အိမ်ဆောက်နေတုန်းမှာ အုတ်ခဲတွေ လာတောင်းရင် မပေးလိုက်ပါနဲ့

ကျွန်တော့်ကားပျက်သွားလို့ ကားပြင်ဖို့ ဝပ်ရှော့ကို ပို့ထားလိုက်ရတယ်။ ဒါကြောင့် မြို့ပတ်ရထားစီးပြီး အလုပ်သွားဖို့ အိမ်နဲ့ သိပ်မဝေးတဲ့ ဘူတာရုံကို လမ်းလျှောက်သွားလိုက်တယ်။ဘူတာရောက်တော့ ရထားလာဖို့ စောင့်နေတုန်း ဘူတာရုံပလက်ဖေါင်းပေါ်မှာ ခွက်လေးတစ်လုံး ရှေ့ချပြီး ငုတ်တုပ်လေး ထိုင်နေတဲ့ အသက် ၅၀ အရွယ် လူကြီးတစ်ယောက်ကို သတိထားမိလိုက်တယ်။ သူဟာ အဝတ်အစား နွမ်းနွမ်းပါးပါးကို ဝတ်ထားတယ်။ သူ့မျက်နှာမှာ ထမင်းအလွန်ဆာနေပုံ ပေါ်နေတယ်။ ဒါပေမဲ့ သူ့ရုပ်ရည်ဟာ သန့်ပြန့်လို့ သူတောင်းစားတစ်ယောက် မဟုတ်လောက်ဘူးလို့ ကျွန်တော်တွက်မိတယ်။ ကျွန်တော်လည်း သူ့ကို သနားတာနဲ့ ဘူတာရုံဘေးက ထမင်းတစ်ထုတ်ဝယ်ပြီး သူ့ဆီ သွားပေးလိုက်တယ်။ ဒီအချိန်မှာ ရထားဝင်လာလို့ သူ့ကို စကားမပြောနိုင်ဘဲ လက်ထဲက ထမင်းထုတ်ကို ပေးပြီး ရထားပေါ် အမြန်တက်လိုက်တယ်။ ကျွန်တော် လှမ်းကြည့်လိုက်တော့ သူဟာ […]

စရံသိန်း၅၀ဖြင့် ငှါးရမ်းထားပြီး မှ စွမ်းဇာနည် ပွဲလာမကသဖြင့် ဇတ်ကားများကို ထိန်းသိမ်းကာ သိန်း၅၀၀ကျပ်တောင်း

အထူးသတိပေးချက် အမရပူရမြို့ နန်းတော်ရာစံပြကွက်သစ် ငါးဆယ်တစ်ကြိမ်‌မြောက် ပွဲတော်မှာ စွမ်းသဘင် ကို ငှားခဲ့ပါတယ် စံရန်ကိုလဲ တောင်းတဲ့ သိန်း( 50 ) ချပေးခဲ့ပါတယ် ပွဲတော် သုံးရက် ငှားရမ်းခဲ့ရာမှာ ကြားရက် ပွဲကူးရက် မရှိသဖြင့် ထပ်တိုးဖို့ ပြောဆိုတဲ့ အခါမှာ နောက်တစ်ရက် ထက်တိုးပေးခဲ့ပါတယ် စုစုပေါင်း စွမ်းသဘင်ကို လေးရက်တိတိ ငှားရမ်းခဲ့ပါတယ် ပထမ ပွဲရက်မှာပဲ စွမ်းသဘင်မှ အဖွဲ့သားအားလုံး ရောက်ရှိပေမဲ့ စွမ်းဇာနည် မရောက်ခဲ့ပါဘူး အဲ့ အတွက် ပွဲတော်ကို ကျွန်တော်တို့ ပွဲကော်မတီမှ နားလည်မှုရှိစွာဖြင့် တစ်ရက် နောက်ဆုတ်ပေးခဲ့ပါတယ် ဒုတိယ ရက်နေ့မှာလဲ နေ့လည် 12:00 ထိ စွမ်းဇာနည် ရောက်မလာခဲ့လို့ စွမ်းသဘင် မှ တာဝန်ရှိသူဖြင့်တဲ့ စွမ်းဇာနည်း […]

(၈) နှစ် လောက် ခံစားခဲ့ရတဲ့ ဒူးနာရောဂါ ကို (၅)ရက်လောက် ကုလိုက်တာ သက်သာပျောက်ကင်းသွားတဲ့ ဆိုတဲ့ ကိုယ်တွေ့ ဒူးနာပျောက် ဆေးနည်း

၈ နှစ်လောက်ခံစားခဲ့ရတဲ့ဒူးနာရောဂါကို ၅ ရက်လောက်ကုလိုက်တာ သက်သာပျောက်ကင်းသွားတယ်ဆိုတဲ့ ကိုယ်တွေ့ဒူးနာပျောက်ဆေးနည်းလေး မျှဝေပေးလိုက်ပါတယ်။မင်္ဂလာပါရှင် လက်တွေ့လေးမို့ မျှဝေပါတယ်။ အဆင်ပြေမယ်ထင်ပါတယ်။ အမေက ခုထိ ဒူးနာတာ ၈ နှစ်ပါ။အင်္ဂလိပ် မြန်မာ ဆေးနည်းလည်းစုံနေတာပါ။ ပြောသမျှ ပျောက်နိုး ကောင်းနိုးရာရ လိုက်သုံးတာလည်းကြာ ခုထိလည်း မသက်သာ။ အခုတော့ ညစဉ် ဆေးစည်းပြီး အိပ်တာ ၅ ရက်မှာ အတော်ကိုသိသာပြီး သက်သာလာပါတယ်။ ငွေလည်းမကုန် ဘေးထွက်လည်း မရှိတာမို့ ဘာကြောင့်နာနာ စမ်းသုံးကြည့်ပါလို့။ ဆေးနည်းကတော့ လက်ဖက်အသားအစိုနဲ့ ကျောက်ချဉ်ခဲကို ဆတူထောင်းပြီး နာနေတဲ့ ဒူးဂေါင်းမှာ စည်းပေးထားလိုက်ပါ။ မနက်မှာ ပြန်ခွာ နောက်ညမှာ စည်းအိပ်ရုံလေးပါဘဲ။ ဝေဒနာရှင်များ သက်သာပျောက်ကင်းကြပါစေလို့။ source: မူရင်းရေးသားသူ Unicode (၈) နှစ် လောက် […]

လက်သရမ်းခဲ့တဲ့အမျိုးသားကို ပညာပေးတဲ့အနေနဲ့ ခြေထောက်ဖြင့်ပိတ်ကန်ခဲ့တဲ့ အဆိုတော်မလေး

အင်ဒိုနီးရှား အမျိုးသမီးအဆိုတော်တဦးဟာ စတိတ်စင်ပေါ် သီဆိုဖျော်ဖြေချိန် စင်အောက်မှ ပရိသတ်တဦးက ပေါင်ကြားထဲကို လက်သရမ်းပြီး ထိကိုင်ခဲ့တဲ့အတွက် ခြေထောက်နဲ့ ဆောင့်ကန်ခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက်စာမျက်နှာတွေပေါ်မှာ နာမည်ကြီးနေခဲ့ပါတယ်။ဒီအဖြစ်အပျက်ဟာ ဂျာဗားပြည်နယ်အလယ်ပိုင်းက နိုက်ကလပ်တခုထဲမှာ ဖျော်ဖြေနေချိန် ဖြစ်ခဲ့တာလို့ မေရာသတင်းတပုဒ်မှာ ဇွန်လ ၁၄ ရက်နေ့က ဖော်ပြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အဆိုတော် ဂက်ဘီ ဗက်စ်တာဟာ လျှောက်လမ်းစင်မြင့်ပေါ်မှာ ရှိနေခဲ့တာဖြစ်ပြီး ပရိသတ်တွေအနီး သီချင်းသီဆိုရင်း ထိုင်ချလိုက်ချိန်မှာ ပရိသတ်ထဲက အမျိုးသားတဦးက ခုလို မဖွယ်မရာလုပ်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီဂျေအဆိုတော်ဟာ အောက်ပိုင်းက အတိုအပြတ် ဝတ်ဆင်ထားခဲ့ပြီး လယ်သာဒေါက်မြင့်ဖိနပ်ကို စီးထားခဲ့ကာ ခုလိုကြုံချိန်မှာတော့ အဲဒီ ပရိတ်သတ်ရဲ့ ဦးခေါင်းကို ဖိနပ်နဲ့ ဆောင့်ကန်ခဲ့တာ တွေ့ရပါတယ်။ ဒီနောက် အဲဒီအမျိုးသားကို […]

လိင်ကျွန် အဖြစ် (၇)နှစ်နေခဲ့ရပြီး၊ လူသေအခေါင်းထဲမှာ ထည့်ပိတ်ခံခဲ့ရတဲ့ ကောင်မလေး

အမျိုးသမီးငယ်တစ်ဦးဟာ အသက်(၂၀)အရွယ်မှာ ပြန်ပေးဆွဲခံခဲ့ရပြီး၊ ပြန်ပေးသမားရဲ့လိင်ကျွန်အဖြစ် (၇)နှစ်ကြာ နေထိုင်ခဲ့ရပါတယ်။ သူမဟာ အိပ်ချိန်ဆိုရင် လူသေခေါင်းတလားထဲကို ထည့်ပိတ်ခံရပြီး၊ ပြန်ပေးသမားက သူ အလိုရှိချိန်နဲ့ အစာစားချိန်မှာသာ အပြင်ကိုထုတ်တာပါ။သူမရဲ့နာမည်ကတော့ Colleen Stan ဖြစ်ပြီး၊ သူမရဲ့သူငယ်ချင်း မွေးနေ့ကို သွားဖို့အိမ်က ထွက်လာစဉ် ပြန်ပေးဆွဲခံရတာပါ။ Colleen ကို ပြန်ပေးသမားက ကားကြုံလိုက်ခဲ့ဖို့ ခေါ်ပါတယ်။ ကားထဲမှာ သူ့မိန်းမနဲ့ လသားအရွယ် ကလေးလည်း ပါပါတယ်။ အဲဒီတုန်းက Colleen ဟာ လမ်းလျှောက်သွားစရာ မလိုတော့ဘူးလို့ ကံကောင်းတယ် ထင်မှတ်ခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့ဘဝ ကံဆိုးမိုးမှောင်ကျတဲ့နေ့ပါ။ ပြန်ပေးသမား မိသားစုဟာ သူမကို အိမ်ပြန်မပို့တော့ဘဲ၊ ခင်ပွန်းသည် အဓမ္မကျင့်ချိန်ဆို ဇနီးက ဘေးကနေ ဝိုင်းကူပါတဲ့။ Colleen ဟာ သူမရဲ့ […]

လွန်ခဲ့တဲ့(၁၅)နှစ်က ဓာတ်ပုံအတူရိုက်ဖူးတဲ့ လူနှစ်ဦးရဲ့ ထူးဆန်းလွန်းတဲ့တိုက်ဆိုင်မှု

လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် ကံချင်း တိုက်ရိုက်မတူနိုင်ပါဘူး။ မိသားစုဝင်အချင်းချင်းတောင်၊ ဒါမှမဟုတ် ကံစပ်လို့ရထားတဲ့ အိမ်ထောင်ဘက် အချင်းချင်းတောင် ကံချင်းမတူနိုင်ပါဘူး။ ဒါပေမယ့် တစ်ခါတလေ တိုက်တိုက်ဆိုင်ဆိုင် ကံတရားတွေ တူတဲ့အခါ ထင်မှတ်မထားတဲ့ အမှတ်တရလေးတွေက လက်တွေ့ဘဝမှာပါ ကူးစက်လာတတ်ပါတယ်။ အခုလည်း ကောင်လေးတစ်ယောက်ဟာ လွန်ခဲ့တဲ့ (၁၅)နှစ်က လေယာဉ်မယ်တစ်ဦးနဲ့ အမှတ်တရဓာတ်ပုံ ရိုက်ကူးခဲပါတယ်။ ကံချင်းတူတော့ အလုပ်ချင်းတူပုံများ သူ အသက်(၂၀)ပြည့်တဲ့အချိန်မှာ သူဟာ အဲဒီဝါရင့် လေယာဉ်မယ်ကြီးနဲ့အတူ တာဝန်ထမ်းဆောင်နေပါပြီ။ ဒီတိုက်ဆိုင်မှုဟာ သာမန်အားဖြင့် ဘာမှမဟုတ်ဖူးလို့ ပြောလို့ရပေမယ့်၊ သူတို့နှစ်ယောက်အတွက်ကတော့ အလွန်ကို ထူးခြားတဲ့ တိုက်ဆိုင်မှုကြီးဖြစ်ပါတယ်။ ကောင်လေးနာမည်ကတော့ Xu Yang Feng ဖြစ်ပြီး၊ (၂၀၁၄)ခုနှစ်တုန်းက သူ ပထမဆုံး လေယာဉ်စစီးဖူးစဉ်၊ လေယာဉ်မယ်တစ်ဦးနဲ့ ဓာတ်ပုံရိုက်ခဲ့ပါတယ်။ သူဟာ ထိုစဉ်တုန်းက […]

ချစ်သူကောင်မလေးက နိုင်စားလွန်းလို့ ကောင်လေး မိမိကိုယ်ကိုယ် အဆုံးစီရင်

ချစ်သူသမီးရည်းစား ပက်သက်ဆက်နွယ်မှုမှာ တစ်ယောက်ယောက်က လွှမ်းမိုးချုပ်ကိုင်လွန်းအားကြီးပါက အဆုံးသတ် မလှမပ ဖြစ်ရတတ်ပါတယ်။ အမေရိကန်နိုင်ငံမှာနေထိုင်ရင်း တက္ကသိုလ်ကျောင်းတက်နေတဲ့ ဖိလစ်ပိုင်ကျောင်းသားတစ်ဦးဟာ သူရဲ့ရည်းစား တောင်ကိုရီးယား မိန်းကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ထိလက်ရောက် ပြုမူစော်ကားခံရမှု၊ လွှမ်းမိုးမှုတွေကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့ပါတယ်။ အဲဒီအတွက် တောင်ကိုရီးယားနိုင်ငံကို ပြန်ထွက်သွားတဲ့ မိန်းကလေးကို လာရောက်အဖမ်းခံဖို့ အမေရိကန်တရားရုံးက ဆင့်ခေါ်နေပါတယ်။ ဖိလစ်ပိုင်လူမျိုး Alexander Urtula အသက် ၂၂ နှစ်ဟာ နယူးဂျာစီပြည်နယ်မှာ နေထိုင်ပြီး ဘော်စတွန်ကောလိပ်မှာ ဇီဝဗေဒဘာသာရပ်အထူးပြုနဲ့ ကျောင်းတက်နေခဲ့ပါတယ်။ တစ်ချိန်ထဲမှာပဲ တောင်ကိုရီးယားလူမျိုး Inyoung You ဟာလည်း ဘော်စတွန်ကောလိပ်မှာ စီးပွားရေးဘာသာရပ်နဲ့ ကျောင်းတက်နေစဉ် ဆုံတွေ့ပြီး ချစ်ကြိုက်ခဲ့ကြပါတယ်။ သူတို့နှစ်ဦးရဲ့ ချစ်သူသက်တမ်း ၁၈ လ အတွင်းမှာ ကိုရီးယားမလေး You က […]

ကျိုးတော့မဲ့ အံဆုံးသွားက တအားနာကျင်လွန်းလို့ မသည်းခံနိုင်တော့ပဲ ကိုယ့်ကိုအဆုံးစီရင်ခဲ့တဲ့ အမျိုးသား

အင်္ဂလန်နိုင်ငံ Southampton မြို့မှာနေထိုင်တဲ့ အသက်38နှစ်အရွယ် Anthony Hoskins အမည်ရှိတဲ့အမျိုးသားဟာ သူ၏အံဆုံးသွားရဲ့ နာကျင်လွန်းလှတဲ့ဝေဒနာကို ဆက်ပြီးမသည်းခံနိုင်တော့တဲ့အတွက် ကိုယ့်ကိုကြိုးဆွဲချပြီး အဆုံးစီရင်မှုဖြစ်ပွားခဲ့ပါတယ် ။ ဒီနှစ်ရဲ့ အစောပိုင်း January လမှာကတည်းက Anthony ဟာ သွားနာနေတဲ့ဝေဒနာကို ခံစားနေခဲ့ရပြီး သွားဆရာဝန်ကိုသွားပြခဲ့ပါတယ် ။ သို့ပေမဲ့လည်း အံဆုံးသွားကို မနှုတ်ရသေးဘဲ ၊ သွားနှုတ်ဖို့အတွက် National Health Service မှာ စာရင်းပေးသွင်းခဲ့ပါတယ် ။ February လမှာမှ မိခင်ဖြစ်သူ Shirley က Anthony ရဲ့သွားနှုတ်မဲ့ကုသမှုစရိတ်အတွက် ငွေကြေးစတင်စုဆောင်းနေခဲ့ပြီး သွားနှုတ်ဖို့ ငွေကြေး £1,500 လိုအပ်နေခဲ့ပါတယ် ။ Anthony ဟာ သွားကိုနှုတ်ပစ်မဲ့အချိန်ကိုစောင့်နေခဲ့ပြီး ညတိုင်းနာကျင်မှုသက်သာပြီးအိပ်ပျော်နိုင်ဖို့အတွက် Whisky တစ်ခွက်အမြဲသောက်နေရပါတယ် ။ March […]

ပုံမှန်ထက်ပိုပြီးဆော့ကစားခဲ့မိလို့ လမ်းဘေးမှာတင်အသက်သေဆုံးသွားခဲ့ရတဲ့ စက်ဘီးသမား

အားကစားတိုင်းကတော့ ဘေးအန္တရာယ်ရှိကြတာပါပဲ ။ ဥပမာ လမ်းလျှောက်တာတို့ ၊ ပြေးတာတို့ ၊ စက်ဘီးစီးတာတို့ဆိုတဲ့အရာတွေက ကျန်းမာရေးညီညွတ်တယ်ဆိုပေမဲ့လည်း တစ်ခါတစ်လေမှာတော့ ကိုယ်လုပ်နိုင်တဲ့အတိုင်းအတာခံနိုင်ရည်ထက် ပိုပြီးလုပ်မိ ၊ လေ့ကျင့်မိရင်တော့ အမောစို့ပြီးအသက်သေဆုံးသွားတဲ့အဖြစ်မျိုးထိ ရောက်ရှိတတ်ပါတယ် ။ အခုတစ်လောမှာတော့ စက်ဘီးသမားတစ်ယောက်ရဲ့အဖြစ်အပျက်ဟာ အတော်လေးကိုလူပြောများနေပါတယ် ။ မကြာသေးခင်က မလေးရှားနိုင်ငံ ၊ Kulim မြို့ရှိ စက်ရုံတစ်ရုံ၏အရှေ့ဖက်မှာ အမျိုးသားတစ်ယောက်ဟာ သူ၏စက်ဘီးဘေးမှာ အထိုင်လျက်ဖြင့် သေဆုံးနေခဲ့တာကို ဖြတ်သွားဖြတ်လာတစ်ဦးက တွေ့ရှိခဲ့၍ ရဲစခန်းတို့အကြောင်းကြားခဲ့ရာမှ ရဲအရာရှိများကအခင်းဖြစ်ပွားရာနေရာသို့ အလျင်အမြန်ရောက်ရှိလာခဲ့ပါတယ် ။ Penang Kini အမည်ရှိတဲ့ အမျိုးသားတစ်ဦးက သူ၏ Facebook စာမျက်နှာပေါ်မှာ အဆိုပါဓာတ်ပုံကိုဝေမျှခဲ့ပြီး ၊ သေဆုံးသွားတဲ့ စက်ဘီးသမား၏ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာဒဏ်ချက်များလုံးဝတွေ့ရှိခြင်းမရှိသည့်အပြင် ထူးဆန်းသည့်လက္ခဏာများကိုပါတွေ့ရှိခဲ့ခြင်းမျိုးလုံးဝမရှိကြောင်း ဖော်ပြခဲ့ပါတယ် ။ နောက်ပိုင်းမှာတော့ သေဆုံးသွားခဲ့တဲ့စက်ဘီးသမား၏အမည်မှာ […]

သားသမီးတွေရှေ့မှာတင် ကိုယ့်ကိုအဆုံစီရင်ခဲ့တဲ့မိခင်ရဲ့ နာရေးပွဲအတွက်တောင် ပိုက်ဆံမရှိခဲ့တဲ့အဖြစ်

ပြီးခဲ့တဲ့ အောက်တိုဘာလ 19ရက်နေ့က Heidy Quah အမည်ရှိတဲ့အမျိုးသမီးဟာ အသုဘပွဲတစ်ခုအတွက် အလှူခံကောက်ယူနေတဲ့အစီအစဉ်တစ်ခုကို ဝေမျှခဲ့ပါတယ် ။ ထို့အပြင် ယခုကဲ့သို့သောအစီအစဉ်မျိုးက သူမရဲ့ပုံမှန်လုပ်နေကျလုပ်ငန်းမျိုးမဟုတ်တဲ့အပြင် ၊ သမားရိုးကျသေဆုံးမှုမျိုးမဟုတ်ဘဲ ကိုယ့်ကိုအဆုံးစီရင်မှုကြောင့် ယခုကဲ့သို့ အကူအညီတောင်းခံနေရတာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ် ။ ဖြစ်စဉ်ကတော့ Heidy ဟာ အဆိုပါကိုယ့်ကိုအဆုံးစီရင်ခဲ့တဲ့အမျိုးသမီးကို ပြီးခဲ့တဲ့အပတ်ကမှ မလေးရှားနိုင်ငံ ၊ Gombak ရဲ့လမ်းမတစ်နေရာမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ် ။ ၎င်းအမျိုးသမီးရဲ့ ရုန်းကန်လှုပ်ရှားနေရတဲ့ ဘဝအခြေအနေ နှင့် သူမခင်ပွန်းအကြောင်းများကိုကြားသိရပြီးနောက် Gombak ဟာအဆိုပါအမျိုးသမီးကို အဆင်ပြေတဲ့အချိန်ထိ သူမရဲ့ရုံခန်းမှာလာရောက်နေထိုင်ဖို့ ဖိတ်ခေါ်ခဲ့ပါတော့တယ် ။ ၎င်းအမျိုးသမီးဟာ အိမ်ထောင်ကျတဲ့အချိန်မှာမှ သူမရဲ့နှိပ်စက်ညှင်းပန်းလွန်းတဲ့ ခင်ပွန်းကြောင့် အတော်လေးကို ရုန်းကန်လှုပ်ရှားခဲ့ရပါတယ် ။ ခင်ပွန်းဖြစ်သူမှာ သူမကိုအကြွေးမြောက်များစွာဖြင့် ထားရစ်ခဲ့ပြီး သူမကိုစိတ်ဒဏ်ရာများစွာလည်း ပေးခဲ့ပါတယ် ။ သူမကို […]