စတိုင်လ်ကျတဲ့ မိန်းကလေးတစ်ယောက်ရဲ့ သွင်ပြင်နဲ့ ချစ်စရာကောင်းနေတဲ့ ချမ်းမြေ့မောင်ချို






credit – momolay

Unicode

Myanmar Idol Season 3 ရဲ့ ဒုတိယဆုရှင် ချမ်းမြေ့မောင်ချိုဟာဆိုရင် တစ်နိုင်ငံလုံးက ပရိသတ်တွေ သည်းသည်းလှုပ်အားပေးရတဲ့ အဆိုတော်မလေး တစ်ဦးပါ ။ ချမ်းမြေ့မောင်ချိုက လက်ရှိမှာတော့ ပွဲအခမ်းအနားတွေမှာ သီချင်းတွေတောက်လျှောက်ဆို ဖြစ်နေပြီး အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ကိုင်နေပါတယ်။ ပရိသတ်တွေကလည်း ချမ်းမြေ့မောင်ချိုရဲ့ အနုပညာလှုပ်ရှားမှုတိုင်းကို စိတ်ဝင်တစား စောင့်ကြည့်ကြတာ ဖြစ်ပါတယ်။

ချမ်းမြေ့မောင်ချိုက ပြီးခဲ့တဲ့ စက်တင်ဘာလ (၃၀) ရက်နေ့က ပဲခူးမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ LIVOLIN FORTE အသည်းအကြောင်းသိကောင်းစရာပွဲမှာ တေးသီချင်းတွေနဲ့ သီဆိုဖျော်ဖြေခဲ့တာပဲ ဖြစ်ပါတယ်။

ချမ်းမြေ့မောင်ချိုက စတိုင်ပန်လိမ္မော်ရောင်လေးနဲ့ လူကြီးတစ်ယောက်လို စမတ်ကျကျ လှနေတာပဲ ဖြစ်ပါတယ်။ချမ်းမြေ့မောင်ချိုက သီချင်းခွေမထွက်ရသေးပေမယ့် ပရိသတ်တွေက သူမရဲ့ တစ်ကိုယ်တော် အယ်လ်ဘမ်လေးကို နားထောင်ဖို့ စောင့်ဆိုင်းနေကြတာ ဖြစ်ပါတယ်။

ကလေးလေးတစ်ယောက်လို ချစ်စရာကောင်းတဲ့ ချမ်းမြေ့မောင်ချိုကတော့ လူကြီးလေးတစ်ယောက်လို စမတ်ကျနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချမ်းမြေ့မောင်ချိုရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Source: Chan Myae Maung Cho’s fb

credit – momolay

Post Author: MC KZONE