ေဒါင္းေ၀ဒနာရွင္ေလးေတြရဲ႕ ပါရမီကိုအားေပးေထာက္ပံ့ခဲ့တဲ့ နယူးေယာက္က ဖက္ရွင္ရိႈး

ဗုဒၶဟူးေန႔တုန္းက နယူးေယာက္မွာ က်င္းပျပဳလုပ္တဲ့ Gigi’s Playhouse ဖက္ရွင္ရိႈးထဲ ေဒါင္းေ၀ဒနာရွင္ ေမာ္ဒယ္ေပါင္းမ်ားစြာကို ေတြ႔ခဲ့ရပါတယ္။ သားေရဂ်က္ကတ္ကို ၀တ္ဆင္ၿပီး ဂီတာကို လြယ္ကာ က်က်နနနဲ႔ ရိႈးေလွ်ာက္လွမ္းဖို႔ ျပင္ေနတဲ့ ေမာ္ဒယ္ေလးတစ္ေယာက္အပါအ၀င္ ေရာင္စံုမာဖလာလည္စီးေလးကို သပ္ရပ္စြာ ၀တ္ဆင္ထားတဲ့ အမ်ိဳးသားေမာ္ဒယ္ေလးနဲ႔အတူ အျခားအမ်ိဳးသမီး ေမာ္ဒယ္ေလးေတြကိုလည္း ေတြ႔ခဲ့ရတာျဖစ္ပါတယ္။

ဖက္ရွင္ပြဲမွာေတာ့ ေဒါင္းေရာဂါရွိေနတဲ့ ဆယ္ေက်ာ္သက္ေတြတင္မကပဲ လမ္းေလွ်ာက္တတ္စ ေ၀ဒနာရွင္ကေလးငယ္ေတြပါ ပါ၀င္ခဲ့တာကို apnews သတင္းစာမ်က္ႏွာကေန သိရတာ ျဖစ္ပါတယ္။ ႔ ကို္ယ့္ကိုကိုယ္ယံုၾကည္မႈရွိၿပီး ဟန္ပန္အျပည့္နဲဲ႔ ေလွ်ာက္လမ္းေပၚလမ္းေလွ်ာက္လာတဲ့ ေမာ္ဒယ္ေလးေတြကိုေတာ့ ပရိသတ္ေတြက ေသာင္းေသာင္းဖ်ဖ် အားေပးခဲ့ၾကတာပါ။

နယူးေယာက္ဖက္ရွင္ပြဲ ရက္သတၱပတ္ဟာ လြန္ခဲ့တဲ့ တစ္လခန္႔အၾကာက ၿပီးစီးခဲ့ၿပီျဖစ္ေပမယ့္လည္း ေနာက္ထပ္ဖက္ရွင္ရိႈးေပါင္းမ်ားစြာတို႔ဟာ မေရမတြက္ႏိုင္ေအာင္ ထြက္ေပၚလာေနဆဲ ျဖစ္ပါတယ္။ အခု Gigi’s Playhouse ဖက္ရွင္ရိႈးကေတာ့ ေဒါင္းေရာဂါေ၀ဒနာခံစားေနရတဲ့ လူငယ္ေလးေတြအတြက္ သူတို႔ရဲ႕ ပါရမီစြမ္းရည္ကို လူအမ်ားဆီ ေဖာ္ထုတ္ျပသလိုတဲ့ ရည္ရြယ္ခ်က္ပဲ ျဖစ္ပါတယ္။

Gigi’s Playhouse ဟာ ႏိုင္ငံလံုးဆိုင္ရာ ပညာေရးနဲ႔ေအာင္ျမင္ေရး၀န္ေဆာင္မႈ စင္တာတစ္ခု ျဖစ္ပါတယ္။ စင္တာဟာ ေဒါင္းေ၀ဒနာရွင္ ေမြးကင္းစကေန ဆယ္ေက်ာ္သက္အရြယ္အထိ သူတို႔ေလးအတြက္ အိမ္၊ ေက်ာင္းနဲ႔ သူတို႔အတြက္ အသိုင္းအ၀ိုင္းေလးေတြကို ဖန္တီးေပးေနတာ ျဖစ္ပါတယ္။ အခုဖက္ရွင္ရိႈးပြဲကေတာ့ သူတို႔ေလးေတြအတြက္ ရန္ပံုေငြရွာေဖြေပးတဲ့ ပြဲေလးလည္း ျဖစ္ပါတယ္။

ရိႈးပြဲမွာပါ၀င္ခဲ့သူ အသက္(၁၆) ႏွစ္အရြယ္ ေမာ္ဒယ္ေလာ္ရာလိုင္းကေတာ့ “ပြဲက အရမ္း ေပ်ာ္ဖို႔ေကာင္းပါတယ္။ သမီးက ဖက္ရွင္ရိႈးေလွ်ာက္ရတာ ႏွစ္သက္တယ္။ ၀တ္ထားတဲ့ အ၀တ္အစားေတြကို သူမ်ားေတြဆီ ျပရတာေပါ့။ သမီးတို႔က အေျပာင္းအလဲတစ္ခုခု လုပ္ခဲ့တယ္လို႔ ခံစားရပါတယ္…” လို႔လည္း ေပ်ာ္ရႊင္စြာနဲ႔ ေျပာျပခဲ့ပါတယ္။

မႏွစ္တုန္းကလည္း ေမာ္ဒယ္တစ္ဦးအျဖစ္နဲ႔ပဲ ပါ၀င္ခဲ့တဲ့ အသက္(၁၅) ႏွစ္အရြယ္ မာလစ္ခ္ဂ်က္ဘာကေတာ့ “ကြ်န္ေတာ္တို႔ ေလွ်ာက္လမ္းအတိုင္းပဲ ေလွ်ာက္သြားၾကတယ္။ ပရိသတ္ေတြရဲ႕ မ်က္ႏွာလွလွေလးေတြကို ျမင္ရတယ္။ ကြ်န္ေတာ္တို႔ကုိ ျပံဳးၿပီးၾကည့္ေနတဲ့ မ်က္ႏွာေတြေပါ့…” လုိ႔ဆိုခဲ့ပါေသးတယ္။

credit – လင္းလင္း (ShweMom)

Unicode

ဒေါင်းဝေဒနာရှင်လေးတွေရဲ့ ပါရမီကိုအားပေးထောက်ပံ့ခဲ့တဲ့ နယူးယောက်က ဖက်ရှင်ရှိုး

ဗုဒ္ဓဟူးနေ့တုန်းက နယူးယောက်မှာ ကျင်းပပြုလုပ်တဲ့ Gigi’s Playhouse ဖက်ရှင်ရှိုးထဲ ဒေါင်းဝေဒနာရှင် မော်ဒယ်ပေါင်းများစွာကို တွေ့ခဲ့ရပါတယ်။ သားရေဂျက်ကတ်ကို ဝတ်ဆင်ပြီး ဂီတာကို လွယ်ကာ ကျကျနနနဲ့ ရှိုးလျှောက်လှမ်းဖို့ ပြင်နေတဲ့ မော်ဒယ်လေးတစ်ယောက်အပါအဝင် ရောင်စုံမာဖလာလည်စီးလေးကို သပ်ရပ်စွာ ဝတ်ဆင်ထားတဲ့ အမျိုးသားမော်ဒယ်လေးနဲ့အတူ အခြားအမျိုးသမီး မော်ဒယ်လေးတွေကိုလည်း တွေ့ခဲ့ရတာဖြစ်ပါတယ်။

ဖက်ရှင်ပွဲမှာတော့ ဒေါင်းရောဂါရှိနေတဲ့ ဆယ်ကျော်သက်တွေတင်မကပဲ လမ်းလျှောက်တတ်စ ဝေဒနာရှင်ကလေးငယ်တွေပါ ပါဝင်ခဲ့တာကို apnews သတင်းစာမျက်နှာကနေ သိရတာ ဖြစ်ပါတယ်။့ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပြီး ဟန်ပန်အပြည့်နဲ့ လျှောက်လမ်းပေါ်လမ်းလျှောက်လာတဲ့ မော်ဒယ်လေးတွေကိုတော့ ပရိသတ်တွေက သောင်းသောင်းဖျဖျ အားပေးခဲ့ကြတာပါ။

နယူးယောက်ဖက်ရှင်ပွဲ ရက်သတ္တပတ်ဟာ လွန်ခဲ့တဲ့ တစ်လခန့်အကြာက ပြီးစီးခဲ့ပြီဖြစ်ပေမယ့်လည်း နောက်ထပ်ဖက်ရှင်ရှိုးပေါင်းများစွာတို့ဟာ မရေမတွက်နိုင်အောင် ထွက်ပေါ်လာနေဆဲ ဖြစ်ပါတယ်။ အခု Gigi’s Playhouse ဖက်ရှင်ရှိုးကတော့ ဒေါင်းရောဂါဝေဒနာခံစားနေရတဲ့ လူငယ်လေးတွေအတွက် သူတို့ရဲ့ ပါရမီစွမ်းရည်ကို လူအများဆီ ဖော်ထုတ်ပြသလိုတဲ့ ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။

Gigi’s Playhouse ဟာ နိုင်ငံလုံးဆိုင်ရာ ပညာရေးနဲ့အောင်မြင်ရေးဝန်ဆောင်မှု စင်တာတစ်ခု ဖြစ်ပါတယ်။ စင်တာဟာ ဒေါင်းဝေဒနာရှင် မွေးကင်းစကနေ ဆယ်ကျော်သက်အရွယ်အထိ သူတို့လေးအတွက် အိမ်၊ ကျောင်းနဲ့ သူတို့အတွက် အသိုင်းအဝိုင်းလေးတွေကို ဖန်တီးပေးနေတာ ဖြစ်ပါတယ်။ အခုဖက်ရှင်ရှိုးပွဲကတော့ သူတို့လေးတွေအတွက် ရန်ပုံငွေရှာဖွေပေးတဲ့ ပွဲလေးလည်း ဖြစ်ပါတယ်။

ရှိုးပွဲမှာပါဝင်ခဲ့သူ အသက်(၁၆) နှစ်အရွယ် မော်ဒယ်လော်ရာလိုင်းကတော့ “ပွဲက အရမ်း ပျော်ဖို့ကောင်းပါတယ်။ သမီးက ဖက်ရှင်ရှိုးလျှောက်ရတာ နှစ်သက်တယ်။ ဝတ်ထားတဲ့ အဝတ်အစားတွေကို သူများတွေဆီ ပြရတာပေါ့။ သမီးတို့က အပြောင်းအလဲတစ်ခုခု လုပ်ခဲ့တယ်လို့ ခံစားရပါတယ်…” လို့လည်း ပျော်ရွှင်စွာနဲ့ ပြောပြခဲ့ပါတယ်။

မနှစ်တုန်းကလည်း မော်ဒယ်တစ်ဦးအဖြစ်နဲ့ပဲ ပါဝင်ခဲ့တဲ့ အသက်(၁၅) နှစ်အရွယ် မာလစ်ခ်ဂျက်ဘာကတော့ “ကျွန်တော်တို့ လျှောက်လမ်းအတိုင်းပဲ လျှောက်သွားကြတယ်။ ပရိသတ်တွေရဲ့ မျက်နှာလှလှလေးတွေကို မြင်ရတယ်။ ကျွန်တော်တို့ကို ပြုံးပြီးကြည့်နေတဲ့ မျက်နှာတွေပေါ့…” လို့ဆိုခဲ့ပါသေးတယ်။

credit – လင်းလင်း (ShweMom)

Post Author: MC KZONE