မုဒိန်းကျင့်ခန်းရိုက်ကူးရာမှ ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာတွေရခဲ့တဲ့ သင်ဇာဝင့်ကျော်

လူမှုကွန်ယက်မှာ အရမ်းကို နာမည်ကြီးနေတဲ့ ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးသွားမယ့် မြရုပ်ရှင်ဇာတ်ကားကြီးကတော့ အဓိကမင်းသမီး သင်ဇာဝင့်ကျော်နဲ့ လူကြမ်းမင်းသားအသစ်တွေကြောင့် ပရိသတ်တွေအကုန်လုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြတာပါ။ လတ်တလောမှာတော့ မြရုပ်ရှင်ဇာတ်ကားထဲက မုဒိန်းကျင့်တဲ့ ဇာတ်ဝင်ခန်းရိုက်ကူးရင်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တဲ့ မင်းသမီး သင်ဇာဝင့်ကျော်ရဲ့ပုံတွေက လူမှုကွန်ယက်မှာ ပြန့်နှံ့လာတာ တွေ့ရပါတယ်။ အဆိုပါကိစ္စနဲ့ပတ်သတ်ပြီး ဒါရိုက်တာ ညိုမင်းလွင်ကတော့ မြဇာတ်ရုပ်နဲ့ အလိုက်ဖက်ဆုံးဖြစ်တဲ့ မင်းသမီးချောလေး သင်ဇာ့ရဲ့စိတ်ဓာတ်ကို အရမ်းလေးစားနေတာပဲ ဖြစ်ပါတယ်။

မုဒိန်းကျင့်ခန်းရိုက်ကူးရာမှ ညိုမဲစွဲတဲ့အထိ ဒဏ်ရာတွေရခဲ့တဲ့ သင်ဇာဝင့်ကျော်ရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

မြရုပ်ရှင်ရဲ့ တာဝန်ရှိသူတစ်ဉီးကတော့ “မုဒိန်းကျင့်ခန်းရိုက်ကူးရာမှ သင်ဇာဝင့်ကျော်ရရှိခဲ့သောဒဏ်ရာများသရုပ်ဆောင်နေစဉ်မှာ ဘာတစ်ခုမှခေါင်းထဲမထည့်ပဲ လုပ်ရဲတာကိုတကယ်ချီးကျူးပါတယ်” ဆိုပြီး အလှအပကို အလေးထားရတဲ့ မင်းသမီးပေမယ့် အခုလို ကြမ်းတမ်းတဲ့ ဇာတ်ဝင်ခန်းကို သရုပ်ဆောင်နိုင်လို့ သင်ဇာ့ကို ချီးကျူးထားတာပါ။

နုဖတ်တဲ့ အသားအရည်ပေါ်မှာ အညိုအမဲတွေစွဲလို့ သင်ဇာရယ်…။

ချစ်ပရိသတ်တွေလည်း သူမချစ်တဲ့ အနုပညာအပေါ် အကောင်းဆုံးကြိုးစားပြီး ပေးဆပ်နေတဲ့ အလန်းစားမင်းသမီးချောလေး သင်ဇာဝင့်ကျော်ကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

credit – momolay

Post Author: MC KZONE