၁၈၇မိုင္ေဝးတဲ့ ေဆး႐ုံကို အေမနဲ႔ ညီတင္ၿပီး စက္ဘီးျဖင့္လိုက္ပို႔ေပးတဲ့ အသက္ ၁၃ႏွစ္အ႐ြယ္ေကာင္ေလး

အ သက္ ၁၃ႏွစ္အ႐ြယ္ Quyet Chien ဆိုတဲ့ ေကာင္ေလးဟာ သူ႔ရဲ႕ ညီျဖစ္သူ ၂လသားအ႐ြယ္ကေလး ေဆး႐ုံတင္ရမယ္လို႔ သိတဲ့အခါ အေမနဲ႔ ညီေလးကို စက္ဘီးနဲ႔တင္ၿပီး Hanoi မွာရွိတဲ့ ေဆး႐ုံကို အျမန္ပို႔ေဆာင္ခဲ့ရပါတယ္။ ထိုအခ်ိန္မွာ အေဖျဖစ္သူကလည္း အလုပ္ျဖင့္ခရီးသြားတာ ျပန္မေရာက္တဲ့အျပင္ ေဆး႐ုံနဲ႔ Chien တို႔သားမိေနတဲ့ Son La ၿမိဳ႕ဟာ ၁၈၇မိုင္ေလာင္ ေဝးကြာပါတယ္။ လမ္းပန္းဆက္သြယ္ေရးလည္း အခက္အခဲရွိတာေၾကာင့္ Chien ဟာ သူ႔ရဲ႕ ေက်ာင္းသြားရင္းစီးတဲ့ စက္ဘီးကို ဘရိတ္ေတြ၊ ေလေတြအကုန္စစ္ၿပီး ညီျဖစ္သူေနျပန္ေကာင္းဖို႔ေဇာနဲ႔ ၿပီးခဲ့တဲ့ ၂၆ရက္ေနက အလြန္ေဝးကြာတဲ့ Hanoi ၿမိဳ႕ကို စက္ဘီးျဖင့္ ခရီးႏွင္ခဲ့ပါတယ္။

Chien ဟာ မရပ္မနားဘဲ လမ္းတစ္ေလွ်ာက္ နင္းလာတာ ၅နာရီေလာက္ၾကာတဲ့အခါမွာေတာ့ မိုင္ ၆၀ေလာက္ေဝးတဲ့ Hoa Binh ၿမိဳ႕ကို ေရာက္ရွိလာခဲ့ပါတယ္။ ကေလးျဖစ္တဲ့အျပင္ ဒီေလာက္ေဝးလံတဲ့ ခရီးကို စက္ဘီးနဲ႔ လာရတာေၾကာင့္ သူ႔ရဲ႕ေျခေထာက္ေတြလည္း မခံမရပ္ႏိုင္ေအာင္ ေရာင္ရမ္းနာက်င္ၿပီး အရမ္းကိုေမာပန္းေနပါတယ္။ ဒါေပမဲ့ Chien တို႔ သားမိေတြ ကံေကာင္းသြားပါတယ္။

Hoa Binh ၿမိဳ႕မွာ Le Van Tuyen ဆိုတဲ့ စာနာစိတ္ရွိတဲ့ ကားေမာင္းသမားနဲ႔ ေတြ႕ၿပီး Hanoi ေဆး႐ုံကို ကားနဲ႔ လမ္းႀကဳံေခၚတင္သြားခဲ့ပါတယ္။ ေဆး႐ုံကိုေရာက္တဲ့အခါမွာေတာ့ ရဲေတြရဲ႕ အကူအညီျဖင့္ Chien ရဲ႕ အေဖျဖစ္သူကိုဆက္သြယ္ခဲ့ပါတယ္။

မိခင္ျဖစ္သူလည္း မ်က္ရည္ေတြက်ၿပီး သူရဲ႕သားက ဒီေလာက္ေဝးကြားတဲ့ ခရီးကို စက္ဘီးနင္းၿပီး လိုက္ပို႔ေပးတယ္ဆိုတဲ့အေၾကာင္း အျခားသူေတြကိုဝမ္းနည္းစြာေျပာျပခဲ့ပါတယ္။ ေကာင္ေလးရဲ႕ သတင္းကို ၾကားတဲ့အခါမွာေတာ့ ေဆး႐ုံက ဆရာဝန္ေတြ၊ သူနာျပဳေတြက မယုံႏိုင္ေလာက္ေအာင္ အံ့အားသင့္ခဲ့ရပါတယ္။ အဲ့ဒီေနာက္ ေဆး႐ုံကဆင္းတဲ့အခါ ဆရာဝန္တစ္ဦးက အကုန္က်ခံၿပီး အိမ္တိုင္ရာေရာက္ ကားငွားၿပီး ျပန္ပို႔ေဆာင္ေပးခဲ့ပါတယ္။

Unicode

၁၈၇မိုင်ဝေးတဲ့ ဆေးရုံကို အမေနဲ့ ညီတင်ပြီး စက်ဘီးဖြင့်လိုက်ပို့ပေးတဲ့ အသက် ၁၃နှစ်အရွယ်ကောင်လေး

အ သက် ၁၃နှစ်အရွယ် Quyet Chien ဆိုတဲ့ ကောင်လေးဟာ သူ့ရဲ့ ညီဖြစ်သူ ၂လသားအရွယ်ကလေး ဆေးရုံတင်ရမယ်လို့ သိတဲ့အခါ အမေနဲ့ ညီလေးကို စက်ဘီးနဲ့တင်ပြီး Hanoi မှာရှိတဲ့ ဆေးရုံကို အမြန်ပို့ဆောင်ခဲ့ရပါတယ်။ ထိုအချိန်မှာ အဖေဖြစ်သူကလည်း အလုပ်ဖြင့်ခရီးသွားတာ ပြန်မရောက်တဲ့အပြင် ဆေးရုံနဲ့ Chien တို့သားမိနေတဲ့ Son La မြို့ဟာ ၁၈၇မိုင်လောင် ဝေးကွာပါတယ်။ လမ်းပန်းဆက်သွယ်ရေးလည်း အခက်အခဲရှိတာကြောင့် Chien ဟာ သူ့ရဲ့ ကျောင်းသွားရင်းစီးတဲ့ စက်ဘီးကို ဘရိတ်တွေ၊ လေတွေအကုန်စစ်ပြီး ညီဖြစ်သူနေပြန်ကောင်းဖို့ဇောနဲ့ ပြီးခဲ့တဲ့ ၂၆ရက်နေက အလွန်ဝေးကွာတဲ့ Hanoi မြို့ကို စက်ဘီးဖြင့် ခရီးနှင်ခဲ့ပါတယ်။

Chien ဟာ မရပ်မနားဘဲ လမ်းတစ်လျှောက် နင်းလာတာ ၅နာရီလောက်ကြာတဲ့အခါမှာတော့ မိုင် ၆၀လောက်ဝေးတဲ့ Hoa Binh မြို့ကို ရောက်ရှိလာခဲ့ပါတယ်။ ကလေးဖြစ်တဲ့အပြင် ဒီလောက်ဝေးလံတဲ့ ခရီးကို စက်ဘီးနဲ့ လာရတာကြောင့် သူ့ရဲ့ခြေထောက်တွေလည်း မခံမရပ်နိုင်အောင် ရောင်ရမ်းနာကျင်ပြီး အရမ်းကိုမောပန်းနေပါတယ်။ ဒါပေမဲ့ Chien တို့ သားမိတွေ ကံကောင်းသွားပါတယ်။ Hoa Binh မြို့မှာ Le Van Tuyen ဆိုတဲ့ စာနာစိတ်ရှိတဲ့ ကားမောင်းသမားနဲ့ တွေ့ပြီး Hanoi ဆေးရုံကို ကားနဲ့ လမ်းကြုံခေါ်တင်သွားခဲ့ပါတယ်။ ဆေးရုံကိုရောက်တဲ့အခါမှာတော့ ရဲတွေရဲ့ အကူအညီဖြင့် Chien ရဲ့ အဖေဖြစ်သူကိုဆက်သွယ်ခဲ့ပါတယ်။

မိခင်ဖြစ်သူလည်း မျက်ရည်တွေကျပြီး သူရဲ့သားက ဒီလောက်ဝေးကွားတဲ့ ခရီးကို စက်ဘီးနင်းပြီး လိုက်ပို့ပေးတယ်ဆိုတဲ့အကြောင်း အခြားသူတွေကိုဝမ်းနည်းစွာပြောပြခဲ့ပါတယ်။ ကောင်လေးရဲ့ သတင်းကို ကြားတဲ့အခါမှာတော့ ဆေးရုံက ဆရာဝန်တွေ၊ သူနာပြုတွေက မယုံနိုင်လောက်အောင် အံ့အားသင့်ခဲ့ရပါတယ်။ အဲ့ဒီနောက် ဆေးရုံကဆင်းတဲ့အခါ ဆရာဝန်တစ်ဦးက အကုန်ကျခံပြီး အိမ်တိုင်ရာရောက် ကားငှားပြီး ပြန်ပို့ဆောင်ပေးခဲ့ပါတယ်။

Post Author: MC KZONE