” ႏိုင္ငံေက်ာ္အႏုပညာရွင္ေတြကပါ ဝန္းရံျခင္းခံေနရတဲ့ Myanmar Idolက အက္စတာေဒါ့သ္ခ်င္းဆုန္ “

ႏိုင္ငံေက်ာ္အႏုပညာရွင္ေတြျဖစ္တဲ့ အဆိုေတာ္ယုန္ေလးနဲ႔ ေတးေရး၊ေတးဆို ညီမင္းခိုင္တို႔က Myanmar Idol Season (4) မွာ လာေရာက္ယွဥ္ၿပိဳင္တဲ့ ခ်င္းတိုင္းရင္းသူေလး အက္စတာေဒါ့သ္ခ်င္းဆုန္ ရဲ႕ ယွဥ္ၿပိဳင္ေဖ်ာ္ေျဖထားတဲ့ ဗီဒီယိုဖိုင္ေလးကို Share ၿပီး ခ်ီးက်ဴးဝန္းရံခဲ့ပါတယ္။ ႐ြက္ပုန္းသီးေလးေတြကို လက္တြဲၿပီးေခၚေလ့ရွိတဲ့ ႏိုင္ငံေက်ာ္ အဆိုေတာ္ယုန္ေလးကေတာ့ Myanmar Idol Season (4) မွာ လာေရာက္ယွဥ္ၿပိဳင္တဲ့ ခ်င္းတိုင္းရင္းသူေလး အက္စတာေဒါ့သ္ခ်င္းဆုန္ ကို “အခုသူဆိုတာ ၾကည့္မိတယ္ . လြဲခ်င္လည္း လြဲမွာေပါ့ .ကြၽန္ေတာ္ကေတာ့ သူWinner ျဖစ္မယ္လို႔ပဲႀကိဳမွန္းပါတယ္ ” လို႔ Winner ျဖစ္ႏိုင္တယ္ ဆိုၿပီး ယုန္ေလးရဲ႕ လူမႈကြန္ရက္ စာမ်က္နာမွ ေဖာ္ျပခဲ့ပါတယ္။

ေတးေရး၊ေတးဆို ညီမင္းခိုင္ကလည္း အက္စတာေဒါ့သ္ခ်င္းဆုန္ ရဲ႕ယွဥ္ၿပိဳင္ ေဖ်ာ္ေျဖသြားပုံေလးကို ” ထိတယ္မိတယ္မိုက္တယ္ခိုက္တယ္သိပ္ႀကိဳက္မိတယ္။ေနာက္ဆုံးအထိေအာင္ပါေစမိန္းကေလး က႐ုဏာသံေလးေရာစပ္ပါဝင္ေနလို႔ကိုပိုထိရွ ” လို႔ ဆိုကာ ညီမင္းခိုင္ရဲ႕ လူမႈကြန္ရက္ စာမ်က္နာမွာ ေဖာ္ျပ ခ်ီးက်ဴးစကားဆိုထားပါတယ္။အက္စတာေဒါ့သ္ခ်င္းဆုန္ကေတာ့ ခ်င္းျပည္နယ္၊ဟားခါးျမိဳ႕ကေန ရန္ကုန္မွာ ေက်ာင္းလာတတ္ေနတာျဖစ္ျပီး သီခ်င္းကသူမဘ၀ ျဖစ္တာမို႔ အခ်ိန္တိုင္းသီခ်င္ဆိုေနလို႔ အေဆာင္ကအေဖာ္ေတြကေတာင္ တခါတေလမဆိုဖို႔ ေျပာရတယ္လို႔ သိရပါတယ္။သူမကေတာ့ အသံစစ္ေဆးမႈမွာ ေလဒီဂါဂါနဲ႔ဘရက္ဒေလကူးပါး တို႔ရဲ႕နာမည္ၾကီးဇာတ္၀င္ေတးသီခ်င္း ” Shallow ” ကို ခံစားသက္၀င္မႈအျပည့္နဲ႔ သီဆိုခဲ့ပါတယ္။

ဒိုင္တစ္ဦးျဖစ္တဲ့ တင္ဇာေမာ္ က ျမန္မာသီခ်င္းေလးတစ္ပုဒ္ ဆိုျပဖို႔ ေျပာသျဖင့္ အဆိုေတာ္ေနေနရဲ႕ နာမည္ၾကီးသီခ်င္းတစ္ပုဒ္ျဖစ္တဲ့ “မိန္းကေလးအခ်စ္” သီခ်င္းကို ကရုဏာအသံေလးနဲ႔ ခံစားသက္၀င္မႈေကာင္းေကာင္းနဲ႔ သီဆိုခဲ့ကာ Golden Ticket ရရိွခဲ့ပါတယ္။CeleGabar ပရိသတ္ၾကီးေရာ အက္စတာေဒါ့သ္ခ်င္းဆုန္ ရဲ႕ ေဖ်ာ္ေျဖမႈကိုၾကည့္ျပီးရင္ အျမင္ေလးေတြ မွ်ေ၀ခဲ့ဦးေနာ္။

Source: Yone Lay, Nyi Min Khine, Myanmar Idol
credit – DarDar-CeleGabar

ယူနီကုဒ္ျဖင့္ဖတ္ရန္

” နိုင်ငံကျော်အနုပညာရှင်တွေကပါ ဝန်းရံခြင်းခံနေရတဲ့ Myanmar Idolက အက်စတာဒေါ့သ်ချင်းဆုန် ”

နိုင်ငံကျော်အနုပညာရှင်တွေဖြစ်တဲ့ အဆိုတော်ယုန်လေးနဲ့ တေးရေး၊တေးဆို ညီမင်းခိုင်တို့က Myanmar Idol Season (4) မှာ လာရောက်ယှဉ်ပြိုင်တဲ့ ချင်းတိုင်းရင်းသူလေး အက်စတာဒေါ့သ်ချင်းဆုန် ရဲ့ ယှဉ်ပြိုင်ဖျော်ဖြေထားတဲ့ ဗီဒီယိုဖိုင်လေးကို Share ပြီး ချီးကျူးဝန်းရံခဲ့ပါတယ်။ ရွက်ပုန်းသီးလေးတွေကို လက်တွဲပြီးခေါ်လေ့ရှိတဲ့ နိုင်ငံကျော် အဆိုတော်ယုန်လေးကတော့ Myanmar Idol Season (4) မှာ လာရောက်ယှဉ်ပြိုင်တဲ့ ချင်းတိုင်းရင်းသူလေး အက်စတာဒေါ့သ်ချင်းဆုန် ကို “အခုသူဆိုတာ ကြည့်မိတယ် . လွဲချင်လည်း လွဲမှာပေါ့ .ကျွန်တော်ကတော့ သူWinner ဖြစ်မယ်လို့ပဲကြိုမှန်းပါတယ် ” လို့ Winner ဖြစ်နိုင်တယ် ဆိုပြီး ယုန်လေးရဲ့ လူမှုကွန်ရက် စာမျက်နာမှ ဖော်ပြခဲ့ပါတယ်။

တေးရေး၊တေးဆို ညီမင်းခိုင်ကလည်း အက်စတာဒေါ့သ်ချင်းဆုန် ရဲ့ယှဉ်ပြိုင် ဖျော်ဖြေသွားပုံလေးကို ” ထိတယ်မိတယ်မိုက်တယ်ခိုက်တယ်သိပ်ကြိုက်မိတယ်။နောက်ဆုံးအထိအောင်ပါစေမိန်းကလေး ကရုဏာသံလေးရောစပ်ပါဝင်နေလို့ကိုပိုထိရှ ” လို့ ဆိုကာ ညီမင်းခိုင်ရဲ့ လူမှုကွန်ရက် စာမျက်နာမှာ ဖော်ပြ ချီးကျူးစကားဆိုထားပါတယ်။အက်စတာဒေါ့သ်ချင်းဆုန်ကတော့ ချင်းပြည်နယ်၊ဟားခါးမြို့ကနေ ရန်ကုန်မှာ ကျောင်းလာတတ်နေတာဖြစ်ပြီး သီချင်းကသူမဘ၀ ဖြစ်တာမို့ အချိန်တိုင်းသီချင်ဆိုနေလို့ အဆောင်ကအဖော်တွေကတောင် တခါတလေမဆိုဖို့ ပြောရတယ်လို့ သိရပါတယ်။သူမကတော့ အသံစစ်ဆေးမှုမှာ လေဒီဂါဂါနဲ့ဘရက်ဒလေကူးပါး တို့ရဲ့နာမည်ကြီးဇာတ်ဝင်တေးသီချင်း ” Shallow ” ကို ခံစားသက်ဝင်မှုအပြည့်နဲ့ သီဆိုခဲ့ပါတယ်။

ဒိုင်တစ်ဦးဖြစ်တဲ့ တင်ဇာမော် က မြန်မာသီချင်းလေးတစ်ပုဒ် ဆိုပြဖို့ ပြောသဖြင့် အဆိုတော်နေနေရဲ့ နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ “မိန်းကလေးအချစ်” သီချင်းကို ကရုဏာအသံလေးနဲ့ ခံစားသက်ဝင်မှုကောင်းကောင်းနဲ့ သီဆိုခဲ့ကာ Golden Ticket ရရှိခဲ့ပါတယ်။CeleGabar ပရိသတ်ကြီးရော အက်စတာဒေါ့သ်ချင်းဆုန် ရဲ့ ဖျော်ဖြေမှုကိုကြည့်ပြီးရင် အမြင်လေးတွေ မျှဝေခဲ့ဦးနော်။

Source: Yone Lay, Nyi Min Khine, Myanmar Idol
credit – DarDar-CeleGabar

Post Author: MC KZONE