ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဘယ္ကစားသမားမွ လိုက္ဖို႔မလြယ္တဲ့စံခ်ိန္ေတြ ရရွိသြားခဲ့တဲ့ စီေရာ္နယ္ဒို

ေပၚတူဂီနဲ႔ ဂ်ဴဗင္တပ္တုိက္စစ္မွဴးစီေရာ္နယ္ဒိုဟာ UCL Man လို႔ေတာင္ဆုိရေတာ့မလုိပါပဲ။ ခ်န္ပီယံလိဂ္ဆုဖလားကို (၅) ႀကိမ္အထိ ရယူထားၿပီးေဘာလံုးသမုိင္းတစ္ေလွ်ာက္ ခ်န္ပီယံလိဂ္ဆုဖလားကို အမ်ားဆံုး ရယူထားတဲ့ ကစားသမားအျဖစ္ မွတ္တမ္း၀င္ထားခဲ့တာပဲ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ေလဗာကူဆင္နဲ႔ပြဲမွာေတာ့ စီေရာ္နယ္ဒုိဟာ ဂ်ဴဗင္တပ္အတြက္ (၁) ဂိုးသြင္းယူခဲ့ၿပီးေနာက္ ထံုးစံအတိုင္းစံခ်ိန္ေတြ တစ္သီႀကီးထပ္တင္ခဲ့ျပန္တာ ျဖစ္ပါတယ္။

ဂ်ဴဗင္တပ္နဲ႔ ေလဗာကူဆင္တုိ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္မွာေတာ့ အိမ္ရွင္ဂ်ဴဗင္တပ္အသင္းက (၃) ဂိုးျပတ္အႏုိင္ရရွိသြားခဲ့တာ ျဖစ္ပါတယ္။ ဂ်ဴဗင္တပ္အသင္းဟာ ပြဲအစ၊ အဆံုး ဖိိဖိစီးစီးကစားၿပီး ေလဗာကူဆင္အသင္းကို ျပတ္ျပတ္သားသား အလဲထုိးသြားခဲ့တာ ျဖစ္ပါတယ္။

ဒီပြဲစဥ္မွာ ဂိုးသြင္းယူႏုိင္ခဲ့တဲ့အတြက္ စီေရာ္နယ္ဒိုဟာာ စံခ်ိန္မွတ္တမ္းေကာင္းမ်ားစြာကိုလည္း ရရွိသြားခဲ့ပါတယ္။ စီေရာ္နယ္ဒိုဟာ အခုအခါ ခ်န္ပီယံလိဂ္ႏုိင္ပြဲစုစုေပါင္း (၁၀၂) အထိရွိသြားခဲ့ၿပီျဖစ္ၿပီး စပိန္ဂႏၳ၀င္ဂိုးသမားႀကီးကာဆီးလက္စ္ရဲ႕စံခ်ိန္ကို ေက်ာ္ျဖတ္ကာ ခ်န္ပီယံလိဂ္ရဲ႕ႏုိင္ပြဲအမ်ားဆံုးကစားသမားျဖစ္လာခဲ့ပါတယ္။

ေလဗာကူဆင္ကို ဂိုးသြင္းယူၿပီးေနာက္ အခုအခါ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ စီေရာ္နယ္ဒိုဂိုးသြင္းယူႏုိင္ခဲ့တဲ့ ၿပိဳင္ဘက္အသင္းစုစုေပါင္းက (၃၃) သင္းအထိ ရွိသြားခဲ့ၿပီျဖစ္ပါတယ္။ ဒါေၾကာင့္ စီေရာ္နယ္ဒိုဟာ ရီးရဲဂႏၳ၀င္ကစားသမားႀကီးရာအူးလ္နဲ႔ စံခ်ိန္တူညီသြားခဲ့ၿပီပဲ ျဖစ္ပါတယ္။

ဒါ့အျပင္ စီေရာ္နယ္ဒိုဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ (၁၄) ရာသီဆက္တုိက္ ဂိုးသြင္းႏုိင္ခဲ့သူအျဖစ္ ရာအူးလ္၊ အဓိကၿပိဳင္ဘက္မက္ဆီတို႔နဲ႔အတူ ပူးတြဲရပ္တည္ထားႏုိင္ခဲ့ၿပီပဲ ျဖစ္ပါတယ္။ ခ်န္ပီယံလိဂ္ဖလား (၅) ႀကိမ္အထိရယူထားႏုိင္ခဲ့တဲ့ စီေရာ္နယ္ဒိုကေတာ့ တကယ့္ကို UCL Man လို႔ပဲ ဆုိရေတာ့မွာပါ။

Ref: Sportbible

credit – Oz11( မိုမုိေလး)

Unicode

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘယ်ကစားသမားမှ လိုက်ဖို့မလွယ်တဲ့စံချိန်တွေ ရရှိသွားခဲ့တဲ့ စီရော်နယ်ဒို

ပေါ်တူဂီနဲ့ ဂျူဗင်တပ်တိုက်စစ်မှူးစီရော်နယ်ဒိုဟာ UCL Man လို့တောင်ဆိုရတော့မလိုပါပဲ။ ချန်ပီယံလိဂ်ဆုဖလားကို (၅) ကြိမ်အထိ ရယူထားပြီးဘောလုံးသမိုင်းတစ်လျှောက် ချန်ပီယံလိဂ်ဆုဖလားကို အများဆုံး ရယူထားတဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ထားခဲ့တာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လေဗာကူဆင်နဲ့ပွဲမှာတော့ စီရော်နယ်ဒိုဟာ ဂျူဗင်တပ်အတွက် (၁) ဂိုးသွင်းယူခဲ့ပြီးနောက် ထုံးစံအတိုင်းစံချိန်တွေ တစ်သီကြီးထပ်တင်ခဲ့ပြန်တာ ဖြစ်ပါတယ်။

ဂျူဗင်တပ်နဲ့ လေဗာကူဆင်တို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာတော့ အိမ်ရှင်ဂျူဗင်တပ်အသင်းက (၃) ဂိုးပြတ်အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ ဂျူဗင်တပ်အသင်းဟာ ပွဲအစ၊ အဆုံး ဖိဖိစီးစီးကစားပြီး လေဗာကူဆင်အသင်းကို ပြတ်ပြတ်သားသား အလဲထိုးသွားခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့အတွက် စီရော်နယ်ဒိုဟာာ စံချိန်မှတ်တမ်းကောင်းများစွာကိုလည်း ရရှိသွားခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ အခုအခါ ချန်ပီယံလိဂ်နိုင်ပွဲစုစုပေါင်း (၁၀၂) အထိရှိသွားခဲ့ပြီဖြစ်ပြီး စပိန်ဂန္ထဝင်ဂိုးသမားကြီးကာဆီးလက်စ်ရဲ့စံချိန်ကို ကျော်ဖြတ်ကာ ချန်ပီယံလိဂ်ရဲ့နိုင်ပွဲအများဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။

လေဗာကူဆင်ကို ဂိုးသွင်းယူပြီးနောက် အခုအခါ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ စီရော်နယ်ဒိုဂိုးသွင်းယူနိုင်ခဲ့တဲ့ ပြိုင်ဘက်အသင်းစုစုပေါင်းက (၃၃) သင်းအထိ ရှိသွားခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် စီရော်နယ်ဒိုဟာ ရီးရဲဂန္ထဝင်ကစားသမားကြီးရာအူးလ်နဲ့ စံချိန်တူညီသွားခဲ့ပြီပဲ ဖြစ်ပါတယ်။

ဒါ့အပြင် စီရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ (၁၄) ရာသီဆက်တိုက် ဂိုးသွင်းနိုင်ခဲ့သူအဖြစ် ရာအူးလ်၊ အဓိကပြိုင်ဘက်မက်ဆီတို့နဲ့အတူ ပူးတွဲရပ်တည်ထားနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဖလား (၅) ကြိမ်အထိရယူထားနိုင်ခဲ့တဲ့ စီရော်နယ်ဒိုကတော့ တကယ့်ကို UCL Man လို့ပဲ ဆိုရတော့မှာပါ။

Ref: Sportbible

credit – Oz11( မိုမိုလေး)

Post Author: MC KZONE