မိေက်ာင္းကို တကူးတကဖမ္းၿပီး ဘီယာတိုက္လုိ႔ ရဲဖမ္းခံခဲ့ရတဲ့ အမ်ိဳးသားႏွစ္ေယာက္

အခုတေလာ ထူးထူးဆန္းဆန္းျဖစ္ရပ္မ်ိုဳးစံုကုိ သင္ျမင္ေနၾကားေနရမွာပါ။ အခုလည္း ၾကံၾကံဖန္ဖန္ မိေက်ာင္းကို ဘီယာတိုက္တဲ့ လူနွစ္ေယာက္ကို ရဲေတြ ဖမ္းဆီးလိုက္ပါတယ္။

ဖေလာ္ရီဒါမွာ အသက္(၂၇)ႏွစ္အရြယ္ Timothy Kepkeနဲ႔ အသက္(၂၂)ႏွစ္အရြယ္ Noah Osborne တို႔ကို မိေက်ာင္းတစ္ေကာင္ တရားမ၀င္ သယ္ေဆာင္လာမႈ၊ တိရိစာၦန္ညွင္းပန္းႏွိပ္စက္မႈနဲ႔ ဖေလာရီဒါ ေတာရိုင္းတိရစာၦန္ထိန္းသိမ္းေရး ေကာ္မရွင္ရဲ႕ တိုင္ၾကားခ်က္အရ ေအာက္တိုဘာ(၃)ရက္ေန႔မွာ ႏွစ္ဦးလံုးကို ဖမ္းဆီးလုိက္တာျဖစ္ပါတယ္။

Kepkeက မိေက်ာင္းေပါက္ေလးကို တမင္သက္သက္ သူ႔လက္ကို ကိုက္ေအာင္လည္း လုပ္ခဲ့သလို၊ မိေက်ာင္းပါးစပ္ထဲ ဘီယာေတြေလာင္းထည့္ခဲ့တာလို႔ FWC သတင္းက ဆိုပါတယ္။

မိေက်ာင္းကို ဘီယာတိုက္လိုက္တဲ့အခ်ိန္မွာ မိေက်ာင္းက ရန္လိုတဲ့အျပဳအမူ တုံ႔ျပန္ခဲ့ပါတယ္။ ျဖစ္စဥ္ကုိရိုက္ကူးထားတဲ့ ဗီဒီိယိုဟာလည္း စံခ်ိန္တင္ၾကည့္ရႈႏႈန္းမ်ားခဲ့ပါတယ္။

အဲ့ဒီဗီဒီိယုိပ်ံ႕ႏွံ႕သြားျပီးေနာက္ စက္တင္ဘာ(၁၇)ရက္မွာ ရဲေတြက Kepkeရဲ႕ေနအိမ္ကို သြားေရာက္စစ္ေဆးခဲ့တာပါ။

Kepkeက အဲ့ဒီမိေခ်ာင္းကို Osborneနဲ႔အတူ Palm ျမိဳ႕ Ranchwoodလမ္းမွာေတြ႔ရင္း ဖမ္းလာခဲ့တာျဖစ္ျပီး လက္ရွိမွာေတာ့ မိေက်ာင္းကုိ လႊတ္ေပးလိုက္ျပီလို႔ ေျပာပါတယ္။

အခင္းျဖစ္ပြားခ်ိန္ကလည္း သူတို႔ႏွစ္ေယာက္လံုးအရက္မေသာက္ထားေသးပါဘူး။ အဲဒီအခ်ိန္က ေဘးမွာ မိန္းကေလးသူငယ္ခ်င္းတစ္ေယာက္လည္း ရွိပါတယ္လို႔ ရဲေတြကိုရွင္းျပခဲ့ပါတယ္။

စက္တင္ဘာ(၂၁)မွာ ရဲေတြက Osborneနဲ႔ Kepke တို႔ရဲ႕ေျပာစကားေတြကို ဟုတ္မဟုတ္ေကာင္မေလးကိုလည္းထပ္မံေမးခဲ့ရာ Kepke ကို သူ႔အျပဳအမူေတြေၾကာင့္ မိေက်ာင္းက ကိုက္ခဲ့တာလုိ႔ထင္ေၾကာင္းေျဖၾကားခဲ့ပါတယ္။

အဲ့ဒီေနာက္ စက္တင္ဘာလထဲမွာပဲ သူတုိ႔ကုိ ဖမ္း၀ရမ္းထုတ္ခဲ့ျပီး၊ ေအာက္တိုဘာ(၃)ရက္ေန႔မွာေတာ့ ႏွစ္ေယာက္လံုးကိုဖမ္းဆီးခဲ့ပါတယ္။

တရားရံုးအမိန္႔အရ Kepke ကိုေငြဒဏ္ အေမရိကန္ေဒၚလာ(၅၀၀၀)၊ Osborneကို ေငြဒဏ္(၂၅၀၀) အသီးသီးခ်မွတ္ျပီး ႏွစ္ေယာက္လံုး ကို Martin ေကာင္တီ အက်ဥ္းေထာင္မွာ ေခတၱထိန္းသိမ္းထားျပီးေနာက္ ျပန္လႊတ္ေပးခဲ့တယ္လုိ႔သိရပါတယ္။

credit – shwemom

Unicode

အခုတလော ထူးထူးဆန်းဆန်းဖြစ်ရပ်မျိုုးစုံကို သင်မြင်နေကြားနေရမှာပါ။ အခုလည်း ကြံကြံဖန်ဖန် မိကျောင်းကို ဘီယာတိုက်တဲ့ လူနှစ်ယောက်ကို ရဲတွေ ဖမ်းဆီးလိုက်ပါတယ်။

ဖလော်ရီဒါမှာ အသက်(၂၇)နှစ်အရွယ် Timothy Kepkeနဲ့ အသက်(၂၂)နှစ်အရွယ် Noah Osborne တို့ကို မိကျောင်းတစ်ကောင် တရားမဝင် သယ်ဆောင်လာမှု၊ တိရိစ္ဆာန်ညှင်းပန်းနှိပ်စက်မှုနဲ့ ဖလောရီဒါ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး ကော်မရှင်ရဲ့ တိုင်ကြားချက်အရ အောက်တိုဘာ(၃)ရက်နေ့မှာ နှစ်ဦးလုံးကို ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

Kepkeက မိကျောင်းပေါက်လေးကို တမင်သက်သက် သူ့လက်ကို ကိုက်အောင်လည်း လုပ်ခဲ့သလို၊ မိကျောင်းပါးစပ်ထဲ ဘီယာတွေလောင်းထည့်ခဲ့တာလို့ FWC သတင်းက ဆိုပါတယ်။

မိကျောင်းကို ဘီယာတိုက်လိုက်တဲ့အချိန်မှာ မိကျောင်းက ရန်လိုတဲ့အပြုအမူ တုံ့ပြန်ခဲ့ပါတယ်။ ဖြစ်စဉ်ကိုရိုက်ကူးထားတဲ့ ဗီဒီယိုဟာလည်း စံချိန်တင်ကြည့်ရှုနှုန်းများခဲ့ပါတယ်။

အဲ့ဒီဗီဒီယိုပျံ့နှံ့သွားပြီးနောက် စက်တင်ဘာ(၁၇)ရက်မှာ ရဲတွေက Kepkeရဲ့နေအိမ်ကို သွားရောက်စစ်ဆေးခဲ့တာပါ။

Kepkeက အဲ့ဒီမိချောင်းကို Osborneနဲ့အတူ Palm မြို့ Ranchwoodလမ်းမှာတွေ့ရင်း ဖမ်းလာခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ မိကျောင်းကို လွှတ်ပေးလိုက်ပြီလို့ ပြောပါတယ်။

အခင်းဖြစ်ပွားချိန်ကလည်း သူတို့နှစ်ယောက်လုံးအရက်မသောက်ထားသေးပါဘူး။ အဲဒီအချိန်က ဘေးမှာ မိန်းကလေးသူငယ်ချင်းတစ်ယောက်လည်း ရှိပါတယ်လို့ ရဲတွေကိုရှင်းပြခဲ့ပါတယ်။

စက်တင်ဘာ(၂၁)မှာ ရဲတွေက Osborneနဲ့ Kepke တို့ရဲ့ပြောစကားတွေကို ဟုတ်မဟုတ်ကောင်မလေးကိုလည်းထပ်မံမေးခဲ့ရာ Kepke ကို သူ့အပြုအမူတွေကြောင့် မိကျောင်းက ကိုက်ခဲ့တာလို့ထင်ကြောင်းဖြေကြားခဲ့ပါတယ်။

အဲ့ဒီနောက် စက်တင်ဘာလထဲမှာပဲ သူတို့ကို ဖမ်းဝရမ်းထုတ်ခဲ့ပြီး၊ အောက်တိုဘာ(၃)ရက်နေ့မှာတော့ နှစ်ယောက်လုံးကိုဖမ်းဆီးခဲ့ပါတယ်။

တရားရုံးအမိန့်အရ Kepke ကိုငွေဒဏ် အမေရိကန်ဒေါ်လာ(၅၀၀၀)၊ Osborneကို ငွေဒဏ်(၂၅၀၀) အသီးသီးချမှတ်ပြီး နှစ်ယောက်လုံး ကို Martin ကောင်တီ အကျဉ်းထောင်မှာ ခေတ္တထိန်းသိမ်းထားပြီးနောက် ပြန်လွှတ်ပေးခဲ့တယ်လို့သိရပါတယ်။

credit – shwemom

Post Author: MC KZONE