ဓာတ္လိုက္ၿပီး ေသဆုံးသြားတဲ့ သားေလးကို၊ ယူႀကဳံးမရ ဖက္ၿပီးငိုေနရွာတဲ့ မိခင္

ၿပီးခဲ့တဲ့ ေအာက္တုိဘာလ(၁၀)ရက္က အင္ဒုိနီးရွား သတင္းစာမ်က္ႏွာေတြထက္မွာ ကေလးမိခင္တစ္ဦးဟာ မေတာ္တဆ ဓာတ္လုိက္ၿပီး ေသဆုံးသြားတဲ့ သားေလးကို ယူႀကဳံးမရဖက္ၿပီး ဝမ္းနည္းစြာ ငုိေၾကြးေနတဲ့ ဓာတ္ပုံေတြဟာ လူမႈကြန္ရက္မွ ပ်ံ႔ႏွံ႔လာခဲ့ပါတယ္။

အဆုိပါကေလးမိခင္ဟာ ေသဆုံးသြားတဲ့ သားေလးကို အေမ့ဆီျပန္လာခဲ့ပါဆုိၿပီး ေအာ္ငုိေနခဲ့တာပါ၊ သူမဟာ အင္ဒုိအမ်ိဳးသမီးတစ္ေယာက္ ျဖစ္လင့္ကစား၊ ဗြီဒီယုိဖုိင္ကေတာ့ မေလးရွား လူမႈကြန္ရက္တစ္ခုကေန စတင္ပ်ံ႔ႏွံ႔လာခဲ့တာလုိ႔ ဆုိပါတယ္။ ကေလးရဲ႕အမည္မွာ Arfan လုိ႔ သိရပါတယ္။

ကေလးဟာ သူ႕ဘာသာသူ ဘာသာဘာဝ ၾကမ္းျပင္ေပၚမွာ ေလွ်ာက္ကစားေနရင္း၊ ဖုန္းအားသြင္းတဲ့ ႀကိဳးကိုေတြ႕ၿပီး ေဆာ့ကစားခဲ့တာပါ။ အဲဒီအားသြင္းႀကိဳးဟာ ပလပ္မွာ တပ္လွ်က္တန္းလန္းျဖစ္ေနပါတယ္။ ဒီၾကားထဲ ပလပ္ရဲ႕မိန္းခလုတ္ကိုလည္း မိဘေတြက ပိတ္မထားခဲ့ပါဘူး။

ဒီလုိနဲ႔ Arfan တစ္ေယာက္ ဆုိးဆုိးရြားရြား ဓာတ္လုိက္ခံလုိက္ရပါတယ္။ မိခင္က ေညႇာ္နံ႔ေတြထြက္လာမွ သားျဖစ္သူ ဓာတ္လုိက္ၿပီး သတိေမ့ေနတာကို ေတြ႕လုိက္ရတာပါ။ ကေလးကို Indramayu မွာတည္ရွိတဲ့ ျပည္သူ႕ေဆး႐ုံဆီ အျမန္ေခၚသြားခဲ့ေပမယ့္ အသက္ကိုေတာ့ မကယ္တင္ႏုိင္ခဲ့ပါဘူး။

ဒီျဖစ္စဥ္ကို ၾကည့္ျခင္းအားျဖင့္ ဘယ္အိမ္မွာပဲျဖစ္ျဖစ္၊ လွ်ပ္စပ္နဲ႔အသုံးျပဳရတဲ့ မီးႀကိဳးေတြ၊ ပလပ္ခုံေတြကို ၾကမ္းျပင္ေပၚမွာ ျဖစ္သလုိထားၿပီး အသုံးျပဳျခင္းကို ေရွာင္ရွားဖုိ႔လုိေနတာကို သတိထားသင့္ပါတယ္။ အိမ္မွာ ကေလးရွိသည္ျဖစ္ေစ၊ မရွိသည္ျဖစ္ေစ၊ လွ်ပ္စစ္ကို စနစ္တက် သုံးစြဲျခင္းက ေဘးကင္းေစမွာ ျဖစ္ပါတယ္။

credit – နသူရိန္ D Nae Khit Media

Unicode

ဓာတ်လိုက်ပြီး သေဆုံးသွားတဲ့ သားလေးကို၊ ယူကြုံးမရ ဖက်ပြီးငိုနေရှာတဲ့ မိခင်

ပြီးခဲ့တဲ့ အောက်တိုဘာလ(၁၀)ရက်က အင်ဒိုနီးရှား သတင်းစာမျက်နှာတွေထက်မှာ ကလေးမိခင်တစ်ဦးဟာ မတော်တဆ ဓာတ်လိုက်ပြီး သေဆုံးသွားတဲ့ သားလေးကို ယူကြုံးမရဖက်ပြီး ဝမ်းနည်းစွာ ငိုကြွေးနေတဲ့ ဓာတ်ပုံတွေဟာ လူမှုကွန်ရက်မှ ပျံ့နှံ့လာခဲ့ပါတယ်။

အဆိုပါကလေးမိခင်ဟာ သေဆုံးသွားတဲ့ သားလေးကို အမေ့ဆီပြန်လာခဲ့ပါဆိုပြီး အော်ငိုနေခဲ့တာပါ၊ သူမဟာ အင်ဒိုအမျိုးသမီးတစ်ယောက် ဖြစ်လင့်ကစား၊ ဗွီဒီယိုဖိုင်ကတော့ မလေးရှား လူမှုကွန်ရက်တစ်ခုကနေ စတင်ပျံ့နှံ့လာခဲ့တာလို့ ဆိုပါတယ်။ ကလေးရဲ့အမည်မှာ Arfan လို့ သိရပါတယ်။

ကလေးဟာ သူ့ဘာသာသူ ဘာသာဘာဝ ကြမ်းပြင်ပေါ်မှာ လျှောက်ကစားနေရင်း၊ ဖုန်းအားသွင်းတဲ့ ကြိုးကိုတွေ့ပြီး ဆော့ကစားခဲ့တာပါ။ အဲဒီအားသွင်းကြိုးဟာ ပလပ်မှာ တပ်လျှက်တန်းလန်းဖြစ်နေပါတယ်။ ဒီကြားထဲ ပလပ်ရဲ့မိန်းခလုတ်ကိုလည်း မိဘတွေက ပိတ်မထားခဲ့ပါဘူး။

ဒီလိုနဲ့ Arfan တစ်ယောက် ဆိုးဆိုးရွားရွား ဓာတ်လိုက်ခံလိုက်ရပါတယ်။ မိခင်က ညှော်နံ့တွေထွက်လာမှ သားဖြစ်သူ ဓာတ်လိုက်ပြီး သတိမေ့နေတာကို တွေ့လိုက်ရတာပါ။ ကလေးကို Indramayu မှာတည်ရှိတဲ့ ပြည်သူ့ဆေးရုံဆီ အမြန်ခေါ်သွားခဲ့ပေမယ့် အသက်ကိုတော့ မကယ်တင်နိုင်ခဲ့ပါဘူး။

ဒီဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် ဘယ်အိမ်မှာပဲဖြစ်ဖြစ်၊ လျှပ်စပ်နဲ့အသုံးပြုရတဲ့ မီးကြိုးတွေ၊ ပလပ်ခုံတွေကို ကြမ်းပြင်ပေါ်မှာ ဖြစ်သလိုထားပြီး အသုံးပြုခြင်းကို ရှောင်ရှားဖို့လိုနေတာကို သတိထားသင့်ပါတယ်။ အိမ်မှာ ကလေးရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ လျှပ်စစ်ကို စနစ်တကျ သုံးစွဲခြင်းက ဘေးကင်းစေမှာ ဖြစ်ပါတယ်။

credit – နသူရိန် D Nae Khit Media

Post Author: MC KZONE