ေလးနဲ႔ peace ဆိုၿပီး လက္ႏွစ္ေခ်ာင္းေထာင္ျပခဲ့ပါတယ္ ” ဆိုၿပီးေရးသားခဲ့ပါတယ္ ။ ထိုခ်ိန္က်မွ ေကာင္ေလးဟာ သူ၏ရည္းစားေဟာင္းရဲ႕သတို႔သားကို လက္ဆြဲႏႈတ္ဆက္ခဲ့ပါေတာ့တယ္ ။

အေတာ္ေလးကို ေနရထိုင္ရခက္ေလာက္တဲ့အေျခအေနလို႔ထင္ရေပမဲ့လည္း အဆိုပါအမ်ိဳးသားႏွစ္ေယာက္ကေတာ့ အဆင္ေျပေျပႏွင့္ ေက်ာ္ျဖတ္ခဲ့ၾကပါတယ္ ။ အဆိုပါအေျခအေနမ်ိဳးေတြ႔လိုက္ရေတာ့ အျခားပြဲတက္ေရာက္ခဲ့ၾကတဲ့သူငယ္ခ်င္းေတြလည္း စိတ္ေက်နပ္သြားခဲ့ၾကၿပီးေပ်ာ္ရႊင္ခဲ့ရေၾကာင္း သိ႐ွိရပါတယ္ ။ Video ထဲမွာေဖာ္ျပထားခဲ့သလိုပဲ အဆိုပါအမ်ိဳးသားဟာ သူ၏ခ်စ္သူေဟာင္းရဲ႕မဂၤလာပြဲဆိုေပမဲ့လည္း လံုးဝကိုအျပံဳးမပ်က္ပဲေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔႐ွိေနခဲ့ၿပီး မဂၤလာဇနီးေမာင္ႏွံကိုလည္း ဂုဏ္ယူဝမ္းေျမာက္ေၾကာင္း ဆုေတာင္းေကာင္းခ်ီးေပခဲ့ပါေသးတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ရည်စားဟောင်းရဲ့ မင်္ဂလာပွဲမှာ မထင်ရလောက်အောင် အပျော်ကြီးပျော်နေခဲ့တဲ့အမျိုးသား (ရုပ်/သံ)

ကိုယ့်ရဲ့ရည်းစားဟောင်း မင်္ဂလာပွဲကိုသွားတဲ့သူတိုင်းကတော့ စိတ်ထဲမှာခံရခက်သလို မချိမဆံ့တော့ခံစားကြရမှာပါ ။ တစ်ချို့ဆိုရင် မင်္ဂလာပွဲကိုဖျက်ဆီးလိုက်တဲ့အထိ ပေါက်ကွဲနာကျင်တတ်ကြတယ်ဆိုပေမဲ့လည်း ဒီတစ်ခေါက်မင်္ဂလာပွဲကတော့ ထင်ထားသလိုဖြစ်မလာခဲ့ပါဘူး ။ Hanis (@theroutinesya) အမည်နဲ့ Twitter အသုံးပြုနေတဲ့ အမျိုးသမီးတစ်ယောက်ကတော့ သူမရဲ့သူငယ်ချင်းဟာ သူရဲ့ချစ်သူဟောင်းမိန်းကလေးရဲ့ မင်္ဂလာပွဲတက်ရောက်ခဲ့ပုံကို ဝေမျှထားခဲ့ပါတယ် ။ Internet အသုံးပြုသူတွေအကြား အတော်လေးကိုနာမည်ကြီးစေခဲ့တဲ့အချက်ကတော့ ရည်းစားဟောင်းရဲ့သတို့သားနဲ့ အဆိုပါအမျိုးသားတို့ဟာ ချစ်ဖို့ကောင်းတဲ့အမူအရာနဲ့ ငြိမ်ချမ်းရေးယူဖို့ဆုံးဖြတ်ခဲ့တဲ့ပုံစံတွေကြောင့်ပါ ။

” ကျွန်မသူငယ်ချင်းကတော့ သူ့ရည်စားဟောင်းရဲ့မင်္ဂလာပွဲမှာ ဝမ်းနည်းနေခဲ့ပေမဲ့လည်း ၊ သတို့သားက သူ့ကိုတည်တည်ငြိမ်ငြိမ်လေးနဲ့ peace ဆိုပြီး လက်နှစ်ချောင်းထောင်ပြခဲ့ပါတယ် ” ဆိုပြီးရေးသားခဲ့ပါတယ် ။ ထိုချိန်ကျမှ ကောင်လေးဟာ သူ၏ရည်းစားဟောင်းရဲ့သတို့သားကို လက်ဆွဲနှုတ်ဆက်ခဲ့ပါတော့တယ် ။

အတော်လေးကို နေရထိုင်ရခက်လောက်တဲ့အခြေအနေလို့ထင်ရပေမဲ့လည်း အဆိုပါအမျိုးသားနှစ်ယောက်ကတော့ အဆင်ပြေပြေနှင့် ကျော်ဖြတ်ခဲ့ကြပါတယ် ။ အဆိုပါအခြေအနေမျိုးတွေ့လိုက်ရတော့ အခြားပွဲတက်ရောက်ခဲ့ကြတဲ့သူငယ်ချင်းတွေလည်း စိတ်ကျေနပ်သွားခဲ့ကြပြီးပျော်ရွှင်ခဲ့ရကြောင်း သိရှိရပါတယ် ။ Video ထဲမှာဖော်ပြထားခဲ့သလိုပဲ အဆိုပါအမျိုးသားဟာ သူ၏ချစ်သူဟောင်းရဲ့မင်္ဂလာပွဲဆိုပေမဲ့လည်း လုံးဝကိုအပြုံးမပျက်ပဲပျော်ပျော်ရွှင်ရွှင်နဲ့ရှိနေခဲ့ပြီး မင်္ဂလာဇနီးမောင်နှံကိုလည်း ဂုဏ်ယူဝမ်းမြောက်ကြောင်း ဆုတောင်းကောင်းချီးပေခဲ့ပါသေးတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz

Post Author: MC KZONE