





Unicode

ကြာဆေးသုံးပြီးဆက်ဆံတာကို လက်မခံတဲ့ အပျော်မယ် အသတ်ခံခဲ့ရ

အင်ဒိုနီးရှားနိုင်ငံ၊ အရှေ့ဂျာဗားမှာနေထိုင်တဲ့ အသက်(၂၈)နှစ်အရွယ် လူသတ်တရားခံ ရစ်ဒ်ဝန် (Ridwan Solihin )အမည်ရ အမျိုးသားကို သက်ဆိုင်ရာရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေတယ်လို့ WorldOfBuzz က ဖော်ပြထားပါတယ်။ သူဟာ ကာရာဝန်က ဟိုတယ်တစ်လုံးမှာ ပြည့်တန်ဆာမလေးကို သတ်ခဲ့တာပါ။

ပြည့်တန်ဆာမလေးရဲ့အမည်ကိုတော့ OS လို့သာ ဖော်ပြထားပါတယ်။ ဒီသတင်းကို ApannPyay ကနေ ဘာသာပြန်တင်ဆက်လိုက်တာပါ။ ရစ်ဒ်ဝန်ဟာ အပျော်မယ်လေးကို ကြာဆေးသုံးပြီး လိင်ဆက်ဆံခဲ့ပါတယ်။ ကောင်မလေးက သူနဲ့မတိုင်ခင် အမျိုးသားနှစ်ဦးနဲ့ ချစ်တင်းနှောထားရလို့-

အလွန်ပင်ပန်းနေတာကြောင့်၊ ရစ်ဒ်ဝန်ကို ကြာလှချည်လားဆိုပြီး ပြစ်တင်ဝေဖန်ကာ၊ နောက်ဆုံး နှစ်ယောက်သား အချင်းများခဲ့ကြပါတယ်။ ရစ်ဒ်ဝန်ကလည်း သူဟာ Obat Kuat အမည်ရ ဆေးကို အသုံးပြုခဲ့ကြောင်း ဝန်ခံခဲ့ပြီး၊ အပျော်မယ်လေးကို သူ့ဆန္ဒကို ဖျက်ဆီးသည်ဟုဆိုကာ သတ်ပစ်ခဲ့ပါတယ်။

သူဟာ အောက်တိုဘာအစောပိုင်းက ညတစ်ညမှာ အပျော်မယ်လေးကို လည်ပင်းညှစ်သတ်ခဲ့တာပါ။ နောက်ပြီး သူဟာ အပျော်မယ်ပိုင်ဆိုင်တဲ့ လက်ကိုင်ဖုန်း၊ ရွှေငွေ လက်ဝတ်ရတနာတွေကို ယူဆောင်သွားခဲ့ပါသေးတယ်။ ဒီပြစ်မှုကြောင့် တရားခံဟာ သေဒဏ်သို့မဟုတ် ထောင်တစ်သက် ပြစ်ဒဏ်ချမှတ်ခံရနိုင်တယ်လို့ သိရပါတယ်။

credit – နတ်သူကြီး APANNPYAY

Post Author: MC KZONE