HIV ျဖစ္ေနလုိ႔ ေမြးစားမယ့္သူမရွိတဲ့ သမီးေလးကို သတၱိရွိရွိေမြးစားခဲ့တဲ့ Gay စုံတြဲ

အာဂ်င္တီးနားႏုိင္ငံက လိင္တူစုံတြဲတစ္တြဲဟာ HIV ျဖစ္ေနတဲ့ သမီးေလးကို သတၱိရွိရွိ ေမြးစားခဲ့တာေၾကာင့္ သတင္းမီဒီယာေတြမွာ ခ်ီးက်ဴးမႈေတြ ခံေနရပါတယ္။ သူတုိ႔စုံတြဲရဲ႕အမည္မွာ Damian Pighin (၄၂)ႏွစ္နဲ႔ Ariel Vijarra (၃၉)ႏွစ္တုိ႔ ျဖစ္ပါတယ္။

သူတုိ႔ဟာ အာဂ်င္တီးနားႏုိင္ငံ အေရွ႕ေျမာက္ပုိင္း၊ Santa Fe စီရင္စုမွာေတာ့ ပထမဆုံး လိင္တူလက္ထပ္ခြင့္ရတဲ့ စုံတြဲျဖစ္ပါတယ္။ ေလာေလာဆယ္ ႐ုိဆာရီယုိမွာ ေနထုိင္ၾကပါတယ္။ သူတုိ႔ဟာ ကုိယ္ပိုင္ကေလး မရႏုိင္တဲ့အတြက္ ကေလးေမြးစားဖုိ႔ (၂၀၁၄)ခုႏွစ္ မတုိင္ခင္အထိ စိတ္ဆႏၵ မျပည့္ဝခဲ့ၾကပါဘူး။

အဲဒီေနာက္မွာေတာ့ သက္ဆုိင္ရာက ကေလးတစ္ေယာက္ ေမြးစားမယ္ဆုိရင္ အဆင္သင့္ရွိတယ္ဆုိၿပီး ဖုန္းဆက္အေၾကာင္းၾကား လာခဲ့ပါတယ္။ သူတုိ႔ဟာ ကေလးကို သြားေရာက္ၾကည့္႐ႈခ်ိန္မွာ ႐ုပ္ကေလးက ခ်စ္စရာေကာင္းသေလာက္ ေမြးစားမယ့္လူမရွိ ျဖစ္ေနပါတယ္။ အေၾကာင္းကေတာ့ ကေလးမွာ မိခင္ကတစ္ဆင့္ ကူးစက္တဲ့ ေမြးရာပါ HIV ကူးစက္ေရာဂါ ပါလာလုိ႔ပါ။

Damian တုိ႔စုံတြဲ ကေလးနဲ႔ စတင္စုံဆည္းခ်ိန္မွာ သမီးေလးဟာ (၂၈)ရက္သားအရြယ္သာ ရွိေသးၿပီး၊ မိသားစုဆယ္စုက ျငင္းပယ္ျခင္းကို ခံခဲ့ရပါတယ္။ ဒါေၾကာင့္ Damian တုိ႔စုံတြဲဟာ တစ္ျခားေမြးစားဖုိ႔ ကေလးမရွာေတာ့ဘဲ၊ ဒီသမီးေလးကိုသာ ေမြးစားဖုိ႔ ဆုံးျဖတ္လုိက္ပါေတာ့တယ္။ ကေလးအမည္ကို Olivia လုိ႔ အမည္ေပးခဲ့ပါတယ္။

HIV ကုထုံးကိုလည္း ခံႏုိင္ရည္ရွိစြာနဲ႔ Damian တုိ႔ရဲ႕ ေစာင့္ေရွာက္မႈလက္ထဲမွာ ဝဝကစ္ကစ္ေလး ျဖစ္လာခဲ့ပါတယ္။ (၂)ႏွစ္ေလာက္ၾကာတဲ့အခါ Olivia ကို စမ္းသပ္မႈေတြအရ HIV ဗုိင္းရပ္စ္ဟာ Olivia ရဲ႕ခႏၶာကုိယ္ထဲမွာ ေျခရာခံလုိ႔ မရေတာ့ဘူးဆုိတဲ့ မဂၤလာသတင္းကို ၾကားလုိက္ရပါတယ္။

(၂၀၁၅)ခုႏွစ္မွာ အခက္အခဲေတြျဖစ္ေနတဲ့ အမ်ိဳးသမီးငယ္တစ္ဦးကလည္း Damian တုိ႔စုံတြဲရဲ႕သတင္းကုိ ၾကားသိၿပီး သူမရဲ႕ သမီးေလး Victoria ကို ေမြးစားေပးဖုိ႔ ကမ္းလွမ္းခဲ့ရာ၊ Damian တုိ႔ကလည္း လက္ခံလုိက္ပါတယ္။ ကေလးႏွစ္ဦးစလုံးဟာ အသက္မတိမ္းမယိမ္း ျဖစ္ပါတယ္။ Olivia က ယခုလကုန္မွာ (၅)ႏွစ္ျပည့္မွာပါ။ Victoria ကေတာ့ ေနာက္ႏွစ္ ေဖေဖာ္ဝါရီမွာ (၅)ႏွစ္ျပည့္မွာလုိ႔ သိရပါတယ္

မွတ္ခ်က္ – မ်က္ေမွာက္ေခတ္မွာ HIV ကို ကုသႏုိင္တဲ့နည္းလမ္း မရွိေသးပါ။ HIV ဗုိင္းရပ္စ္ကို ေဆးနဲ႔ ေလွ်ာ့က်ေအာင္ လုပ္တဲ့နည္းနဲ႔ ကုသျခင္းျဖစ္ၿပီး၊ HIV ဗုိင္းရပ္စ္ကို ေျခရာခံလုိ႔မရေတာ့ဘူးဆုိသည္မွာ၊ လူတစ္ေယာက္ရဲ႕ ေရာဂါခုခံကာကြယ္တဲ့စနစ္ပုိင္းကို ဒီဗုိင္းရပ္စ္က အျပည့္အဝ မထိခုိက္ေစေတာ့ဘူး/ ေနာင္တစ္ခ်ိန္ခ်ိန္မွာေတာ့ ထိခုိက္ေစႏုိင္ေသးတယ္ ဆုိတဲ့သေဘာ ျဖစ္ပါတယ္။

credit – shwemom

Unicode

HIV ဖြစ်နေလို့ မွေးစားမယ့်သူမရှိတဲ့ သမီးလေးကို သတ္တိရှိရှိမွေးစားခဲ့တဲ့ Gay စုံတွဲ

အာဂျင်တီးနားနိုင်ငံက လိင်တူစုံတွဲတစ်တွဲဟာ HIV ဖြစ်နေတဲ့ သမီးလေးကို သတ္တိရှိရှိ မွေးစားခဲ့တာကြောင့် သတင်းမီဒီယာတွေမှာ ချီးကျူးမှုတွေ ခံနေရပါတယ်။ သူတို့စုံတွဲရဲ့အမည်မှာ Damian Pighin (၄၂)နှစ်နဲ့ Ariel Vijarra (၃၉)နှစ်တို့ ဖြစ်ပါတယ်။

သူတို့ဟာ အာဂျင်တီးနားနိုင်ငံ အရှေ့မြောက်ပိုင်း၊ Santa Fe စီရင်စုမှာတော့ ပထမဆုံး လိင်တူလက်ထပ်ခွင့်ရတဲ့ စုံတွဲဖြစ်ပါတယ်။ လောလောဆယ် ရိုဆာရီယိုမှာ နေထိုင်ကြပါတယ်။ သူတို့ဟာ ကိုယ်ပိုင်ကလေး မရနိုင်တဲ့အတွက် ကလေးမွေးစားဖို့ (၂၀၁၄)ခုနှစ် မတိုင်ခင်အထိ စိတ်ဆန္ဒ မပြည့်ဝခဲ့ကြပါဘူး။

အဲဒီနောက်မှာတော့ သက်ဆိုင်ရာက ကလေးတစ်ယောက် မွေးစားမယ်ဆိုရင် အဆင်သင့်ရှိတယ်ဆိုပြီး ဖုန်းဆက်အကြောင်းကြား လာခဲ့ပါတယ်။ သူတို့ဟာ ကလေးကို သွားရောက်ကြည့်ရှုချိန်မှာ ရုပ်ကလေးက ချစ်စရာကောင်းသလောက် မွေးစားမယ့်လူမရှိ ဖြစ်နေပါတယ်။ အကြောင်းကတော့ ကလေးမှာ မိခင်ကတစ်ဆင့် ကူးစက်တဲ့ မွေးရာပါ HIV ကူးစက်ရောဂါ ပါလာလို့ပါ။

Damian တို့စုံတွဲ ကလေးနဲ့ စတင်စုံဆည်းချိန်မှာ သမီးလေးဟာ (၂၈)ရက်သားအရွယ်သာ ရှိသေးပြီး၊ မိသားစုဆယ်စုက ငြင်းပယ်ခြင်းကို ခံခဲ့ရပါတယ်။ ဒါကြောင့် Damian တို့စုံတွဲဟာ တစ်ခြားမွေးစားဖို့ ကလေးမရှာတော့ဘဲ၊ ဒီသမီးလေးကိုသာ မွေးစားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ကလေးအမည်ကို Olivia လို့ အမည်ပေးခဲ့ပါတယ်။

HIV ကုထုံးကိုလည်း ခံနိုင်ရည်ရှိစွာနဲ့ Damian တို့ရဲ့ စောင့်ရှောက်မှုလက်ထဲမှာ ဝဝကစ်ကစ်လေး ဖြစ်လာခဲ့ပါတယ်။ (၂)နှစ်လောက်ကြာတဲ့အခါ Olivia ကို စမ်းသပ်မှုတွေအရ HIV ဗိုင်းရပ်စ်ဟာ Olivia ရဲ့ခန္ဓာကိုယ်ထဲမှာ ခြေရာခံလို့ မရတော့ဘူးဆိုတဲ့ မင်္ဂလာသတင်းကို ကြားလိုက်ရပါတယ်။

(၂၀၁၅)ခုနှစ်မှာ အခက်အခဲတွေဖြစ်နေတဲ့ အမျိုးသမီးငယ်တစ်ဦးကလည်း Damian တို့စုံတွဲရဲ့သတင်းကို ကြားသိပြီး သူမရဲ့ သမီးလေး Victoria ကို မွေးစားပေးဖို့ ကမ်းလှမ်းခဲ့ရာ၊ Damian တို့ကလည်း လက်ခံလိုက်ပါတယ်။ ကလေးနှစ်ဦးစလုံးဟာ အသက်မတိမ်းမယိမ်း ဖြစ်ပါတယ်။ Olivia က ယခုလကုန်မှာ (၅)နှစ်ပြည့်မှာပါ။ Victoria ကတော့ နောက်နှစ် ဖေဖော်ဝါရီမှာ (၅)နှစ်ပြည့်မှာလို့ သိရပါတယ်

မှတ်ချက် – မျက်မှောက်ခေတ်မှာ HIV ကို ကုသနိုင်တဲ့နည်းလမ်း မရှိသေးပါ။ HIV ဗိုင်းရပ်စ်ကို ဆေးနဲ့ လျှော့ကျအောင် လုပ်တဲ့နည်းနဲ့ ကုသခြင်းဖြစ်ပြီး၊ HIV ဗိုင်းရပ်စ်ကို ခြေရာခံလို့မရတော့ဘူးဆိုသည်မှာ၊ လူတစ်ယောက်ရဲ့ ရောဂါခုခံကာကွယ်တဲ့စနစ်ပိုင်းကို ဒီဗိုင်းရပ်စ်က အပြည့်အဝ မထိခိုက်စေတော့ဘူး/ နောင်တစ်ချိန်ချိန်မှာတော့ ထိခိုက်စေနိုင်သေးတယ် ဆိုတဲ့သဘော ဖြစ်ပါတယ်။

credit – shwemom

Post Author: MC KZONE